Wednesday, May 4, 2016

ဘ၀သင်​ခန်းစာ

❦ လောကမှာ အောင်မြင်တဲ့သူဖြစ်ချင်ရင် ၃ခုသောအရာကို လျော့လုပ်ပါ ❦

၁။စောင့်မျှော်ခြင်း
၂။အားကိုးအားထားခြင်း
၃။ရင်ထဲကစကားကိုထုတ်ဖော်ခြင်း

❦ ဘဝသက်တမ်း လှလှပပ ကုန်ဆုံးချင်ရင် ၃ခုသောအရာပေါ် လိုက်နာကျင့်သုံးပါ ❦

၁။ ကျမ်းမြတ်ကုရ်အာန်
၂။ ကိုယ်တော်မြတ်ကြီး ( صلی اللّہ علیہ وسلم ) ၏ စွန္နသ်လမ်းစဉ်
၃။တစ်ပါးသူ၏ နဆွီဟသ် ဆိုဆုံးမမှု

❦ အေးအေးချမ်းချမ်း နေချင်ရင် အလုပ်၃ခုကိုလက်မနှေးပါနှင့် ❦

၁။ ဖရ်သ်ွတာဝန်ထိုက်သောလုပ်ရပ်များ
၂။တစ်ပါးသူ၏အကြွေး
၃။ ထိမ်းမြားလက်ထပ်ခြင်း

❦ နောင်တမရချင်ရင် ၃ခုသောအရာအား ထိန်းသိမ်းထားပါ ❦

၁။ လျှို့ဝှက်ချက်
၂။နှုတ်လျှာ
၃။အရှက်သိက္ခာ

❦ အဖော်မဲ့မဖြစ်ချင်လျှင် ၃ခုသောအရာအား မိတ်ဆွေဖွဲ့ပါ ❦

၁။ ကောင်းသောအအ်မာလ်များ (ကျင့်စဉ်)
၂။ ကောင်းမွန်သောစာရိတ္တ
၃။စာအုပ်စာပေ

No comments:

Post a Comment