အချိန်ပေးပီးတစ်ခါလောက်ဖြစ်ဖြစ်ဖတ်ကြည့်ပါ!!!
••••••••••••••••••••••••••••••••••••••••••••••••••
မော်လာနာသွရိက်ဂျမီလ်းဆွာဟိဘ်၏ဗယာန်းတစ်ပုဒ်မှဘာသာပြန်တင်ပြခြင်းဖြစ်ပါသည်။
အထင်နှင့်အမြင်
••••••••••••••••••
آج کےمسلمان اپنےآپکو ولی سمجھتےہے.
لیکن دوسروں کو بدنظری سےدیکھتےہے.
پھر اسی کوگناہ بھی نہ مانے..
ہائ ہائ افسوس!!!!!
ယနေ့မွတ်စလ်မာန်များသည် မိမိကိုယ်မိမိ
သူတော်စင်ဟုမှတ်ယူ၍
တစ်ပါးသူအားမကောင်းသောအကြည့်ဖြင့်
အထင်သေးစွာကြည့်ကြသည်။
အဘယ်မျှဝမ်းနည်းဖွယ်ရာပါနည်း!!!!!!
ဆရာကြီးကအကြောင်းအရာလေးတစ်ခု
တင်ပြသည်။
တန်ဖိုးထားတတ်သူအတွက်တော့
တန်ဖိုးရှိပေလိမ့်မည်။
တစ်နေ့ ပုဂ္ဂိုလ်သုံးဦးခရီးအတူတူသွားကြသည်။
လမ်းတစ်ဝက်လယ်ကွင်းပြင်တစ်ခုအရောက်တွင်
လေနီကြမ်းများတိုက်ခတ်ကာမိုးကောင်းကင်
သည်မဲမှောင်သွားလေသည်။
လျှပ်စီးကြောင်းများတဖွားဖွားပေါ်လာ၍
မိုးခြိမ်းသံများသည်ဆက်ခါဆက်ခါပေါ်ထွက်လာ
လေသည်။
ထိုအခါ ပုဂ္ဂိုလ်သုံးဦးမှ
တစ်ဦးသည်"မိတ်ဆွေတို့ ရာသီဥတုဤမျှ
ပူပြင်းနေတဲ့ နွေခေါင်ခေါင်မှာ
လေနီကြမ်းတိုက်ပီး လျှပ်စီးတွေတဖျပ်ဖျပ်လက်
နေတာမရိုးသားဘူးး။
မဟုတ်မှလွဲရော အရှင်မြတ်သခင်
ကျွန်ုပ်တို့သုံးဦးထဲမှ တစ်ဦးဦးရဲ့
ကြီးမားတဲ့ ဂုနဟ်တစ်ခုခုကြောင့်
စိတ်ဆိုးပီး အဇာဗ်းချလိုက်ပီထင်တယ်"
ထိုအခါ ကျန်2ဦးထဲမှတစ်ဦးက
"ဖြစ်နိုင်တယ် ညီနောင်"ဟုပြောလေသည်။
ထိုအခါ အားလုံးထိုင်၍မရှ်ဝါရဟ်လုပ်ကြသည်။
မရှ်ဝါရဟ်၌ ဖိုင်ဆွလဟ်ကို ဤကဲ့သို့သတ်မှတ်
လိုက်လေသည်။
ထီးထီးကြီးဖြစ်နေသောလယ်ကွင်းပြင်ထဲတွင်
အပင်တစ်ပင်ရှိသည်။
သုံးဦးထဲမှတစ်ဦးခြင်းထွက်ကာ
လယ်ကွင်းကိုဖြတ်၍ထိုသစ်ပင်အား
လက်ဖြင့်သွားပုတ်ရမည်။
အကယ်၍ အရှင်မြတ်စိတ်ဆိုးနေသူဖြစ်ပါက
လယ်ကွင်းပြင်ထဲတွင် ထိုသူ့အား
အဇာဗ်းချလိုက်ပေမည် ဟုဆုံးဖြတ်ချက်
ချလိုက်လေသည်။
ထိုအခါ ပထမဦးဆုံးခရီးဖေါ်တစ်ယောက်
စ၍ထွက်ကာ လယ်ကွင်းပြင်ထဲဖြတ်လျောက်ပီး
သစ်ပင်အားသွားထိလေသည်။
ထိုစဉ်လေတိုက်နှုန်းမှာအနည်းငယ်လျော့ပါးသွား၏။
သစ်ပင်ကိုထိပီးအုပ်စုထဲပြန်လာလေသည်။
ဒုတိယခရီးဖေါ်လဲအလှည့်ကျထွက်ကာ
လယ်ကွင်းဖြတ်၍သစ်ပင်ကိုထိလိုက်လေသည်။
ထိုအခါမိုးချိန်းသံများရပ်တန့်သွားသည်။
ပီးနောက်မိမိမိတ်ဆွေများရှိရာသို့ပြန်လာလေသည်။
အုပ်စုထဲပြန်ရောက်ချိန်တွင် နောက်ဆုံးကျန်သော
ခရီးဖေါ်အား မကောင်းသည့်အကြည့်
နှိမ်ချသည့်အကြည့်တို့ဖြင့်စိတ်တွင်းဝယ်
ကိုယ်စီပြစ်တင်ဝေဖန်မှုများလုပ်နေခဲ့သည်။
"ငါတို့တော့လွတ်သွားပီ!!!
ဒီကောင်ကြောင့်အဇာဗ်းလာတာ။
ခုတော့မတတ်နိုင်ဘူးးး။မင်းအပြစ်နဲ့မင်းခံ
ပေတော့"ဟု စိတ်အတွင်းမှ သူတို့အဇာဗ်းမှလွတ်
သွားခြင်းအပေါ်ပျော်ရွှင်ကာ ကျန်ရှိသော
ခရီးဖေါ်အား ခနဲ့သည့်အကြည့်ဖြင့်
ကြည့်နေကြသည်။
"ဟေ့ကောင် မင်းဘာလုပ်နေတာလဲ
သွားလေ မင်းအလှည့်လေ!!တွန့်ဆုတ်တွန့်ဆုတ်
လုပ်မနေနဲ့ အချိန်မရှိဘူးးးခရီးဆက်ရဦးမယ်"ဟု
လေသံမာမာဖြင့်နှစ်ဦးစလုံးကဝိုင်းအော်လေသည်။
သူတို့အထင်က ကျန်ရှိသောခရီးဖေါ်သည်
ကျိန်းသေ အကုသိုလ်ကျူးလွန်ထားသူ
ဂုနဟ်ဂရ်ဟုထင်နေကြသည်။
ထိုအခါ နောက်ဆုံး ပုဂ္ဂိုလ်သည်လည်း
ချွေးစီးချွေးပေါက်များကြခါ
တုန်ရီနေပေသည်။
သို့သော်လဲ မရှ်ဝါရဟ်အရဆုံးဖြတ်ထား
သည်မို့ငြင်းဆန်၍မဖြစ်နိုင်ချေ။
ယခုလယ်ကွင်းထဲသို့ခြေချလိုက်သည်နှင့်
လေနီကြမ်းများအပြင်းအထန်တိုက်ခတ်ကာ
လျှပ်စီးများလက်လာလေတော့သည်။
ကြောက်စိတ်များတဖွားဖွားဖြင့်မျက်စိစုံမှတ်ကာ
နှလုံးသားထဲ၌
"အိုအရှင် ကျွန်တော်မျိုး၏ပြုလုပ်ခဲ့သမျှ
အကုသိုလ်အပေါင်းမှသောင်ဝ်ဗဟ်လုပ်ပါတယ်။
အရှင်ခွင့်လွှတ်တော်မူပါ"ဟု
နှုတ်မှတဖွားဖွားရွတ်ကာ အိစ်သိဂ်ဖါရ်လုပ်ပီး
သစ်ပင်ရှိရာသို့သွားလေသည်။
ခြေတစ်လှမ်းတိုးတိုင်း လေကပိုပိုတိုက်လာပီး
လျှပ်စီးကြောင်းများနှင့်မိုးချိန်းသံများ
ပို၍ဆူညံလာလေသည်။
ကျန်ခဲ့သော ခရီးဖေါ်2ဦးက
လက်ပိုက်ကာ "ကျိန်းသေ ဒီကောင်တော့
အဇာဗ်းခံရမှာပဲ"ဟု တွေးနေမိသည်။
သစ်ပင်ကြီးအနားရောက်သည်နှင့်
ထိုပုဂ္ဂိုလ် သည်ကြောက်လန့်စိတ်များဖြင့်
ကလေမာဖတ်ကာ
စိုးရိမ်တကြီ်း
လက်များတုန်ရီစွာဖြင့်သစ်ပင်ကြီးအား
ထိလိုက်လေတော့သည်။
ထိုအခါခြောက်ခြားစရာ မိုးချိန်းသံများဆူညံ၍
အသံနက်ကြီးဖြင့် "ဂျိန်းး"ဆိုပီးမိုးကြိုး
ပစ်ချလိုက်ပါတော့သည်။
ထိုမိုးကြိုးသည် သစ်ပင်အားထိသောသူအပေါ်
ကျမလာပဲ ကျန်ခဲ့သောခရီးဖေါ်2ယောက်အား
ပြင်းထန်စွာဖြင့်ဝါးမျိုလိုက်လေသည်။
စွတ်ဘ်ဟားနလ်လာဟ်!!!!!
မှတ်ထားပါ သူတော်စင်တို့
မိမိကတော့ ကိုယ်ကိုကိုယ်အဟုတ်ကြီးမှတ်ပီး
ဂုနဟ်မလုပ်ဘူးလို့ထင်နေရပေမယ့်
တကယ် ဂုနဟ်ဂါရ်က မိမိကိုယ်တိုင်ဖြစ်နေတတ်တယ်။
ဘယ်အုပ်စုမှာ သူတော်စင်အလ္လာဟ်ဝါလာတွေ
ရှိမလဲ ထိုအုပ်စုအပေါ်အလ္လာဟ်ရဲ့
အဇာဗ်းကဝေးဝေးရှောင်တယ်။
သို့သော် အဲဒီအုပ်စုကနေ
ဘယ်အချိန် အလ္လာဟ်အချစ်တော်
ခွဲထွက်သွားပီလဲ အဲဒီအချိန်
ထိုဂုနဟ်မှာနစ်မွန်းနေတဲ့
အုပ်စုအပေါ်အလ္လာဟ်ရဲ့အဇာဗ်းက
မိုးပြိုသလိုဆင်းသက်လာပေလိမ့်မယ်။
ဒါကြောင့်မိမိကိုယ်ကိုသာ
သူတော်စင်ဟုအထင်တွေကြီးနေပီး
အခြားမုစလ်မာန်ကိုဂုနဟ်ဂါရ်လို့
ပြစ်တင်နေမည်ဆိုလျှင်တော့
အဇာဗ်းဖိတ်ခေါ်မှုမှာလက်ထည့်လိုက်ပီသာ
မှတ်လိုက်ပေတော့။
အရှင်မြတ်သခင် ကျွန်ုပ်တို့အားလုံးအား
မိမိကိုယ်ကိုအထင်ကြီးခြင်း
တစ်ပါးသူအားအထင်သေးခြင်းမှ
ထိန်းသိမ်းစောင့်လျောက်တော်မူပါစေ။
အာမီန်းးးးးး။
•••••••••••••••••••••••••••••••••••••••••••••••••••••
တင်ပြသူ......
Bandahh
Admin Shre E Islaam....
့
No comments:
Post a Comment