ဤလမြတ်သည် ကိယာမသ်နေ့၌ ရိုဇဟ်ထားသူများအဖို့ အတည်ပြုခြင်းခံရသော ရှဖာအသ် ( ကြားဝင် အသနားခံ၊ ပန်ကြားခွင့်) ပြုပေမည်။
• ဤလမြတ်၏ နောက်ဆုံးည၌ ရိုဇဟ်စောင့်သူအပေါင်းအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလေသည်။
• ရိုဇဟ်စောင့်သူသည် အရှင်မြတ်၏ ဧည့်သည်ဖြစ်ရာ လူအများ စစ်ဆေးခံရချိန်တွင် ၄င်းတို့သည် စားသောက်လျက် သာယာချမ်းမြေ့စွာ ရှိနေကြမည်။
• ဤလမြတ်၌ အရရှ်တော်ထိန်း ဖရိရှ်သာများသည် မိမိတို့ အိဗာဒသ်ကိုစွန့်၍ ရိုဇဟ်သည်များ၏ဒိုအာတွင် အာမီးန်ဆိုကြရန် အမိန့်ပေးခြင်းခံရ၏။ (ဗိုင်ဟကီကျမ်း)
• ဤလမြတ်၏ ပထမ (၁ဝ)ရက်သည် ရဟ်မသ်၊ ဒုတိယ (၁ဝ)ရက်သည် မဂ်ဖိရသ်၊ နောက်ဆုံး (၁ဝ)ရက်သည် ဂျဟန္နမ်မှ လွတ်မြောက်ခြင်းပင်ဖြစ်သည်။
• ဤလမြတ်၌ နဖိလ် ဖတ်ခြင်းသည် အခြားလ၌ ဖရပ်ဇ်ကဲ့သို့၊ ဖရပ်ဇ် (၁)ကြိမ်သည် အခြားလ၏ ဖရပ်ဇ် (၇ဝ) ကြိမ်ဖတ်သည်ထက် ပို၍အကျိုးရ၏။ (ဗိုင်ဟကီကျမ်း)
• ရိုဇဟ်သည် ငါအရှင်မြတ်အတွက် ဖြစ်သည်။ ငါအရှင်မြတ်ကပင် ယင်းရိုဇဟ်၏ အကျိုးစဝါးဗ်ကို ချီးမြှင့်တော်မူမည်။ (ဟဒီစေကွဒ်စီ)
No comments:
Post a Comment