Friday, May 6, 2016

" မသေမီအလျင် ကြိုတင်ပြင်ဆင်ကြ " ( ၁ )

" မသေမီအလျင် ကြိုတင်ပြင်ဆင်ကြ " ( ၁ )
Cd.အီးဆွ်​လားဟိခုသ်​ဗသ်း
==============================

       ဟဒီးဆ်တော်တစ်ပုဒ်မှာလာရှိတယ်။ အလိုသဘောက မသေမီအလျင် သေကြည့်ကြ သာမက ကိယာမသ်နေ့ရဲ့စာရင်းအင်း စစ်ဆေးခြင်းမခံရမီအလျင် မိမိစာရင်းအင်းကို မိမိပြန်စစ်ဆေးကြည့်ကြပါ။

     မုချလူတိုင်းအပေါ်သေခြင်းတရားကတော့ ဆိုက်ရောက်လာမှာဖြစ်တယ်။ ဘယ်သူမှသံသယမရှိလက်ခံကြတယ်။ အလ္လာဟ်အရှင်မြတ်နဲ့အရှင့်ရစူလ်တမန်တော်တွေကို အယုံအကြည်မရှိ ငြင်းပယ်ကောင်းငြင်းပယ်ကြမယ်။ ဒါပေမဲ့ သေမင်းနဲ့သေခြင်းတရားကိုတော့ ဘယ်သူမှ ငြင်းမှာမဟုတ်ဘူး။ သာမက ဒီသေခြင်းတရားမှာအချိန်အတိအကျသတ်မှတ်မထားဘူး။လာချင်တဲ့အချိန်လာလိမ့်မယ်။ အချိန်ကျရင် မလကုလ်မောဝ်ရောက်လာလိမ့်မယ်။ခေတ်မီတိုးတက်လွန်းလှပါတဲ့ သိပ္ပံ နဲ့နည်းပညာရှင်ကြီးတွေလဲ ဘယ်သူဘယ်နေ့သေလိမ့်မယ် ဆိုတာကိုအတိအကျမတွက်ချက်ပေးနိုင်ကြဘူး။

     အကယ်၍ လူသားဟာမေ့လျော့ပေါ့ဆနေပြီး ရုတ်တရက်သေမင်းဆိုက်ရောက်လာမယ် ပြီးနောက် အရှင်မြတ်ရှေ့မှောက်ရောက်လို့မိမိစာရင်းမရှင်းနိုင်တဲ့အခါ ဒုက္ခတွေ့လိမ့်မယ်။ဒီလိုဒုက္ခမကြုံစေဖို့ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က ကြိုတင်သတိပေးနေခြင်းဖြစ်တယ်။ အလျင်သေကြည့်လို့ ဆိုတဲ့နေရာမှာ အာလင်မ်သာသနာ့ပညာရှင်များက အဆိုနှစ်ခုတင်ပြကြတယ်။ ပထမအဆိုက မသေမီအလျင်မိမိအသက်ထင်ရှားရှိနေစဉ်ဘဝမှာ မိမိကိုမကောင်းမှုဒုစရိုက်ထဲတွန်းပို့နေတဲ့ ၊ အရှင်မြတ်အမိန့်တော်ကိုဖီဆန်ဖို့လှုံ့ဆော်တိုက်တွန်းနေတဲ့ နဖ်စ်စိတ်ရိုင်းကို သတ်ပစ်ဖို့ ချိုးနှိမ်ဖယ်ရှားပစ်ဖို့တင်ပြကြတယ်။ ဒုတိယအဆိုကတော့ မသေမီအလျင်သေမည့်အကြောင်းနဲ့ပတ်သက်ပြီး ကြိုတင်စဉ်းစားတွေးတောကြည့်ပါ။ ငါတစ်နေ့သေရမယ်။ လောကဒုန္နယာကနေ လက်ဗလာထွက်သွားရလိမ့်မယ်။ ငါ့ရဲ့ဥစ္စာပစ္စည်းတွေ၊ဇနီးနဲ့သားသမီးတွေ ၊ချစ်ခင်လှပါတယ်ဆိုတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ အားလုံးက မိမိကိုမြေကျင်းတစ်ခုထဲမှာ သွားပြီးစွန့်ပစ်ကြလိမ့်မယ် စသဖြင့်ပေါ့။

      လူသားတွေ မိမိဘဝသက်တမ်းတလျှောက်မှာလုပ်ခဲ့သမျှ မတရားမှုတွေ၊အမိန့်ဖီဆန်မှုတွေနဲ့ အပြစ်ဂုနာဟ်ဒုစရိုက်လုပ်ငန်းတွေအားလုံးထဲမှာ အဆိုးဆုံးက သေခြင်းတရားကို မေ့လျော့နေတဲ့အပြစ်ဖြစ်တယ်။ မိမိလက်နဲ့ မိမိရဲ့မိဘတွေ၊အပေါင်းအဖေါ်တွေ၊သူငယ်ချင်းတွေ၊သူစိမ်းခရီးသည်တွေကို ရေချိုးပေးခဲ့တယ်။ ကဖန်ဝတ်ပေးခဲ့တယ်။ ဂျနာဇဟ်နမားဇ်ဖတ်ပေးခဲ့တယ်။ဒဖ်နာပြုမြေမြုပ်ပေးခဲ့တယ်။

      ဒါပေမဲ့ တစ်နေ့ငါလည်း ဒီလိုသူများကိုလုပ်ပေးခဲ့သလို ငါလည်းလုပ်ပေးခြင်းခံရဦးမှာပါလား ဒီလိုသေခြင်းတရားကြုံရဦးမှာပါလားဆိုတဲ့ အသိနဲ့သတိမရှိဘူး။ ကိုယ်နဲ့မဆိုင်သလိုလို၊ ကိုယ်ပဲသေရဖို့မရှိသလိုလိုပဲ ခပ်ပျော်ပျော်ကြီးနေလိုက်တယ်။
       ဟဒီးဆ်တော်တစ်ရပ်မှာ လာရှိတယ်။ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )အမိန့်ရှိတော်မူတယ်။ အလိုသဘောက အရှင်မြတ်က လူသားကိုအလွန်အဖိုးမဖြတ်နိုင်တဲ့ ရတနာနှစ်ခု ချီးမြှင့်ထားတယ်။ ဒါပေမဲ့လူသားကတော့ အဲဒါကိုသတိမရဘူး။မေ့လျော့ပြီးတန်ဖိုးမထားပဲနေကြတယ်။ တစ်ခုက ကျန်းမာကေးဖြစ်ပြီး နောက်တစ်ခုကတော့ အချိန် အားလပ်ခွင့် အခွင့်အရေးဖြစ်တယ်။

       ဒီအခွင့်အရေးဟာ အမြဲနေရမယ့်၊အမြဲရှိနေမယ့်အခွင့်အရေးဖြစ်တယ်လို့ လှည့်ဖြားခံရပြီး တန်ဖိုးမထားဘူး။ နောက်မှအမလ်အိဗာဒသ်ကောင်းမှုလုပ်ကြတာပေါ့လို့ အချိန်ဆွဲလိုက်ကြတယ်။ဒီလိုနဲ့ ကောင်းမှုလုပ်ငန်းကနေ လုံးဝလွှဲချော်သွားရတယ်။ဒီအခွင့်အရေးတွေရုတ်သိမ်းခံရပြီးနောက်မှသာ လူတွေဟာ နောင်တရတတ်ကြတယ်။

====================================
انشآء اللّہ تعالی
( ၂ ) ဆက်ရန် >>>>>>

اصلاحی خطبات

No comments:

Post a Comment