Tuesday, June 7, 2016

လမြတ်ရမဿွာန်နှင့် ရိုဇဟ် (ဥပုသ်)ဆိုင်ရာ ထူးမြတ်မှုများ (အပိုင်း__2)


• ဤလမြတ်၌ ကုရ်အာန်ကျမ်းမြတ် ကျရောက်၏။ (ကုရ်အာန်)
• ဤလမြတ်၌ အရှင်မြတ်က အထူးရဟ်မသ်တော်ကို ချပေးတော်မူ၏။ (သုဗ်ရာနီ)
• ဤလမြတ်၌ ဂျန္နသ်၏တံခါးများ ဖွင့်ထား၏။ (အဟ်မဒ်ကျမ်း)
• ဤလမြတ်၌ ဂျဟန္နမ်၏တံခါးများ ပိတ်ထားလိုက်၏။ (သိရ်မေဇီကျမ်း)
• အရ်ရိုင်ယာန်မည်သော ဂျန္နသ်တံခါးကို ရိုဇဟ်သည်အဖို့ ဖွင့်ပေးထားလေသည်။ ရိုဇဟ်သည် အိဗာဒသ် အပေါင်း၏ တံခါးဖြစ်သည်။
• ဤလမြတ်၌ ရှိုင်သွာန်နှင့် ဆိုးသွမ်းသောဂျင်န်များ ချုပ်နှောင်ခြင်းခံရ၏။ လဆန်းမှ လကုန်အထိ၊ ဖဂျရ်ချိန်မှ နေဝင်ချိန်ထိ မလာအိကဟ် (၇)သောင်းသည် ရိုဇဟ်သည်များ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုပန်ကြသည်။ (ဗိုင်ဟကီကျမ်း)

• ဤလမြတ်၌ နေ့ညပြုသော ဒုအာတစ်ရပ်ကို မုချအတည်ပြုမည်။ (ဗဇ္ဇာရ်)

• ဤလမြတ်၌ မုအ်မင်န်၏ စားနပ်ရိက္ခာမြှင့်တင် တိုးပွားပေးသည်။ (ဗိုင်ဟကီကျမ်း)

• ဤလမြတ်၌ အရှင်မြတ်ထံတော်မှ
ဂျဟန္နမ်အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုလေသည်။ (အဟ်မဒ်ကျမ်း)

No comments:

Post a Comment