• (ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်)ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသားခပ်သိမ်း တို့အဖို့တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ တရားလမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ [၂]
• လမြတ်ရမဿွာန်၌ ကုရ်အာန်ကျမ်းမြတ်သည် လောင်ဟေမဟ်ဖူးဇ် မှ မိုးကောင်းကင် ပထမထပ်သို့ အစအဆုံး ကျရောက်ခဲ့၏။ ၄င်းအပြင် ကုရ်အာန်ကျမ်းမြတ်နှင့် လမြတ်ရမ်ဇာန်သည် အလွန်ပင် အပ်စပ်မှုရှိသည်။ ထိုကြောင့် ဤလမြတ်၌ အချိန်များစွာကို ကျမ်းမြတ်ရွတ်ဖတ်ခြင်းတွင် တတ်နိုင်သမျှကုန်ဆုံးစေသင့်သည်။ [၃]
• ရှရ်ဟေအေဟ်ယာအုလ်အုလူမ်ကျမ်းတွင် အိမာမ်အဘူဟနီဖဟ်သခင်က တစ်နှစ်လျှင် (၂) ကြိမ် အစ-ဆုံး ခသမ်ပြီးအောင်ဖတ်ရန်မှာ ကုရ်အာန်ကျမ်းမြတ်၏ရပိုင်ခွင့်ဖြစ်ကြောင်း ဖော်ပြထားပေသည်။ [၃]
• တမန်တော်မြတ်သည် လမြတ်ရမဇာန်တွင် ဟဇ်ရသ်ဂျိဗ်ရာအီလ်နှင့် ကုရ်အာန်ကျမ်းမြတ်ကို အစအဆုံး ပြန်လည် ဖတ်ရွတ်တော်မူလေ့ရှိခဲ့သည်။ ထိုကြောင့် မိမိစွမ်းနိုင်သမျှ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ရမည်။
• အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်၏ အက္ခရာတစ်လုံးကို ရွတ်ဖတ်လျှင် ၄င်းသည် ကောင်းမှုတစ်ခုကို ရရှိပေသည်။ ၄င်းကောင်းမှုတစ်ခု၏အစား အကျိုးစဝါးဗ် (၁ဝ) ခုဖြစ်သည်။ အလစ်ဖ်လာမီမ်မှာ အက္ခရာ တစ်လုံးဟု ကျွန်ုပ်မဆိုလို။ အလစ်ဖ်သည် အက္ခရာတစ်လုံး၊ လာမ်သည် အက္ခရာတစ်လုံး၊ မီမ်သည် အက္ခရာ တစ်လုံးဖြစ်ပေသည်။ ဆိုလိုသည်မှာ ၄င်းသည် အက္ခရာသုံးလုံးဖြစ်၍ ကောင်းမှုအကျိုးစဝါးဗ် (၃၀)ကို ရရှိပေသည်။ [၄]
• အိမာမေအအ်ဇမ် အိမာမ်အဘူဟနီဖဟ်သည် ရမ်ဇာန်လမြတ်၌ နေ့တွင်တစ်ကြိမ်၊ ညတွင်တစ်ကြိမ်၊ တစ်လလုံးအတွင်း သရာဝီဟ်၌ တစ်ကြိမ်၊ စုစုပေါင်း ခြောက်ဆယ့်တစ်ကြိမ် ခသမ်ပြုလေ့ရှိကြောင်း လာရှိ၏။ အလားတူ အိမာမ်ရှာဖိအီသည်လည်း လမြတ်ရမဇာန်၌ နေ့စဉ် ခသမ်နှစ်ကြိမ်ပြုလေ့ရှိသည်။ [၅]
ကျမ်းကိုး။ ။
[၁] အလ်မအာရစ်ဖ် စာစောင် ဟစ်ဂျရီ ၁၄၂၄။
[၂] (ကုရ်အာန် စူရဟ် ဗကရဟ် ၂း ၁၈၅) ကုရ်အာန် အလင်းပြကျမ်း။
[၃] လမြတ်ရမဒွါန် (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၄] (သိရ်မေဇီကျမ်း၊ ဟဒီးဆ် အမှတ် ၂၉၁၀) မွန်သခဗ် အဟာဒီးဆ်ကျမ်း မြန်မာဘာသာပြန်။
[၅] ဖဇာအေလေ အအ်မာလ်ကျမ်း၊ မြန်မာဘာသာပြန်၊ စာ-၈၆-၈၇
No comments:
Post a Comment