တနေ့ မှာ ဟဇ်ရသ် မူစာ သခင်ဟာ အလ္လာဟ်အရှင်ကို လျှောက်ထား
တော်မူတယ် ယာအလ္လာဟ် ကျွန်တော်နဲ့အတူ ဂျနသ်မှာ နေရမဲ့
မိတ်ဆွေကို လောကမှာ ကျွန်တော်ကို ပြသတော်မူပါ အဲလို မူစာ သခင်
က အလ္လာဟ် အသျှင်မြတ် ကို လျှောက်ထား တော့ အလ္လာဟ်အသျှင်မြတ်က ပြောတယ် အိုမူစာ အသင်ရဲ့ဂျနသ် မိတ်ဆွေက ဘယ်နေရာ
ဘယ်နေမှာရှိတယ်
အဲအချိန် ဟဇ်ရသ် မူစာ သခင်ဟာ
ချက်ချင်မှပင် မိမိ ဂျနသ် မိတ်ဆွေကို တွေ့ဆုံးရန် သွားတယ်
ဟိုရောက်တော့ ကြည့်လိုက်တဲ့ အခါမှာ
မိမိနဲဂျနသ်မှာ အတူနေရမဲ့ မိတ်ဆွေဟာ ကစိုင်ယ် အသားရောင်းတဲ့သူဖြစ်နေတယ်
ဟဇ်ရသ် မူစာ သခင် ကစောင့်ကြည့်နေတယ် အသားရောင်းတဲသူက အသားတွေရောင်းပြီး
ပြန်တဲ့အချိန် အသားအထုပ်လေတစ်ထုပ် ကို
ကိုင်ပြီး မိမိအိမ်ကိုသွားတယ်
အဲသူနောက်ကနေ ဟဇ်ရသ်မူစာ သခင် လဲ
လိုက်သွားတယ် အိမ်အပေါက် ရောက်တော့
ဟဇ်ရသ်မူစာ ကပြောတယ် ခဗျားဆီမှာ ကျွန်တော် ဒီည နေလိုရမလား ပြောတော့
ဟိုကစိုင်ယ် အသားရောင်းတဲ့သူဟာ ပြောတယ်
ကျွန်တော်ဆီ နေလိုရပါတယ် ဘာမှကိစ္စမရှိပါဘူး
ထိုအသားရောင်းတဲ့သူကဒါဟာ အလ္လာဟ်နဗီ မူစာသခင်ဖြစ်တယ်ဆိုတာ မသိရှာဘူး
ဟဇ်ရသ်မူစာ သခင်က ထို အသားရောင်းတဲ့
သူကိုကြည့်နေတယ် ထိုသူဟာ သူပါတဲ့ အသားထုပ်လေး ချက်ပြုတ် ပြီး ထောင့်တစ်နေရာမှာ လှဲနေတဲ့ အမေအိုကြီးကို
ထူပြီး ထိုင်ခိုင်တယ် ပြီးတော့ ထိုသူဟာ
မိမိ မိခင်အိုကြီးကို အစားအစား ကျွေးနေတယ်
ကျွေးပြီးသွားတဲ့အချိန်မှာ ထိုသူမိခင်အိုကြီးက
ထိုအသားရောင်းတဲ့သူနာကို ကပ်ပြီ တိုးတိုးလေ စကားလေတစ်ခုပြောတယ်
အဲဒါကို ဟဇ်ရသ် မူစာ သခင်က မြင်တွေ့နေ
တယ် ပြီတော့ ထိုသူကို ဟဇ်ရသ် မူစာ သခင်က
မေးတယ် ထိုအသက်ကြီးတဲ့ အမေအိုက
ဘယ်သူလဲ ထိုအသားရောင်းတဲ့ ကစိုင်ယ် ကပြောပြတယ် ဒါဟာ ကျွန်တော်ရဲ့မိခင်အိုကြီးပါ
ကျွန်တော်က ဆိုင်သွားရင် သောကဖြစ်တယ်
ကျွန်တော် အမေက အသက်ကြီးတော့ ဘယ်လိုနေလဲဆိုပြီး ကျွန်တော်က ကျွန်တော်အမေ အတွက် အသားအနည်းငယ်ကို
နေတိုင်းယူလာတယ် အိမ်ရောက်တာနဲ့ ကျွန်တော်ဟာ ချက်ပြုတ်ပြီး ကိုယ်တိုင်ကျွေးတယ် ကျွန်တော်အမေကို ကျွန်တော်ကျွေးပြီး ကျွန်တော်မိခင်ကြီး
ဗိုက်ပြည်သွားမှ ကျွန်တော်တို့ မိသားစုစားကျတယ်
အဲတော့ ဟဇ်ရသ် မူစာသခင်က ထက်မေးတယ် အေးအသင်ကို အသင်အမေအိုကြီးက
အခုန အစားကျွေးပြီးတဲ့အချိန် တိုးတိုးလေ ပြောတာ ငါမြင် လိုက်တယ် ငါမရှင်လို အဲဒါ အသင်အမေအိုကြီးက ဘာပြောတာလဲ
အဲတော့ ထိုအသားရောင်းတဲ့သူက ပြောပြတယ်
အဲဒါက ဒီလိုဘဲကျွန်တော် ကျွန်တော်အမေအိုးကြီးကို အစားကျွေးပြီးပြီးဆို ကျွန်တော် အမေက ဒီလိုပြောတယ် အိုငါ့သား
အသင်ကို အလ္လာဟ်အသျှင်မြတ်က
ဒီခေတ်ရဲ့အလ္လာဟ်နဗီဖြစ်တဲ့ ဟဇ်ရသ်မူစာ သခင်နဲ့ ဂျနသ်မှာ အတူ ထားတော်မူပါစေ အဲလိုနေတိုင်းပြောတယ်
ကျွန်တော် အသားရောင်းတဲ့သူတစ်ယောက် ကျွန်တော်အဆင်တန်းက ဘယ်မှာလဲ ဟဇ်ရသ်
မူစာသခင်ရဲ့အဆင်တန်းက ဘယ်မှာလဲ ဟဇ်ရသ်မူစာက အလ္လာဟ်နဗီဖြစ်တယ်
ဒါပေမဲ့ကျွန်တော်အမေကတော့
အစားကျွေးပြီးရင် အမြဲ ဒီအတိုင်းဘဲ
ပြောနေတာပါဘဲ
အဲအချိန် ဟဇ်ရသ်မူစာ သခင်က ထိုအသားရောင်းတဲ့သူလေကိုပြောတဲ့
အသင်ဘာသိလဲ အသင်အမေရဲ့ဒိုအာကို
အလ္လာဟ်က လက်ခံလိုက်ပြီး
အသင်ဟာ ဂျနသ်မှာ ဒီခေတ်ရဲ့နဗီဖြစ်တဲ့
မူစာနဲ အတူနေရမဲ့မိတ်ဆွေ ဖြစ်တယ်
ကြည့်ပါ မိခင်ကို ခိသ်မသ်လုပ်သည်
အပေါမှာ အလ္လာဟ်က ဘယ်အဆင့်ကို
ပိုလိုက်လဲ ဂျနသ်မှာ နဗီနဲ့မိတ်ဆွေဖြစ်ခွင့်ကို
အလ္လာဟ်ပေးလိုက်တယ်
တမန်တော်မြတ်ကြီး(စွ) အမိန်ရှိတယ်
မိခင်ရဲ့ခြေဖဝါးအောက် မှာ ဂျနသ် ရှိတယ်
မိခင်ကို ခိသ်မသ်လုပ် ဒိုအာယူကျပါ
မိဘကို ဒုက္ခပေးပြီး အသင်ဟာ
အခြားသူတွေကို ဒိုအာတောင်းခိုင်နေတယ်
အသင်ရဲ့ မိခင်ရှိခြင်းဟာ အသင်အတွက် နဖူးစားကောင်းတယ်လို့ မှတ်ယူပါ
အသင်ဟာ မိဘကို ခိသ်မသ်လုပ်ပါ
အလ္လာဟ် အရှင်က အသင်ခိသ်မသ်ကို
ကြည်ပြီး အသင်ကိုမြင့်မာတဲ့
အဆင့်တန်းတွေပေးလိပ်မယ်
အင်ရှာအလ္လာဟ် သားသမီး
တိုင်း မိဘ ခိသ်မသ်ကို လုပ်ပြီး မိဘဒိုအာတွေယူပြီး ဂျနသ်မှာ နေထိုင်
နိုင်စွမ်း အလ္လာဟ်အသျှင် အီမာန်ရှင်တိုင်းကို ချီမြင့်ပေးသနာပါ
آمین
Credit ရန်သူဆို အလိုမရ
----------
No comments:
Post a Comment