Monday, May 2, 2016

@"ကိယာမသ်နေ့တွင်အွမ္မသ်များအနက်မှ (ငရဲသားများ)အုပ်စု(၁၀)စုရှင်ပြန်ထရခြင်းအကြောင်း@


(သဖ်စီရ်စအ်လဗီကျမ်း)တွင်ရေးသားထားသည်
မှာ.....ရစူရ်ကိုယ်တော်မြတ်(ဆွ)အမိန့်ရှိသည်။
ငါကိုယ်တော်အွမ္မသ်အနက်မှ ငရဲသားများအုပ်စု
(၁၀)စုတို့သည်ကိယာမသ်နေ့တွင် ဟရှရ်ကွင်းပြင်
၌ရောက်ရှိလာကြလိမ့်မည်။

၁/ပထမအုပ်စုမှာ......မျောက်၏ရုပ်သွင်ဖြင့်
ရောက်ရှိလာကြလိမ့်မည်။
ဤသူများမှာ (ဂုးံချော/ဂုးံတိုက်သူ)များဖြစ်ကြသည်။

၂/ဒုတိယအုပ်စုမှာ......ဝက် များ၏အသွင်ဖြင့်
ရောက်ရှိလာကြလိမ့်မည်။
ဤသူများမှာ (ဟရာမ်စားသောက်သူများနင့်
လာဘ်ပေးလာဘ်ယူသူ)များဖြစ်ကြလိမ့်မည်။

၃/တတိယအုပ်စုမှာ......ယင်းတို့အားကောင်းကင်
တမန်များသည် ဦးခေါ်င်းကိုဇောက်ထိုးပြုပြီး
ခြေထောက်များအားအပေါ်၌မြှောက်ထားသည့်
အခြေအနေဖြင့်ခေါ်ဆောင်လာလိမ့်မည်။
ဤသူများမှာ (အတိုးစားသူ/အတိုးပေးသူ)
များဖြစ်ကြလိမ့်မည်။

၎/စတုတ္ထအုပ်စုမှာ......မျက်ကန်းများအဖြစ်
ရောက်ရှိလာကြလိမ့်မည်။
ဤသူများမှာ (တရားစီရင်ချက်ချမှတ်ချိန်၌၎င်း/ဖသ်ဝါဓမ္မသတ်ပေးရာ၌၎င်း၊မှန်ကန်မူ
ရှိ/မရှိကိုမဆင်ခြင် မသုးံသပ်ခဲ့သူများဖြစ်ကြ
လိမ့်မည်)။

၅/ပဉ္စမအုပ်စုမှာ.....ဆွံ့အ နားမကြားသူများ
အဖြစ်ရောက်ရှိလာမည်။
ဤသူများသည်(မိမိတို့ပြုလုပ်ခဲ့ကြသော အာမလ်
အိဗာဒသ်များအပေါ် ဂုဏ်မောက်ကြသူများ
ဖြစ်လိမ့်မည်)။

၆/ဆဌမအုပ်စုမှာ......ယင်းတို့သည်မိမိတို့၏
လျှာများအားမိမိတို့၏သွားများဖြင့် ကိုက်ဖြတ်နေ
ကြလိမ့်မည်။ထိုကြောင့်ယင်းတို့၏လျှာများသည်
ပါးစပ်မှထွက်၍၊ရင်ဘတ်ပေါ်၌တန်းလန်းကျနေ
လိမ့်မည်။ပါးစပ်မှသွားရည်နင့်ပြည်ပုတ်များလည်း
ကျနေလိမ့်မည်။ ဟရှ်ရ်ကွင်းပြင်ရှိသူတို့သည်
ယင်းတို့၏အခြေအနေကိုတွေ့မြင်ပြီး တုန်လူပ်
ခြောက်ခြားနေလိမ့်မည်။
ဤသူတို့သည်ကား (အခြားသူများအားဆိုဆုးံ
မမူများပြုလုပ်ပြီး၊မိမိကိုယ်တိုင်ထိုကဲ့သို့လိုက်နာ
ဆောင်ရွက်ခြင်းမရှိသော"အာလင်မ် ပညာရှင်
များဖြစ်ပေလိမ့်မည်)။

၇/သတ္တမအုပ်စုမှာ......ပြတ်တောက်နေသော
လက်နင့်ခြေထောက်များဖြင့်ရောက်ရှိလာကြ
လိမ့်မည်။
ဤသူများသည် (အိမ်နီးနားချင်းများနင့်တိရစ္ဆာန်
များအားအကြောင်းမဲ့ဒုက္ခပေးသူများပင်ဖြစ်သည်။

၈/အဌမအုပ်စုမှာ.....ယင်းတို့အားမီးစင်ပေါ်၌
တင်ထားလျှက်ခေါ်ဆောင်လာလိမ့်မည်။
ဤသူတို့သည် (လူတို့၏လျှို့ဝှက်ချက်များအား
အာဏာရှင်များထံ မတရားသဖြင့်တိုင်တန်း၍
လူတို့အားဒုက္ခရောက်စေခဲ့ကြသူများပင်ဖြစ်သည်)။

၉/နမဝအုပ်စုမှာ.....ယင်းတို့မှအသေကောင်
များထက်သာပို၍နံစော်သော အနံ့ဆိုးများထွက်
နေသည့်အခြေအနေဖြင့်ရောက်ရှိလာလိမ့်မည်၊
ဤသူတို့ကား (တဏှာရာဂ၏နောက်လိုက်
များနင့် မိမိပိုင်ပစ္စည်းမှ အလ္လာဟ်အရှင်မြတ်၏
အခွင့်အရေးအားမဖြည့်ဆည်းသောသူများ
ပင်ဖြစ်ပေလိမ့်မည်)။

၁၀/ဒဿမအုပ်စုမှာ.......ယမ်းများဖြင့်ပြုလုပ်
ထားသောအင်္ကျီများဝတ်ဆင်ထားလျှက်ရောက်
ရှိလာကြလိမ့်မည်။
ဤသူများသည် (မာနဂုဏ်မောက်ခဲ့ကြသူများ
ပင်ဖြစ်လိမ့်မည်)။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏သနားကရုဏာ
ဖြင့်ကျနော်တို့ အီမာန်ရှင်များအားလုးံကို
ဤ အုပ်စု(၁၀)စုမှပါဝင်ခြင်းမှဖယ်ရှားပေး
သနားတော်မူပါ
                /အာမိးန်

No comments:

Post a Comment