Saturday, June 18, 2016

စူရာဟ် ဘကရာဟ် (2:::11=12)

စူရာဟ် ဘကရာဟ် (2:::11=12)
وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا۟ فِى ٱلْأَرْضِ قَالُوٓا۟ إِنَّمَا نَحْنُ مُصْلِحُونَ﴿١١﴾
2|11| ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။
أَلَآ إِنَّهُمْ هُمُ ٱلْمُفْسِدُونَ وَلَٰكِن لَّا يَشْعُرُونَ﴿١٢﴾
2|12| (အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
ဘာသာပြန်
မော်လဝီ မင်းထက်အောင်
Ahmad Mgk

No comments:

Post a Comment