Tuesday, May 10, 2016

ထာဝရ ခွဲခွာခြင်း

*** ထာဝရ ခွဲခွာခြင်း ***
~~~~~~~~~~~~~~~
မြေကြီးသည် ဆယ်ခွန်းသော စကားများဖြင့် အမြဲဟစ်အော်လျက်နေသည်။

၁။ အို-အာဒမ်၏သားမြေးများ ငါ့ကျောပေါ်၌
သင်တို့ပြေးကြလိမ့်မည်။
နောက်ဆုံး ငါ့ဗိုက်ထဲကိုပင် သင်တို့ရောက်ကြလိမ့်မည်။

၂။ ငါ့ကျောပေါ်၌ အသင်တို့ အပြစ်ဒုစရိုက်များ
ပြုလုပ်ကြသည်။
နောက်ဆုံး၌ ငါ့ဗိုက်ထဲမှာပင် သင်တို့ငိုကြွေးကြလိမ့်မည်။

၃။ ငါ့ကျောပေါ်၌ အသင်တို့ ရယ်မောကြလိမ့်မည်။
နောက်ဆုံး၌ ငါ့ဗိုက်ထဲမှာပင် ငိုကြွေးကြလိမ့်မည်။

၎။ ငါ့ကျောပေါ်၌ ရွှင်လန်းဝမ်းမြောက်ကြသည်။
နောက်ဆုးံ၌ ငါ့ဗိုက်ထဲမှာပင် သင့်တို့ညင်းညူးခြင်း
ဖြစ်ကြလိမ်မည်။

၅။ ငါ့ကျောပေါ်၌ ဥစ္စာပစ္စည်းများကို စုဆောင်းကြသည်။
နောက်ဆုံး ငါ့ဗိုက်ထဲမှာပင် အရှက်ကွဲအကျိုးနဲ ဖြစ်ကြလိမ်မည်။

၆။ ငါ့ကျောပေါ်၌ ဟလာလ်မဟုတ်သော ဟရာမ်ကို မတရားသဖြင့် စားကြလိမ့်မည်။
နောက်ဆုံး ငါ့ဗိုက်ထဲမှာပင် ပိုးကောင်များက
သင်တိုကို စားသောက်ကြလိမ်မည်။

၇။ ငါ့ကျောပေါ်၌ အသင်တို့ မော်ကြွားမောက်မာကြသည်။
နောက်ဆုံး၌ ငါ့ဗိုက်ထဲမှာပင် သိမ်ငယ်ညံ့ဖျင်းခြင်း
ဖြစ်ကြလိမ်မည်။

၈။ ငါ့ကျောပေါ်၌ ရွှင်လန်းဝမ်းမြောက်စွာ
လမ်းလျှေက်ကြသည်။
နောက်ဆုံး၌ ငါ့ဗိုက်ထဲသို့ ညီးညူး၍ပင် ကျလိမ့်မည်။

၉။ ငါ့ကျောပေါ်၌ အလင်းထဲတွင် လမ်းလျှောက်ကြသည်။
နောက်ဆုံးမှာ ငါ့ဗိုက်ထဲ၌ အမှောင်ထဲတွင် ကျလိမ့်မည်။

၁၀။ ငါ့ကျောပေါ်၌ ပရိတ်သတ်ရှိရာ (သို့မဟုတ်)
ပရိတ်သတ်နှင့် သွားကြ၏။
နောက်ဆုံးမှာ ငါ့ဗိုက်ထဲသို့ တကိုယ်ရည်
တကာယတည်း ကျကြလိမ့်မည်။

မော်လဝီ ရဟ်မသွလ္လာဟ်၏ ”
မုနဗေ့ဟာက် အစ်ဗနေဟဂ်ျရ် "ကျမ်းမှတင်ပြသည်။
Credit.. .Nisha Shaina
ခူဗ်စူရသ်ဟဒီးစ်တော်များ

No comments:

Post a Comment