Monday, June 6, 2016

ရမဇာန်လ၏ထူးမြတ်မှုများ

ရမဇာန်လ၏ထူးမြတ်မှုများ.
**••••••••••••••••••••**

ဟဇရသ် စလ်မာန်(ရသွေ့) ကဆင့်ပြန်ခဲ့သည်။

တမန်တော်မြတ်(ဆွ)သည် ရှအ်ဗာန်လ၏နောက်ဆုံး
ရက်တွင် ကျွန်ုပ်တို့အား ဤသို့တရားဟောကြားတော်
မူပေသည်။

အို.....လူသားအပေါင်းတို့ အသင်တို့အပေါ်သို့
အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော လတစ်လ
ရောက်ရှိလာချေပြီ။
(ထိုလသည်) လွန်စွာ ဗရ်ကသ်မင်္ဂလာ ရှိသောလဖြစ်သည်။
ယင်းလတွင် လပေါင်းတစ်ထောင်ထက် မွန်မြတ်သော ညတစ်ည (ကဒရ်ည) လည်းပါဝင်၏။

အလ္လာဟ်(سبحا نه وتعالى ) သည် ယင်းလ၌ ရိုဇာဟ်
ဆောက်တည်ခြင်းကို ဖရပ်ဇ်တာဝန်အဖြစ် သက်မှတ်ပြဌာန်းတော်မူ၍ ယင်းလ၏ညများ၌
အေဗာဒသ်ပြုခြင်း(ဝါ) သရာဝီဟ်နမာဇ်ဖက်ခြင်းကို
ကောင်းမှုကုသိုလ်အဖြစ် သက်မှတ်တော်မူသည်။

မည်သူမဆိုယင်းလ၌ ကောင်းမှုတစ်ခုကိုပြုလုပ်၍
အလ္လာဟ်(سبحا نه وتعالى  )နီးစပ်မှုကိုရယူခဲ့သော်
ထိုသူသည် အခြားလ၌ ဖရပ်ဇ်တာဝန်တစ်ရပ်ကို
ဆောင်ရွတ်သည်နှင့်အလားတူ၏။

ထိုနည်းတူစွာ မည်သူမဆို ယင်းလ၌ ဖရပ်ဇ်တာဝန်
တစ်ရပ်ရပ်ကို ဆောင်ရွတ်ခဲ့သည်ရှိသော် ထိုသူသည်
အခြားလ၌ ဖရပ်ဇ်တာဝန် (၇၀) ကိုဆောင်ရွတ်သကဲ့သို့ဖြစ်၏။

ယင်းလသည် ဆွဗရ် သည်ခံခြင်းထားရသောလဖြစ်သည်။
ဆွဗရ်၏အစားက ဂျန္နသ်ပင်ဖြစ်သည်။
ယင်းလသည် ကိုယ်ချင်းစာတရား ထားရှိရမည့်လဖြစ်
သည်။

ယင်းလတွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့
အတွက် ရိုဇီရိက္ခာတိုးပွားပေးသနားတော်မူသည်။

မည်သူမဆို ယင်းလ၌ ရိုဇာဟ်စောင့်ထိန်းသူတစ်ဦးဦး
အား အစ်ဖ်သာရ် ဝါဖြေစေခဲ့လျှင် ထိုသူသည် အပြစ်များမှလွတ်ငြိမ်းခွင့်ရသည့်အပြင် ဂျဟန္နမ်မှလည်းလွတ်မြောက်မည်ဖြစ်သည်။
ထိုမှတစ်ပါး ရိုဇာဟ်စောင့်ထိန်းသူနှင့် ညီတူညီမျှ
အကျိုးစဝါးဗ်လည်းရရှိပေဦးမည်။
သို့ရာတွင် ရိုဇာဟ်စောင့်ထိန်းသူ၏ အကျိုးဆဝါးဗ်မှာ
လည်း အနည်းငယ်မျှ လျှော့နည်းသွားမည်မဟုတ်ပေ။

ဤသည်တွင် ဆွဟာဗာဟ်(رضي الله عنھم  )
များက 'ယာ ရစူလွလ္လာဟ်(صلي الله عليه وسلم  )
ကျွန်တော်မျိုးတို့အနတ် လူတိုင်း၌ ရိုဇာဟ်စောင့်ထိန်း
သူအားကျွေးမွေးနိုင်လောက်အောင် တတ်စွမ်းနိုင်ခြင်းမရှိပါ' ဟု လျှောက်ထားကြရာ
ရစူလွလ္လာဟ်(صلى الله عليه وسلم  )က
(ဤအကျိုးဆဝါးဗ်ရရှိရန်အတွက် အဝကြွေးရန်မလို)
စင်စစ်မည်သူမဆို ရိုဇာဟ်စောင့်ထိန်းသူတစ်ဦးဦးအား စွန်ပလွံသီးတစ်လုံး သို့မဟုတ် ရေ သို့မဟုတ် နို့ချဉ်တစ်ငုံမျှဖြင့် ဝါဖြေစေခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်း   အား ဤအကျိုးဆဝါးဗ်
ကို ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။

ဤလမြတ်၏ပထမပိုင်း (၁၀ရက်ကာလသည်)
ရဟ်မာသ်ကရုဏာတော် ကျရောက်သော ရက်များဖြစ်၍ အလယ်ပိုင်း(၁၀ရက်)မှာ မဂ်ဖေရသ်
လွတ်ငြိမ်းချမ်းသာခွင့် ရရှိသောရက်များဖြစ်သည်။
နောက်ပိုင်း(၁၀ရက်)မှာ ဂျဟန္နမ်မီးမှ လွတ်မြောက်သောရက်များဖြစ်၏။

မည်သူမဆိုဤလ၌ မိမိကျွန်(သို့မဟုတ် အခိုင်းအစေ)
၏ တာဝန်ကိုပေါ့ပါးစေခဲ့သည်ရှိသော် အလ္လာဟ်
(سبحا نه وتعالى )
သည် ယင်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူ၍
ဂျဟန္နမ်မှ လွတ်မြောက်စေတော်မူမည်။

အသင်တို့သည် ဤလ၌ လေးခုသောကောင်းမှုကို
များစွာပြုကြလေကုန်။
၎င်း   တို့အနတ်နှစ်ခုမှာ မိမိအရှင်မြတ်အားနှစ်သက်
စေရန်ဖြစ်၍ နှစ်ခုမှာ အသင်တို့၌ မရှိမဖြစ်သော
အချက်များဖြစ်၏။
မိမိအရှင်မြတ်အား ကျေနပ်နှစ်သက်စေရန်နှစ်ရပ်မှာ
ကလေမာဟ်သွိုင်ယေဗဟ်နှင့် အစ္စသစ်ဂ်ဖာရ်
ပွားများခြင်းဖြစ်၍ အသင်တို့၌ မလုပ်မဖြစ်သော
နှစ်ချက်မှာ ဂျန္နသ်ကိုတောင်းခံခြင်းနှင့် ဂျဟန္နမ်မှ
ကင်းလွတ်ရန် အသနားခံပန်ကြားခြင်းဖြစ်၏။

မည်သူမဆို ရိုဇာဟ်စောင့်သူတစ်ဦးဦးအား
ရေတိုက်ကျွေးခဲ့သော အလ္လာဟ်(سبحا نه وتعالى  )
သည် ကေယာမသ်နေ့တွင် ထိုသူအား ငါကိုယ်တော်မြတ်၏ ရေကန်မှရေကိုတိုက်ကျွေးတော်
မူမည်။
ထိုရေကိုသောက်သုံးခြင်းအားဖြင့် ဂျန္နသ်သို့ဝင်ရောက်သည်အထိ ရေငက်လိမ့်မည်
မဟုတ်ပေ။

(ဖဇာအေလေ ရမဇာန်ကျမ်း)

ထိုထူမြတ်မှုနှင့်အကျိုးကျေးဇူးများကိုမက်ထား၍
ရမဇာန်လမြတ်၌ ကောင်းမှုအအ်မာလ်များပွားများ
နိုင်ကြပါစေ....

No comments:

Post a Comment