بسم الله الرحمن الرحيم
နမားဇ်ဝတ်ပြုနေစဉ် ပြုလုပ်ရမည့် `အရ်ကာန်´ အတွင်း(၆)ချက် ရှိသည်။
၁သပ်က်ဗီးရ်အူလာဆိုခြင်း။
အပြင်*ဖရ်ဇ်*(၇)ချက်နှင့် ပြည့်စုံပြီးနောက်
ပထမဦးဆုံး ``အလ္လာဟုအပ်က်ဗရ်´´ဟု နှုတ်မှ ရွတ်ဆို၍ လက်မြှောက်ခြင်းကို
^သပ်က်ဗီးရေသဟ်ရီမဟ်^ ဟု ခေါ်သည်။
၎င်း သပ်က်ဗီးရ်ကို ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် နမားဇ်ဝတ်ပြုမှုစတင်လိုက်ပြီဖြစ်၍
နမားဇ်အတွင်းပြုလုပ်ရမည့် လုပ်ရပ်များမှအပ အခြားလုပ်ရပ်အားလုံး
(ဥပမာ-စားခြင်း၊ သောက်ခြင်း၊ စကားပြောခြင်း) ဟရာမ် မပြုပိုင်တော့သောကြောင့်
၎င်းသပ်က်ဗီးရ်ကို
သပ်က်ဗီးရေသဟ်ရီမဟ်(ဟရာမ်အဖြစ်တားမြစ်သော အလ္လာဟုအပ်က်ဗရ် ရွတ်ဆိုမှု)ဟု ခေါ်ခြင်းဖြစ်သည်။
#၎င်းသပ်က်ဗီးရ်ကို ရွတ်ဆိုခြင်းသည် *ဖရ်ဇ်* ဖြစ်ပြီး
နမားဇ်အတွင်းရှိ အခြားသော`သပ်က်ဗီးရ်ကို´ ရွတ်ဆိုခြင်း *စွန္နသ်* ဖြစ်သည်။
၂ကိယာမ်ရပ်ခြင်း။
နမားဇ်အတွင်း *ဖရ်ဇ်* ဖြစ်သော ကိရာအသ်ဖတ်သည့်အချိန်၌ (ဒူးကို လက်ဖြင့် မမှီစေလောက်အောင်)မတ်မတ်ရပ်ခြင်း ^ကိယာမ်^ ဟုခေါ်သည်။
#ဝါဂျစ်ဗ် နှင့် စွန္နသ် နမားဇ်များတွင်သာ ^ကိယာမ်^ ရပ်ရန် *ဖရ်ဇ်တာဝန်ဖြစ်ပြီး*
အခြားနမားဇ်များ၌ ^ကိယာမ်^ ရပ်ရန်
*ဖရ်ဇ်တာဝန်* မဟုတ်ချေ။#
နဖိလ်နမားဇ်များကို ထိုင်၍ ဖတ်နိုင်သည်။
သို့သော် မတ်တပ်ရပ်၍ ဖတ်သောနမာဇ်၌
ရရှိမည့် အကျိုးစဝါးဗ် တစ်ဝက်သာ ရရှိမည်။
၃ကိရာအသ်ဖတ်ခြင်း။
ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဖတ်ခြင်းကို ကိရာအသ် ဟုခေါ်သည်။
နမားဇ်အတွင်း ကိယာမ် ၌ ကုရ်အာန်အာယသ်
အနည်းဆုံး (ရှည်လျှင်) တစ်အာယသ်၊
(တိုလျှင်) သုံးအာယသ် ဖတ်ရန်
*ဖရ်ဇ်* တာဝန်ဖြစ်သည်။
အာယသ်အတိုဟူသည် ကျမ်းတော်မြတ်ကုရ်အာန် ရှိ အတိုဆုံးစူရဟ်ဖြစ်သော
`စူရဟ်ကောင်ဝ်ဆရ်´ခန့်မျှ ရှိသော အာယသ်ကို ဆိုလိုခြင်းဖြစ်သည်။
#ကိရာအသ်ဖတ်ရာတွင် နှုတ်လျှာဖြင့်ရွတ်ဖတ်ရန် အရေးကြီးသည်။
စိတ်တွင်းမှ ရွတ်ဖတ်ခြင်း တရားမဝင်ပေ။
သို့သော် အီမာမ်ရှေ့ဆောင်နောက်မှ လိုက်ဖက်သူသည် နှုတ်လျှာဖြင့် ကိရာအသ် မဖတ်ရ။#
၎ရုကူအ်ဦးညွတ်ခြင်း။
ခါးကိုကိုင်း၍ ဦးညွတ်ခြင်းကို ရုကူအ် ဟုခေါ်သည်။
ဒူးများကို လက်ဖဝါးနှင့်မှီနိုင်သည်အထိ
ကုန်းမှသာ *ဖရ်ဇ်*တာဝန် ကျေပြွန်မည်ဖြစ်သည်။
#အမျိုးသားများအဖို့ စွန္နသ်နည်းလမ်းအရ ရုကူအ် ကုန်းနည်းမှာ- - -
လက်မောင်းများကို နံဘေးများနှင့်ခွာလျက် လက်ချောင်းများဖြင့် ဒူးများကိုအုပ်ကိုင်၍
ဦးခေါင်းနှင့်ခါး တစ်တန်းတည်းရှိနေသည်အထိ ကုန်းခြင်းဖြစ်သည်။
အမျိုးသမီးများအဖို့
လက်မောင်းများကို နံဘေးများနှင့်ပူးကပ်လျက် အနည်းငယ်သာဦးညွတ်ပြီး ဒူးများအပေါ်
လက်ချောင်းများကို
စု၍ တင်ရုံတင်ထားခြင်းသည် စွန္နသ် ဖြစ်သည်။#
၅ စဂ်ျဒဟ်နဖူးမြေချခြင်း။
နဖူးကို မြေကြီး(သို့မဟုတ်)အခင်းကြမ်းပြင်ပေါ် ချခြင်းကို စဂ်ျဒဟ် ဟု ခေါ်သည်။
စဂ်ျဒဟ် ဦးချရာတွင်
နှာခေါင်း၊ နဖူး နှစ်ခုစလုံး မြေကြီးပေါ် ထိနေရန် အရေးကြီးသည်။
အကြောင်းမဲ့ နှာခေါင်းသာထိပြီး နဖူး
လွှတ်ထားလျှင် စဂ်ျဒဟ် အထမမြောက်ပေ။
အကြောင်းမဲ့ နဖူးသားထိပြီး နှာခေါင်းကို
လွှတ်ထားလျှင် စဂ်ျဒဟ်အထမြောက်သွားသော်လည်း မက္ကရူးဟ်ဖြစ်သည်။
ရကအသ်တိုင်း၌ စဂ်ျဒဟ် နှစ်ကြိမ်စီချခြင်း
*ဖရ်ဇ်* တာဝန် ဖြစ်သည်။
၆နောက်ဆုံး ကအ်ဒဟ်ထိုင်ခြင်း
ဖရ်ဇ်၊ ဝါဂျစ်ဗ်၊ စွန္နသ်၊ နဖိလ် နမားဇ်များ၏အဆုံး၌
သရှ်ဟွဒ် အစအဆုံးဖတ်သည်ခန့်မျှ ထိုင်ခြင်း *ဖရ်ဇ်တာဝန်* ဖြစ်သည်။
#၎င်းကို ကအ်ဒဟ်အခီရဟ် ဟုခေါ်သည်။
မူရင်းတင်သူအား ကျေးဇူးအထူးတင်ပါတယ်
No comments:
Post a Comment