တစ်နေ့တော့ ရောက်လာလိမ့်မယ်
=======================
တစ်နေ့တော့ ရောက်လာလိမ့်မယ် .....
အဲဒီနေ့ အသင် ရေချိုးမှာမဟုတ်ဘူးးး
ရေချိုးပေးခြင်း ခံရလိမ့်မယ် .....။
တစ်နေ့တော့ ရောက်လာလိမ့်မယ် .....
အသင် အဝတ်အစား ဝတ်ရမှာမဟုတ်ဘူးးး
ဝတ်ပေးခြင်းကို ခံရလိမ့်မယ် .....။
တစ်နေ့တော့ ရောက်လာလိမ့်မယ် .....
အသင် ဗလီကို သွားမှာ မဟုတ်ဘူးးး
ခေါ်သွားခြင်း ယူဆောင်သွားခြင်း ခံရလိမ့်မယ် .....။
တစ်နေ့တော့ ရောက်လာလိမ့်မယ် .....
အသင် နမားဇ်ဖတ်ရမှာ မဟုတ်ဘူးးး
ဖတ်ပေးခြင်းကို ခံရလိမ့်မယ် .....။
တစ်နေ့တော့ ရောက်လာလိမ့်မယ် .....
အသင် မေးမြန်းမှာ မဟုတ်ဘူးးး
မေးမြန်းခြင်းကို ခံရလိမ့်မယ် .....။
အဲဒီနေ့ကို ကြောက်ရွံ့နေပါ ...
အဲဒီနေ့ကို ကြောက်ရွံ့နေပါ ....
အဲဒီနေ့ကို ကြောက်ရွံ့နေပါ .....
အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါ .....
အာခိရသ် ခရီးစဉ်အတွက်
ရိက္ခာတွေ ကြိုတင်စုဆောင်းထားပါ .....
မောဝ်သ် မရောက်လာမီ မောဝ်သ်အတွက်
မသေမီအလျင် ကြိုတင်ပြင်ဆင်ထားကြပါ .....
တစ်နေ့နေ့တော့ သွားကိုသွားရမှာ .....
အို သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံး မသေမီအလျင် အာခိရသ်အတွက် ကြိုတင်ပြင်ဆင်နိုင်တဲ့ သောဝ်ဖီးက် စွမ်းအား ချီးမြှင့်ပေးသနားတော်မူပါ ... အာမီးန်
ယာရဗ္ဗလ် အာလမီးန်
Abu Adeebah
No comments:
Post a Comment