Saturday, June 11, 2016

သရာဝီနမာဇ်၏ တစ်ရက်ချင်းထွဋ်မြတ်မှု..

သရာဝီနမာဇ်၏ တစ်ရက်ချင်းထွဋ်မြတ်မှု..cd
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
၁။ တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသကဲ့သို့
အပြစ် (ဂုနဟ်) အပေါင်းမှကင်းစင်တော်မူလိမ့်မည်။

၂။ နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်းနှင့်တကွမိဘနှစ်ပါးလုံး (အီမာန်ရှင်) ဖြစ်ပါက အပြစ် (ဂုနဟ်) အပေါင်းမှ ချမ်းသာလွတ်ငြိမ်းခွင့်ရရှိလိမ့်မည်။

၃။ သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ (အရ်ရှ်) ပလ္လင်တော်အောက်မှ ကောင်းကင်တမန်တစ်ပါး ကြွေးကြော်မည်မှာ “အို-အီမာန်ရှင်
သင်ရဲ့ (အအ်မာလ်)ကို အလ္လာဟ်အရှင်မြတ်အတွက်သာပြုကျင့်ပါမူ သင်၏ယခင်
မကောင်းမှုများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလိမ့်မည်။

၎။ လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကောင်းကင်ကျကျမ်းကြီးများဖြစ်သော (၁) သောင်ရားသ်ကျမ်း (၂) အင်န်ဂျီလ်ကျမ်း (၃) ဇဗူရ်ကျမ်း (၄) ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းများကို သိလာဝသ်ပြုသကဲ့သို့ အကျိုးကျေးဇူးတော်များ ရရှိပေမည်။

၅။ ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မတ်စ်ဂျိဒေဟရာမ် နှင့် မတ်စ်ဂျိဒေအက္ကဆွာဗလီဝတ်ကျောင်းတော်ကြီးများ၌ နမာဇ်ဝတ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၆။ ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည်
ဗိုင်သွလ်မအ်မူးရ်ကျောင်းတော်ကြီးကို သွဝါးဖ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

No comments:

Post a Comment