ဟဒီးစ်တော်တစ်ပုဒ်တွင်တမန်တော်မြတ်(ဆွလ္လလားဟုအလိုင်းဟိဝစလမ်)မိန့်တော်မူသည်မှာ Allah သျှင်မြတ်ထံပါး၌ဒုအာထက်ပို၍အခြားအ ရာများ၏ကောင်းခြင်းဟု၍မရှိပေ။ နောက်ဟဒီးစ်တော်တစ်ပုဒ်တွင်တမန်တော်မြတ် (ဆွလ္လလားဟုအလိုင်းဟိဝစလမ်)မိန့်တော်မူ သည်မှာအကြင်သူတယောက်ကဤကဲ့သို့လိုလားတယ် Allah သျှင်မြတ်ကသူရဲ့ဒုအာကိုဒုက္ခ အခက်ခဲအချိန်မှာကဗူလ်လုပ်ရမယ်ဆိုရင်ထိုသူကကောင်းမွန်ပျော်ရွှင်နေတယ့်အချိန်မှာလဲများများဒုအာလုပ်ရမယ်။ နောက်ထက်ဟဒီးစ်တော်တစ်ပုဒ်တွင်တမန် တော်မြတ်(ဆွလ္လလားဟုအလိုင်းဟိဝစလမ်)မိန့် တော်မူသည်မှာဒုအာကမုအ်မင်န်တွေရဲ့လက်နက်ဖြစ်တယ်/သာသနာရဲ့မဏ္ဌန်တိုင်ဖြစ်တယ်/ မိုးကောင်ကင်နဲ့မြေပထဝီရဲ့နူဒ်ဖြစ်တယ်။ နောက်ဟဒီးစ်တော်တစ်ပုဒ်တွင်တမန်တော်မြတ်(ဆွလ္လလားဟုအလိုင်းဟိဝစလမ်)မိန့်တော်မူသည်မှာအကြင်သူကAllahသျှင်ထံတော်၌တောင်းခံခြင်းမပြုလျှင်Allahသျှင်မြတ်သည်ထိုသူအားစိတ်ဆိုးတော်မူသည်။ နောက်ဟဒီးစ်တော်တစ်ပုဒ်တွင်မိန့်တော်မူသည် မှာဒုအာဆုတောင်းခြင်းသည်အီဘာဒသ်ခဝပ်ကိုး ကွယ်မူ၏အနှစ်သရဖြစ်သည်။ [အီမာန်ရှင်အပေါင်းတို့ကြည့်ကြပါ Allah သျှင် မြတ်ကမတောင်းရင်စိတ်ဆိုးတော်မူတယ်။လူ တွေကတောင်းရင်စိတ်ဆိုးတယ်။အိုAllah သျှင် မြတ်အီမာန်ရှင်တိုင်းကို Allah သျှင်မြတ်ကလွှဲ၍ အခြားသူများရှေ့မှာလက်ဖြန့်ခြင်းမှကာကွယ် ပေးသနားတော်မူပါ။] {Aameen}
No comments:
Post a Comment