"ယာ အလ္လာဟ် သောင်ဗာဟ်"
ကရာချီမှာ ကျွန်တော့်တပည့်တစ်ယောက်ရှိတယ်။ သူအေမာမ်လုပ်တဲ့ဗလီဘေးနားကအိမ်မှာ အမျိုးသမီးတစ်ယောက်ရှိတယ် အဲ့ဒီအမျိုးသမီးရဲ့ လုပ်ငန်းက မကောင်းတဲ့မိန်းကလေးတွေကို( supply ) ဖြန့်တဲ့အလုပ်ပေါ့။ ဘယ်လောက်အောက်တန်းကျတဲ့လုပ်ငန်းဆိုတာကြည့်ပါ။
ကျွန်တော်တပည့် အေမာမ်ဆဗ်က အဲ့ဒီမိန်းမကြီးရဲ့သားနဲ့သူငယ်ချင်းလုပ်လိုက်တယ်။ ပြီးတော့ကျွန်တော် ဘယန် ခွေတစ်ခွေပေးပြီနားထောင်ခိုင်းတယ်။အဲ့ဒါနဲ့အဲ့ဒီကောင်လေးကလည်းအိမ်သွားဖွင့်နားထောင်နေတော့ သူ့အမေကလည်း အလုပ်လုပ်ရင်းကိုင်ရင်း ဘယန်အသံကြားတော့ တစ်ဝက်တစ်ပျက်နားထောင်ဖြစ်သွားတယ်။
ခဏနေတော့သူ့အမေရောက်လာပြီး ပြန်ဖွင့်ခိုင်းတယ် ငါ့လည်းနားထောင်မယ်ဆိုပြီး နားထောင်တယ် ဘယန်ကို ပြီးသွားတော့ ထပ်ပြောတယ်သူ့သားကို နောက်တစ်ခါထပ်ဖွင့် လို့ပြောတယ် ပြီးသွားတော့ ထပ်ပြောတယ် သားနောက်တစ်ခါ ထပ်ဖွင့်စမ်းလို့ပြောတယ်။
နားထောင်ပြီးတော့ သူ့သားကိုမေးတယ် ဒီဆရာဘယ်သူလဲတဲ့ သူ့ကပြောတယ် ကျွန်တော်လည်းမသိဘူး ဘေးကဗလီဆရာပေးလိုက်တာလို့ပြောတော့ သူ့သားကိုခေါ်ပြီး ဗလီအရှေ့ကနေ ခွေပေးလိုက်တဲ့ ကျွန်တော်တပည့်အေမာမ်ဆဗ် အမ်ဂျဒ် ကိုသွားစောင့်နေတယ် ။ ရမာဇာန်ဆိုတော့ သရာဝီးဟ် ဖတ်နေကြတယ် ဖတ်ပြီးထွက်လာတော့ အေမာမ်ကိုမေးတယ် ဒီခွေက ဆရာဘယ်သူလဲမေးတော့ ကျွန်တော့်တပည့်က အဲ့ဒါ ကျွန်တော့်ဆရာလို့ဖြေတယ်။ ထပ်မေးတယ် သူ့နာမည်ဘယ်လိုခေါ်လဲမေးပြန်တယ်။ တပည့်ကပြန်ဖြေတယ် ဆရာနာမည်က ( သွာရီးက်ဂျမီးလ်) ပါ။
သူမကပြောတယ် ခွေထဲမှာ ဆရာကပြောထားတယ် ဘာဂုနာဟ်ပဲလုပ်လုပ် သောင်ဗာဟ်လုပ်ရင် အလ္လာဟ် မားဖ်လုပ်တယ်ပြောတယ် အဲ့ဒါတကယ်လားတဲ့ ..... ကျွန်တော်တပည့်က တကယ်ပါ သောင်ဗာဟ်လုပ်သူကို အလ္လာဟ် မားဖ်လုပ်ပါတယ်။
ထိုအမျိုးသမီးကထပ်မေးတယ် ကျမ ကိုရောမားဖ်လုပ်မှာတဲ့လားး ဆရာသိပါတယ် ကျမလုပ်ငန်းးကို တပည့်ကပြန်ဖြေတယ်။ သောင်ဗာဟ်လုပ်ရင်အလ္လာဟ် မားဖ်လုပ်ပါတယ်လို့ပြောတော့ ....
ထိုအမျိုးသမီးက အေမာမ်ကို သက်သေထားပြီး ချက်ချင်းပြောတယ် ကျမသောင်ဗာဟ် လုပ်တယ် ဆရာ့ကိုသက်သေထားပါတယ်ဆိုပြီးပြောပြီးထွက်သွားတယ်။
နောက်နေ့က ရမာဇာန်လမြတ်ရဲ့ ၂၉ ရက်ည ဗလီထဲက အမျိုးသမီးအဆောင်ထဲမှာ ငိုငိုအော်အော်ပြီး သောင်ဗာဟ် လုပ်နေတယ် နောက်ဆုံး သူမ စဂ်ျဒါဟ် ချပြီး အော်ပြီးပြောတယ်
" ယာ အလ္လာဟ် ကျမရဲ့ သောင်ဗာဟ်ကိုလက်ခံရင် ကျမကို ခေါ်ယူတော်မူပါ ကျမ ကိုခေါ်ယူတော်မူပါ ခေါ်ယူတော်မူပါ " သုံးကြိမ်တိုင်တိုင်ပြောပြီးး စဂ်ျဒါဟ် ထဲမှာ အလ္လာဟ် အမိန့်ခံသွားတယ်။
( အလ္လာဟ်ဟူအက္ကဗရ် )
တစ်သက်လုံး မကောင်းတဲ့အမျိုးသမီးတွေကို ဖြန့်တဲ့အလုပ်လုပ်ခဲ့တယ် သေခြင်းတရားရတော့ ရဗီယာဗစရာ သခင်မလိုမျိုးမေားသ် ရသွားတယ်။
အဲ့ဒါစစ်မှန်တဲ့သောင်ဗာဟ် သောင်ဗာဟ် ဝန်ချအမှားဝင်ခံခြင်းရဲ့ ရလဒ် ရမဇာန် ၂၉ ည စဂ်ျဒါဟ်ရဲ့ မေားသ်
အဲ့တော့ ညီအစ်ကိုမောင်နှမတို့ ဒီအစဉ်မှာရှိသူရော အွန်လိုင်းကတဆင့်ကြည့်နေသူတွေရော ဒီနေရာကနေ ကျွန်တော် တောင်းဆိုပါတယ် သောင်ဗာဟ်လုပ်ကြပါ။ အားလုံး ကျွန်တော်နဲ့အတူသောင်ဗာဟ် လုပ်ဖို့နိယသ်ပြုကြမယ်မလားးး ( အင်ရှာအလ္လာဟ်)
ကဲပြောကြ
" ယာ အလ္လာဟ် မေရီးသောင်ဗာဟ် ယာ အလ္လာဟ် မေရီးသောင်ဗာဟ် ယာ အလ္လာဟ် မေရီးသောင်ဗာဟ် " (အလ္လာဟ် ခွင့်လွှတ်ပါ)
အလ္လာဟ် ရဲ့ ကစမ် ဘယ်သူဒီစကားကို နှလုံးသားထဲကပြောမလဲ အားလုံးး မားဖ်
( မောင်လာနာ သွာရီးက် ဂျမီးလ် )
လေးစားလျက်
Saifullah Zaid အနဲကြီး
No comments:
Post a Comment