Thursday, May 5, 2016

ဂျူမုအဟ်နေ့မြတ်တွင် ပြုကျင့်ရမည့် စုန္နသ်တော်များ

ဂျူမုအဟ်နေ့မြတ်တွင် ပြုကျင့်ရမည့် စုန္နသ်တော်များ

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အောက်ဖေါ်ပြပါ အချက်များကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးခြင်းဖြင့် တစ်နှစ် ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းနှင့် တစ်နှစ် နမားဇ် ဝတ်ပြုတည်ဆောက်သည့် အကျိုးစဝါးဗ်ကို ခြေလှမ်းတိုင်း၌ ရရှိပေသည်။

>>> နံနက်ကို အခြားနေ့များထက်ပို၍ စောစောထခြင်း။

၁ ။ ရေချိုးခြင်း
( ဗုခါရီကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နိမာဂျဟ်ကျမ်း )

၂ ။ သန့်ရှင်းစင်ကြယ်သော အဝတ်ကို ဝတ်ဆင်ခြင်း
( အဗူဒါဝူးဒ်ကျမ်း )

၃ ။ ဗလီသို့ စောစောသွားရန် ဖိက်ရ် သောကထားခြင်း
( သိရ်မိဇီကျမ်း၊ အိဗ်နိမာဂျဟ်ကျမ်း )

၎ ။ ခြေလျင် ဗလီသို့သွားခြင်း
( သိရ်မိဇီကျမ်း၊ အိဗ်နိမာဂျဟ်ကျမ်း )

၅ ။ အိမာမ်ရှေ့ဆောင်၏ အနီးတွင် ထိုင်ရန်ကြိုးစားခြင်း
( သိရ်မိဇီကျမ်း၊ အိဗ်နိမာဂျဟ်ကျမ်း )

၆ ။ ဆွာဖ် အတန်းများတွင် နမာဇီများပြည့်နေပါက ၎င်းတို့ကို ကျော်လွှား၍ ရှေ့သို့မတက်ခြင်း
( အဗူဒါဝူးဒ်ကျမ်း )

၇ ။ မိမိ၏ အဝတ်များကို သို့မဟုတ် ဆံပင်များကို ကိုင်တွယ်ပွတ်သပ်၍ မဆော့ကစားခြင်း
( အိဗ်နိမာဂျဟ်ကျမ်း )

၈ ။ ခုသ်ဗဟ်ကို အာရုံစိုက်၍ နားထောင်ခြင်း
( သိရ်မိဇီကျမ်း၊ အိဗ်နိမာဂျဟ်ကျမ်း )

    တမန်တော်မြတ် ( صلی اللّہ علیہ وسلم ) က မိန့်ကြားတော်မူလေသည်။ ဂျူမုအဟ်သောကြာနေ့တွင် ငါကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم )အပေါ်သို့ ဒရူးဒ်မေတ္တာများစွာ ရွတ်ဖတ်ပို့သပေးကြကုန်။ ယင်းနေ့တွင် ဒရူးဒ်မေတ္တာရွတ်ဖတ်ရာ၌ ဖှရစ်ယှ်သဟ် ကောင်းကင်တမန်များ လာရောက်ကြပြီး ၎င်းဒရူးဒ်များကို ငါကိုယ်တော်မြတ် ( صلی اللّہ علیہ وسلم )ထံ ယူဆောင်လာကာ တင်ဆက်ကြသည်။
( အိဗ်နိမာဂျဟ်ကျမ်း )

      ဂျူမုအဟ်နေ့တွင် ဆံပင်များကို ဆီလိမ်းခြင်းနှင့် အမွှေးအကြိုင်များ အသုံးပြုခြင်းသည် စုန္နသ် ဖြစ်သည်။
( ဗုခါရီကျမ်း )

پیارے نبی ( صلی اللّہ علیہ وسلم )کی پیاری سنتیں

Abu Adeebah

No comments:

Post a Comment