Sunday, May 22, 2016

ရှဗ်ဗေဗရားအ်သ်ညအကြောင်း.အပိုင်း(2)

ရှဗ်ဗေဗရားအ်သ်ညအကြောင်း.အပိုင်း(2)
==========================
အလ်ဟဂ်ျ.ဆာရာကြီးဦးစိုးဝင်းမဆုံးခင်
ဟေားသွားတာနည်းနည်းရယ်ဖတ်ထား
တာနည်းနည်းရယ်..ရေားသမမွှေထားတာ

ရှဗ် ဟူသည် ဖာရစီဘာသာဖြင့် ညကို ခေါ်ဆိုခြင်းဖြစ်သည်။
ဗရာအသ်သည် အရဗီဘာသာဖြစ်၍ အဓိပ္ပါယ်မှာ ဝေငှသော၊
လွတ်ငြိမ်းချမ်းသာခွင့်ပေးသော ဟူ၍ဖြစ်ပါသည်။
လိုင်းလသုလ်ဗရားအသ် ဟူ၍လည်း ခေါ်ဆိုကြပေသည်။

လိုင်လသွလ် ဗရားအသ် ဂျဟန္နမ်မှ လွတ်ကင်းမှုပေးသောည၊ လိုင်လသွဆ်ဆွက်ကိ မှတ်တမ်းစာရင်းစာရွက်ပေးအပ်သည့်ည၊ လိုင်လသွလ် မုဘာရကဟ် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်သည့်ည ဟူ၍ အမည်မှည့်ခေါ်ကြသည်။ လိုင်လသွလ် ဗရား(အ)သ်ဟူသောအမည်သည် လူသိအများဆုံးဖြစ်သည်။

ယင်းည၌ လူသားတို့၏ ပြီးခဲ့သည့်တစ်နှစ်တာကာလ၏
ကျင့်ဆောင်တည်မှုများကို အလ္လာဟ်ထံအပ်နှံကာ ဆန်းစစ်မှုပြုသလို
လာမည့်တစ်နှစ်တာအတွက် ခန့်ခွဲမှုများကို ပြုပေသည်။

ဗရာအသ်ညတွင် လာမည့်နှစ်တွင် ဘယ်နှစ်ယောက်မွေးဖွားမလဲ၊ ဘယ်နှစ်ယောက်အသက်ရှင်မလဲ ဘယ်နှစ်ယောက်သေ
ဆုံးကြမလဲ၊ ဘယ်သူတွေ ကွယ်လွန်ကြမလဲ၊ လာမည့်နှစ်အတွက်
ရိုဇီရိက္ခာ ဘယ်လောက်ယူမလဲ ဆိုသည်တို့ကို သတ်မှတ်ပေသည်။

လူတစ်ဦးတိုင်းအတွက် တစ်နှစ်ပတ်လုံး ရိုဇီမည်မျှရမည်ကို
သတ်မှတ်ပေးသည်။(ဗရားအသ်ညဟူသည် ရှအ်ဗာန်လ၏
အလယ်ရက်ဖြစ်သော ၁၅ရက်ညဥ့်ဖြစ်ပါသည်။)

၁၄ရက်နေ့ နေဝင်သည်နှင့် တစ်ပြိုင်နက် အလ္လာဟ်အရှင်မြတ်သည်
မိုးကောင်းကင် ပထမ (ကမ္ဘာနှင့် အနီးဆုံးမိုးကောင်းကင်)သို့
ဆင်းသက်လာတော်မူပြီး .....

အို ... ငါအလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တို့ !!
အသင်တို့ထဲမှာ အပြစ်တွေကနေ သောဝ်ဗာပြုမည့်သူ ရှိသလား။
ခွင့်လွှတ်စေချင်သူ ရှိသလား။ ငါအရှင်မြတ် ခွင့်လွှတ်ပေးမည်။

အသင်တို့ ရိုဇီရိက္ခာတွေကို လိုချင်ကြသလား။ ငါအရှင်မြတ်
ရိုဇီချီးမြှင့်ပေးမည်။အသင်တို့ ဒုက္ခတွေမှာ ရှိနေကြသလား။ သုခ
ချမ်းသာကို ပေးမည် ...... ဟု မေးမြန်း ကြွေးကြော်တော်မူပေမည်။

ဗရားအ်သ်ညတွင် အိဗာဒသ်ပြုပြီး နောက်တစ်နေ့တွင် ရိုဇာစောင့်ထိန်းပါက အင်မတန်ကုသိုအကျိုးရရှိမည်ဟု ဟဒီးစ်တော်များတွင် ဖော်ပြပါရှိပါသည်။

ဗရားအ်သ်ညတွင် ကောင်းမှုတည်ဆောက်ခြင်းကြောင့် ရရှိမည့်အကျိုးကုသိုလ်
ဟဇရသ် အနတ်စ်ဗင်န်မာလိက် (ရသွီ)က မိန့်သည်မှာ အကြင်သူသည် ဗရားအ်သ်ညတွင် ဒရူးဒ်တစ်ကြိမ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမားသော ဖရိရှ်သဟ်တစ်ပါးကို ဖန်ဆင်းတော်မူမည်။

ယင်းဖရိရှ်သဟ်၏ ဦးခေါင်းသည် အရရှ်အောက်တွင် ရှိနေပြီး ခြေထောက်မှာ မြေခုနှစ်ထပ်ပေါ်တွင် ရှိမည်။ အရရှ်၏ အရှေ့တွင် အင်မတန်ကြီးမားသော ရေကန်ကြီးတစ်ကန်ရှိပေမည်။

အလ္လာဟ်အရှင်မြတ်က ယင်းဖရိရှ်သဟ်ကြီးအား အဆိုပါရေကန်အတွင်း ရေဆင်းချိုးပြီး ခါလိုက်လျှင် ထွက်လာသော ရေစက်၊ ရေပေါက်များနှင့် အညီ ဖရိရှ်သာများဖန်ဆင်းကာ ထိုဒရူးဒ်ဖတ်သူ လူသားအတွက် အိစ်(စ)သိဂ်ဖာရ် ပြုပေးနေကြမည် ဖြစ်၏။ (ဤသည်မှာ ဒရူးဒ်တစ်ကြိမ်ကြောင့် ရရှိမည့် စဝါးဗ်ဖြစ်ပေသည်။ ထို့ကြောင့် များစွာသော ကောင်းမှုအမလ်များကို ကျင့်ဆောက်တည်ကာ ကုသိုလ်အတွက် လောဘထားရမည် ဖြစ်၏။)

ရောင်ဿွသုလ် အဖ်ကားရ်အမည်ရှိ ကျမ်း၌ ပါရှိသည်မှာ ...
တစ်ခါက အီစာ အလိုင်းဟိစ္စလာမ်သည် လမ်းလျှောက်သွားနေရင်း
ဆွတ်ဆွတ်ဖြူနေသော ကျောက်တုံးကြီး တစ်တုံးကိုတွေ့လေသည်။

တမန်တော်အီစာ အလိုင်းဟိစ္စလာမ်က အံ့သြစွာဖြင့် အလ္လာဟ်
အရှင်မြတ်အား ဤအရာသည် မည်သို့သော ကျောက်တုံးပါနည်းဟု
မေးလျှောက်ရာ အလ္လာဟ်အရှင်မြတ်က အသင်
လက်ဖြင့်ညွှန်လိုက်ပါ မိန့်တော်မူလိုက်သည်။

လက်ဖြင့် ညွှန်လိုက်သည့်အခါ အက်ကွဲသွားကာ အထဲတွင် အဖိုးအိုတစ်ဦး နမားဇ်ဖတ်နေသည်ကို တွေ့မြင်ရလေသည်။ အဖိုးအို၏ မျက်ခုံးမွှေးသည်ပင် အောက်သို့ကျနေပေသည်။ အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအတွင်း၌ပင် ရိုဇီချီးမြှင့်ကာ အိဗာဒသ်ပြုခွင့်ပေးထားလေသည်။

အီစာနဗီသည် အဖိုးအိုနမားဇ်ပြီးသည်အထိ စောင့်ဆိုင်းကာ
ဤသို့အိဗာဒသ်ကို နှစ်ဘယ်လောက်အကြာမှ ပြုလုပ်နေပါသနည်းဟု
မေးမြန်းရာ အဖိုးအိုက နှစ်ပေါင်းလေးရာ (၄ဝဝ) ရှိပြီဟု ပြန်ဖြေလေ၏။
(အလ္လာဟ်ဟုအပ်က်ဗရ်) အီစာနဗီအနေဖြင့် အင်မတန်အံ့သြကာ
အဖိုးကတော့ အလ္လာဟ်ထံပါး တာဝန်ကျေပွန်တဲ့ပုဂ္ဂိုလ်ပဲ။

နှစ်ပေါင်းလေးရာရဲ့အိဗာဒသ်ဆိုတာ နည်းတဲ့အရည်အချင်းမှ
မဟုတ်တာဟု ချီးမွမ်းပြောဆိုလေသည်။ ထိုအခါ အဖိုးအိုက
အသင် ကျွန်ုပ်ကို ဤမျှမချီးမွမ်း အထင်မကြီးပါနှင့်။

နောက်ဆုံးတမန်တော် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ရဲ့
အုမ္မသ်က ရှဗေဗရားအ်သ်ကဲ့သို့ ညမျိုးမှာ နဖိလ်နမားဇ်နှစ်
ရကအသ်ဖတ်ပါက ဤနှစ်လေးရာအိဗာဒသ်ထက်ပင်
သာမြတ်ပါသည် .... ဟု ဖြေကြား ပြောဆိုခဲ့လေသည်။

ထိုသို့ ထူးမြတ်ကာ ဗရ်ကသ်များချီးမြှင့်ထားသည့် ညထူး ညမြတ်ကို ကျွန်ုပ်အနေနှင့် ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ ထိုသို့သော
ကုသိုလ်အကျိုးများကို ချီးမြှင့်သည့် ညဖြစ်ကြောင်း သိရှိပြီး
နောက်တွင် အမလ်ကောင်းမှုများကို သေချာစွာပြုလုပ်ရပေမည်။

အစ္စလာမ့်သာသနာ၌ နေ့စဉ်၊ အပတ်စဉ် တစ်နှစ်တွင်လည်း ရက်ပေါင်း လပေါင်းများစွာ ခွင့်လွှတ်မှုပေးခြင်းဟူသည် ဆုထူးချီးမြှင့်သည့် အချိန်ပေါင်း နေ့ပေါင်း ညပေါင်းများစွာ ပါရှိပါသည်။

ယခု မကြာမီရောက်ရှိမည့်ညသည်လည်း ယင်းဆုထူးများ ပေးသနားမည့် အချိန်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ သို့ရာတွင် ထိုဆုထူးကို တောင်းခံသူအား ပေးမည်ဟူသည့် စည်းကမ်းချက်တော့ ရှိသည်။

ယင်းညတွင် အီမာန်ရှိနေသူတိုင်းအား အလကားလိုက်ပေးသည်
တော့ မဟုတ်ပါ။ ထို့ပြင် ဆုပေးရာတွင်လည်း စံပြ၊ အကောင်းဆုံး၊ ပထမ၊
ဒုတိယ၊ တတိယ၊ နှစ်သိမ့် စသဖြင့် အဆင့်ဆင့်လည်း ကွဲပြားပါဦးမည်။
ပေးတော့ပေးသည်။ သို့ရာတွင် ယူတတ်သူအား ပေးမည်။

ယူတတ်သူမှ ရပါမည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ဆုပေးသည့်
ညတွင် ဆုရအောင် ကြိုးစားရပါမည်။ ဤဆုကို ရဖို့ လာဘ်ထိုးရန်မလိုပါ။

ရုပ်ချော ပိုက်ဆံရှိ ကားပိုင် မြေပိုင် အိမ်ပိုင်ဖို့မလိုပါ။ တော်ကီ
ကောင်းဖို့ အင်္ကျီအ၀တ်အစား လှပဖို့ ဖက်ရှင်ဖြစ်ဖို့ အသားကောင်းဖို့
ဒါတွေမလိုပါ။ ထို့အတူ ဆုရရန် တိုးကြိတ်နေဖို့လည်း မလိုအပ်ပေ။
မိမိနေအိမ်တွင်ပင် အေးအေးသက်သာ ဆုရရန် ကြိုးပမ်းနိုင်ပါသည်။

ဗရားသ်ညတွင် ပေးသည့်ဆုမှာ အထူးဆုကြီးဖြစ်သည်။ အလ္လာဟ်
အရှင်မြတ်သည် လူသားတိုင်းအား အမျိုးမျိုးသော အရာများ
ချီးမြှင့်သည်။ တချို့ကို မတောင်းဘဲနှင့်လည်း ပေးထားသည်။ အချို့ကို
တောင်းမှပေးသည်။ ထို့နောက် အချို့ကို အီမာန်ရှင်တိုင်းအား ပေးထားသည်။

တချို့ကိုမူ အီမာန်ရှင်တို့ထဲမှ တောင်းခံသူအား ပေးသည်။ ယင်းသို့သော အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားသည့် အမျိုးမျိုးသော အရာများအနက် မဂ်ဖိရသ်ဟူသည့် ကျူးလွန်ခဲ့သည့်ပြစ်မှုများအား အပြစ်မယူဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဟူသည့် ဆုသည် အလွန်ကြီးကျယ်သော ဆုထူးတစ်မျိုးပင် ဖြစ်ပါ၏။

ဂျန္နသ်ရခြင်းဟူသည်မှာပင် ဂျန္နသ်မရောက်ခင် ပြစ်ဒဏ်ခတ် ခံရမည်လား၊ ဂျဟန္နမ်မကျခြင်းတွင် ဂျဟန္နမ်မရောက်မီ လောကမှ အပြစ်ယူခံနေရမှာလား၊ ကဗရ်မှာ အပြစ်ခံရမှာလား၊ ရောဂါ သောကတွေထဲမှာ အပြစ်တွေကို ဆေးကြောခံရမှာလား စသည်တို့ ဖြစ်နိုင်သေးသည်။

သို့သော် မဂ်ဖိရသ်ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့် ဆုထူးသည်
ယင်းသို့သော တခြားပုံစံများဖြင့်ပင် ပြစ်ဒဏ်ခတ် ခံရတော့မည်မဟုတ်ဘဲ
ကျူးလွန်မိခဲ့သမျှအား အလ္လာဟ်အရှင်မြတ်က မိမိ၏အသနားတော်ဖြင့်
ပြစ်ဒဏ်မခတ်တော့ဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းပင် ဖြစ်၏။

ထိုသို့သော လွတ်လပ်မှုမျိုးကို ရရှိမည့် လွတ်ငြိမ်းချမ်းသာခွင့်အား အလ္လာဟ်အရှင်မြတ်သည် ဤညမြတ်မဟာတွင် အထူးတလည် ချီးမြှင့်မည်ဖြစ်သည်။ ထို့ကြောင့် အီမာန်ရှင်တိုင်းသည် ယင်းဆုထူး
ကို ရအောင် ယူကြရပါမည်။

မဂ်ဖိရသ်ကို ပိုင်ဆိုင်သွားပါက အလွန်ပင် ကြည်နူး ချမ်းမြေ့ဖွယ် ဖြစ်၏။ ထို့ကြောင့် ယင်းဆုထူးကို ရအောင် ယူကြပါ။  ထို့ကြောင့် အလ္လာဟ်ထံပါးအောက်ကျို့ပြီး အထူးဆုဖြစ်သည့် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာမှုအား ရယူတောင်းခံကြပါ။

ပေးကမ်း၊ ချီးမြှင့်မှုများ ပြည့်နှက်နေသည့်
ညမြတ်တွင် ကျင့်ဆောက်တည်ဖွယ်ရာများ
ရှဗေဗရားအ်သ်သည် ၁၄ရက်နေ့မဂ်ရိဗ်ပြီးသည်နှင့် စတင်ဝင်ရောက်ပြီဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ပထမထပ်သို့ ဆင်းသက်ကာ မိမိ၏ ကျေးကျွန်များကို ချီးမြှင့်ပေးကမ်းမှုများ ပြုတော်မူပေသည်။

ထိုသို့သောညမြတ်တွင် ဒုအာ၊ ဇိကိရ်၊ သိလာဝသ်၊ နဖိလ်နမားဇ်များကို အချိန်ပြည့် ကျင့်ဆောက်တည်နေခြင်းသည် အင်မတန်ကောင်းမွန်ကာ စဝါးဗ်ကုသိုလ် များစွာရရှိမည့် အကြောင်းခံလည်း ဖြစ်ပါသည်။

တောင်းဆုဒုအာများကို လက်ခံမည့် ညမြတ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေးဆရာသခင်ကြီးများမှ ကောင်းမှုကျင့်ဆောက်တည်နည်းများ ဆုတောင်းမှုကို လက်ခံခြင်းခံရမည့် နည်းလမ်းအား ညွှန်ပြခဲ့သည်များလည်း ရှိပေသည်။

မဂ်ရိဗ်နှင့် အိရှာအ်၏ ကြားအချိန်တွင် စူရဟ်ယာစီးန်ကို
နိယသ်ရည်စူးချက် ပြုလုပ်ပြီးဖတ်ခြင်း

အောက်ပါ ရည်စူးချက်တစ်ခုတိုင်းအတွက်
စူရဟ်ယာစီးန်တစ်ခေါက်စီ (စုစုပေါင်း ၄ကြိမ်) ဖတ်ပါ။

(၁) အသက်ရှည်ရန်

(၂) ဘေးဗလာ၊ ဒုက္ခအပေါင်းနှင့် ရောဂါဘယများ ဝေးကွာရန်

(၃) ဟလာလ် ရိုဇီရိက္ခာ ပေါများကြွယ်ဝရန်

(၄) မိမိ၏ နောက်ဆုံးထွက်သက်သည် ကောင်းသော
အဖြစ်နှင့် အသက်ထွက်ရန်၊ အီမာန်နှင့်တကွ ကမ္ဘာမှ ခွဲခွါခွင့်ရရှိရန်။
ရည်စူးမှုတစ်ခုအတွက် စူရဟ်ယာစီးန်တစ်ကြိမ်ဖတ်ပြီးတိုင်း ယုံကြည်ချက်အပြည့်ဖြင့် အလ္လာဟ်အရှင်မြတ် အမှန်ပင်
လက်ခံမည်ဟု မှတ်ယူကာ တောင်းဆုပြုပါ။

မိမိ၏ ပြီးခဲ့သည့်တစ်နှစ်စာရင်းကို အလ္လာဟ်ယူနေသည့်အချိန်၊ လာမည့်တစ်နှစ်ပတ်လုံးအတွက် သတ်မှတ်ပေးနေသည့်အချိန်တွင် မိမိ၏လိုလားချက်များကို ငိုငိုပြီး တောင်းခံပါ။ အလ္လာဟ်လက်ခံမည်
ဟူသည့် ယုံကြည်ချက်အပြည့်ဖြင့် ဆုမွန်ဒုအာပြုပါ။

ကွယ်လွန်သူများအပေါ် အီစွာလေစဝါးဗ် ပို့သပါ။
အီစွာလေစဝါးဗ်ကို မိမိအိမ်မှပင် ပို့သမှု ပြုနိုင်ပါသည်။
စူရဟ်ယာစီးန် ဖတ်ပြီး စဝါးဗ်ပို့သပါ။

ဟဇရသ်အလီ (ရသွီ)က အမိန့်ရှိသည်မှာ အကြင်သူသည်
စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး
စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်ရှိသူအားလုံး၏ အရည်အတွက်နှင့်အညီ
ကုသိုလ်စဝါးဗ်ကို အလ္လာဟ်အရှင်မြတ် ပြန်လည်ချီးမြှင့်မည်။

ဟဇရသ်အနတ်စ်သခင် မိန့်သည်မှာ အကြင်သူက စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့
သမည်ဆိုလျှင် ကဗရ်၌ အဇားဗ်ပြစ်ဒဏ်ခံနေရသူများ ရှိပါက
အလ္လာဟ်အရှင်မြတ်သည် ပြစ်ဒဏ်ကို လျှော့ပေးတော်မူမည်ဖြစ်၏။

ထို့အတူ စူရဟ်ဖာသိဟဟ် နှစ်ကြိမ်ဖတ်ပါက ကုရ်အာန် တစ်ခသမ်၏ ကုသိုလ်ရမည်။ စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) သုံးကြိမ်ဖတ်လျှင် ကုရ်အာန်တစ်ခသမ်၏ စဝါးဗ်ရမည်။

ထို့အတူ စူရဟ်သကာစုရ် (စူရဟ်အမှတ် ၁ဝ၂)၊ စူရဟ်မုလ်က်
(စူရဟ်အမှတ် ၆၇)၊ စူရဟ်အလိဖ်လာမ်(မ)မီးမ် စဂ်ျဒဟ် (စူရဟ်အမှတ် ၃၂) တို့ကို အီစွာလေစဝါးဗ့်ပို့သရာတွင် ဖတ်ရွတ်ပါက ကောင်းမွန်ပါသည်။

ဆွလာသုသ် သပ်စ်ဗီးဟ် ဖတ်ပါ
ဆွလာသုသ် သပ်စ်ဗီးဟ်နမားဇ်သည် အင်မတန်အကျိုးကုသိုလ်ကြီးမားများပြားသော
နဖိလ်နမားဇ် တစ်ခုပင်ဖြစ်သည်။ မိမိသက်တမ်း
တလျှောက်လုံးတွင် အနည်းဆုံး တစ်ကြိမ်ဖတ်နိုင်ခဲ့ရမည်။

တစ်နှစ်တစ်ခါ၊ တစ်လတစ်ခါ၊ တစ်ပတ်တစ်ခါ ဖတ်နိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။ ဤကဲ့သို့ ကုသိုလ်မြောက်မြားစွာရမည့် ညဥ့်များတွင် ထိုသို့သော နဖိလ်နမားဇ်ကို အထူးဆောက်တည်သင့်ပါသည်။ ထို့အတူ အခြားသော နဖိလ်များစွာကိုလည်း ဆောက်တည်ရမည်ဖြစ်သည်။

တတ်စွမ်းသလောက် ကုရ်အာန်သိလာဝသ်ကို များစွာပြုရမည် ဖြစ်၏။
မိမိနိုင်သလောက် ဆွဒကဟ် ခိုင်ရားသ် အလှူဒါနပြုပါ။
ဇိကိရ်၊ ဒရူးဒ်များစွာပြုလုပ်ပါ။

စုဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလစ်လ်လာဟ်၊ စုဗ်ဟာနလ်လာဟိ ဝဗိဟမ်ဒိဟီ စုဗ်ဟာနလ်လားဟိလ် အဇွီးမ် စသည်ဖြင့် ပြုလုပ်ပါ။ (စုဗ်ဟားနဟူသည့် စာလုံးသည် အင်မတန်ထူးမြတ်မှုရှိသည့် စာလုံးပင်ဖြစ်ပါသည်။)

အိမာန်ရှင်မွတ်စလင်မ်တိုင်းထိုညထူးညမြတ်ကို
အကောင်းဆုံးပုံစံနဲ့ဖြတ်သန်းနိုင်ကြပါစေ..အာမီးန်။

   #cd

Saturday, May 21, 2016

ဇီဝမေတ္တာဒဏ်ကြေလိမ်းဆေး

ဇီဝမေတ္တာဒဏ်ကြေလိမ်းဆေး

အနံ့လည်းကောင်း အာနိသင်လည်းကောင်းတဲ့
ဇီဝမေတ္တာဒဏ်ကြေလိမ်းဆေး

ဒေါ်ဖြူဖြူလွင်
ပင်းရင်း အခန်း(ဃ/၄) ၊ ပြည်​ကြီးမျက်​ရှင်​ကားဝင်း
လမ်း (၆၀) ၊ ၃၇×၃၈ကြား၊ မန္တ​လေးမြို့
ဖုန်း ၀၉ ၄၀၂၇၉၄၇၈၆
ဖုန်း ​၀၉ ၄၃၁၄၇၃၇၂

အ​ကြောအဆစ်​ကိုက်​ခဲခြင်း၊ ကိုယ်​လက်​ထုံကျင်​ခြင်း၊ ကြွက်​သာများ​တောင့်​တင်းနာကျင်​ခြင်း၊ ခါး​ကြောတက်​ခြင်း၊ ဇက်​​ကြောတတ်​ခြင်း၊ အထိုင်​များသူများနှင့်​ အားကစားသမားများအတွက်​ နာကျင်​သည့်​ ​နေရာတွင်​ လိုအပ်​သလို ​ဖြေညင်းစွာ ပွတ်​လိမ်း​ပေးပြီးပတ်​တီးစည်းထားပါက အချိန်
အနည်းငယ်​အတွင်​ သိသိသာသာ ​ပျောက်​ကင်းသက်​သာ ​စေနိုင်​ပါသည်​။

ရှဗ်ဗိဘာရာသ်ညအကြောင်း သိကောင်းစရာ အပိုင်း (1)

ရှာဘာန်လ ဆန်းပြီဆိုလျှင် မြန်မာပြည်တွင်
ရှဗ်ဗိဘာရာသ်ည ရောက်တော့မည်ကို မွတ်စ်လင်တိုင်း စိတ်စော နေမိပါသည်။

ဒီနှစ် ၂၀၁၆ မှာကတော့ မြန်မာတစ်နိုင်ငံ
လုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်က.
ရှာအ်ဗန်လရဲ့ ၁၅ ရက်နေ့ ဖြစ်တဲ့
22.6.2016 တနင်္ဂ​နွေန့ကို ရှဗ်ဗိဘာရာသ်ည
အဖြစ်ကြေညာထားပါတယ်..

အစ္စလာမ်ဘာသာတွင် ညအချိန်သည် အရင်ကျရောက်ပြီး နေ့အချိန်သည် နောက်မှကျရောက်သည်။
ဥပမာ နေ့တစ်နေ့၏ မဂ်ရိဗ် အချိန်သည် ညအစဖြစ်ပြီး ၄င်းညသည် မိုးလင်း နေထွက်ချိန်ထိ ရှိ၏။ နေ့အချိန်သည် နေထွက်ချိန်မှာ နေ၀င်ချိန် အထိဖြစ်သည်။

ထို့ကြောင့် မြန်မာ အချိန် ၂၂ ရက်နေ့ မဂ်ရိဗ် ဆွလာသ်အချိန်သည် အစ္စလာမ်ဘာသာအရ
၁၅ ရက်နေ့ည စတင်ပြီဖြစ်သည်။

ကမ္ဘာကျော် အစ္စလာမ် သာသနာ့ပညာရှင် မောင်လာနာ မုဖ်သကီး ဆွာဟိဗ် တင်ပြသည့် ရှဗ်ဗီဘာရာသ် အကြောင်း သိကောင်းစရာများကို  မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီးတင်​ပြလိုက်​ပါတယ်​....

ဘယ်လိုအေဗာသ် လုပ်သင့်လည်း??
===========================

ဘာရာသ်ည၏ ထူးမြတ်မှုကို နားလည်လက်ခံသောသူတို့အတွက် ၄င်းညကို ပိုင်နိုင်စွာ အသုံးချနိုင် လျှင် အကောင်းဆုံးဖြစ်သည်။

၎င်းတစ်ညတာအတွက် နိုးနိုးကြားကြား ရှိနေသင့်သည်။ သို့သော် ညတာ၏ အချို့အစိတ်အပိုင်းတွင် နိုးကြားနေလျှင်လည်း ကောင်းလှပါသည်။ ၄င်းည၏ အစိတ်အပိုင်းသည် ညဦးပိုင်းဖြစ်စေ မိုးလင်းပိုင်းဖြစ်စေ ပြဿနာ မဖြစ်နိုင်ပါ။ ၄င်းနောက် အောက်ဖေါ်ပြပါ အိဗါဒသ်များကို တတ်အားသ၍ လုပ်နိုင်ပါသည်။

(၁) ဆွလာသ် တည်ဆောင်မှုသည် အမလ် အိဗါဒသ်အပေါင်းတွင်အကောင်းဆုံးဖြစ်သည်။
မည်မျှသော ရကအသ် ဖတ်သင့်ကြောင်း အတိအကျ မဆိုထားသော်လည်း ၈ ရကအသ် ဖတ်ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ် သည်. ပညာရှင်အများစုသည် ၈ ရကအသ် အနည်းဆုံး ဖတ်ကြသည်။ ဆွလာသ် ဖတ်လျှင်လည်း သတိပြုသင့် သည်က ဆွလာသ်၏ စိဂ်ျဒဟ်နှင့် ရကုအ် ကို ခပ်ကြာကြာ ခါတိုင်းထက် အချိန်ပိုကာ လုပ်သင့်သည်။

စူရာအတွဲများကိုလည်း ရှည်လျှားသည့် စူရာကို ဖတ်နိုင်ကကောင်းသည်။ စူရာအရှည် အလွတ်မဖတ်နိုင်က အတိုစူရာများကို တတ်နိုင်သလောက်တွဲကာ ဖတ်လျှင်လည်းကောင်းပါသည်။

(၂) ဆွလာသ်ဖတ်ပြီးသည့်နောက် ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းသည် အကောင်းဆုံးသော အအ်မာလ် အိဗါဒသ် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်မှ မည်သည့် စူရာဖြစ်စေ၊ ဖတ်နိုင်သလောက် ဖတ်လေ ကောင်းလေ ဖြစ်သည်။

(၃) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းကို ရပ်နားသည့်အခါ သို့မဟုတ် အခြားအမလ်ကို လုပ်ခြင်လာ သည့်အခါ ဇိကိ၇် လုပ်ခြင်းသည် အကာင်းဆုံးဖြစ်သည်။ ဇိကိရ် လုပ်သည့်အခါ အကောင်းဆုံးမှာတော့ တမန်တော်မြတ် (ဆွ) အပေါ် ဆွလ၀ါသ် ဖတ်ပို့ဖြင်းဖြစ်သည်။

မိမိ ရသည့် ဆွလ၀ါသ် ကို ဖတ်နိုင်သလောက် ဖတ်နိုင်ပါသည်။ ဇိကိရ်ကို ထိုင်လျှက်ဖြစ်စေ၊ လျှောင်းလျှက်ဖြစ်စေ၊ လမ်းလျှောက်လျှက်ဖြစ်စေ ဖတ်ရွတ်နိုင်ပါသည်။

(၄) အထူးဒိုအာတောင်းခံခြင်းဖြစ်သည်။ ဤညတွင် မိမိ၏ ဆွလာသ်များ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း၊ ဇိကိရ်စိတ်ခြင်း စသည်တို့ကို လုပ်ပြီးသည့်နောက် မိမိတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ မိမိတို့၏ အမလ် အိဗါဒသ်များကို လက်ခံအောင် လွတ်ငြိမ်းချမ်းသာခွင့်ရအောင် အပယ်ငရဲမီးမှ လွတ်ငြိမ်းခွင့်ရအောင် အထူးဒိုအာ တောင်းခံရမည်။

ဒိုအာတောင်းခံခြင်း ဟူသည် မိမိတို့နှင့် အလ္လာဟ်အရှင်မြတ်အကြား အဆက်အသွယ် ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ခြင်း ဖြစ်သည်ကို သဘောပေါက်ရမည်။ ဒါကြောင့် မိမိတို့သည် ဒိုအာတောင်းခံခြင်းကို အထူးဂရုစိုက် တောင်းခံရမည်။ ဒိုအာတောင်းခံလေ အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုး လေဖြစ်သည်။ မိမိတို့သည်မှာ ဒိုအာတောင်းခံရင်း စိတ်ကုန်သွားလေ့ရှိပြီး အလ္လာဟ်အရှင်မြတ် အနေဖြင့်မူ နားထောင်ခြင်းကို မငြီးညူနိုင်အောင်ပင်ဖြစ်တော့သည်။ မိမိတို့၏ ဒိုအာတောင်းခံချက်များ ချက်ခြင်း မပြည့်ဝသေးသည်ကို စိတ်ပျက်စရာလည်း မလိုပါ၊ ယခုမတွေ့သေးပေမဲ့ အချိန်တန်သည့်အခါ တောင်းသည့် အရာထက် ပိုမိုကောင်းမွန်သောအရာကို ရရှိသည့်အတွက် စိတ်အပျော်ကြီးပျော်နေလိမ့်မည်။

အမှန်တော့ တမန်တော်မြတ် (ဆွ) တောင်းခံခဲ့သည် တောင်းဆုဒိုအာများသည် စံနမူနာယူထိုက် သည့် ဒိုအာများပင်ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင်ရှိမှု၊ ပြည့်စုံကုံလုံမှု၊ တင်ပြချက်များ လေးနက်မှု၊ စသည့် ဘက်ကကြည့်လျှင် မည်သူမျှ ယနေ့တိုင် တမန်တော်မြတ် (ဆွ) ကဲ့သို့ ဒိုအာတောင်းခဲ့နိုင်မည် မဟုတ်ပါ။ မည်သည့်လူသားမျှ အဆိုပါ ဒိုအာများကို ယှဉ်ပြိုင် ရေးသားတောင်းဆိုနိုင်မည်မဟုတ် ပါ။ သို့ဖြစ်၍ မိမိတို့အနေဖြင့် ၄င်းဒိုအာများကို တတ်နိုင်သ၍ လေ့လာကာ နေ့စဉ်မိမိတောင်းဆို သည့်ဒိုအာဖြစ် အစဉ်တောင်းဆိုနေသင့်သည်။ အကယ်၍ မိမိအနေဖြင့် ဒိုအာမူရင်းအတိုင်း အာရဗီ ဘာသာဖြင့် မတောင်းနိုင်ပါကလည်း စိတ်ပျက်စရာမလိုပါ။ မိမိတို့ ကိုယ်ပိုင် ဘာသာစကား မြန်မာလိုတတ်က မြန်မာလို အင်္ဂလိပ်လိုတတ်က အင်္ဂလိပ်လို တောင်းခံနိုင်ပါသည်။

အားလုံးအမလ်လုပ်နိုင်တဲ့ သောင်ဖီးက်
အလာဟ်အရှင်ချီးမြှင့်ပေးပါ.

မော်လဝီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk

Wednesday, May 18, 2016

တမန်တော်မြတ်(ဆွ) ဆိတ်ကျောင်းရာတွင်ဖြစ်ပေါ်ခဲ့သည့် ထူးဆန်းသောအကြောင်းများ

***တမန်တော်မြတ်(ဆွ) ဆိတ်ကျောင်းရာတွင်ဖြစ်ပေါ်ခဲ့သည့် ထူးဆန်းသောအကြောင်းများ***
တမန်တော်မြတ်(ဆွ)က ဟလီမဟ်သခင်မထံ တွင် နေထိုင်ရင်းဖြင့် (၄)နှစ်သားအရွယ်သို့ ရောက်ရှိလာသောအခါ တစ်နေ့တွင် သခင်မအား
"ယားအွမ္မားဟူ မားလီး လားအရား အစ်ခ်ဝသီး ဖိလ် ဟိုက်ယိ နဟားရန် " ဆိုလိုသည်မှာ… "အို…အမေ! ကျွန်တော်သည် နေ့အချိန်တွင် မိမိညီအစ်ကိုများကို အဘယ်ကြောင့် မတွေ့မြင်ရ ပါသနည်း"ဟုမေးမြန်းရာ
သခင်မက
"၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က အသင်၏ ဗရကသ် မင်္ဂလာဖြင့် ကျွန်တော်မတို့အား ရီဇစ်က် ရိက္ခာပေးနေသော ဆိတ်များကို ထိန်းကျောင်းရန်အတွက် ထွက်သွားကြ၍ ၎င်းတို့အား နေ့အချိန်တွင် မတွေ့မြင်ရခြင်းဖြစ် သည်" ဟူ၍ ပြောပြလေသည်။

တမန်တော်မြတ်(ဆွ)က "ထိုသို့ဆိုလျှင် ကျွန်တော်သည်လည်း ၎င်းတို့နှင့်အတူ လိုက်သွားပါရစေ"ဟု သခင်မထံခွင့်ပန်ကာ နောက်နေ့တွင် ဆိတ်ကျောင်းရာသို့သွားရန် အတွက် အစီအစဉ်ပြုလုပ်၍ တုတ်တစ်ချောင်း နှင့် လိုအပ်သောပစ္စည်းများကို ယူဆောင်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါသွားပေသည်။

တမန်တော်မြတ်(ဆွ)မှာ ထိုနေ့ တစ်နေကုန် ပျောက်ကွယ်လျက်ရှိခဲ့ပါသည်။ မိုးချုပ်ချိန်နီးလာသောအခါ ဟလီမဟ်(ရသွိ) သခင်မတို့သည် တမန်တော်မြတ်(ဆွ)ကို ခေါ်ဆောင်ရန်အတွက် ဆိတ်ကျောင်းကွင်းသို့ သွားရာ လမ်းမပေါ်သို့ ရောက်ရှိခဲ့ကြပေသည်။

ထိုအချိန်တွင် တမန်တော်မြတ်(ဆွ)က ထွက်လာ ခဲ့ပါသည်။ နူရ်ရောင်ခြည်တော်များသည် တမန်တော်မြတ်(ဆွ)၏ ရှေ့တွင် ကွန့်မြူး ပြေးလွှားလျက်ရှိပြီး၊ ဆိတ်များသည် ကိုယ်တော့်အား မိမိတို့၏ခန္ဓာကိုယ်ဖြင့် ချစ်ခင်စွာ ပွတ်သပ်ကျီစယ်လျက်ရှိသည်။

ထိုဆိတ်အုပ်ထဲမှ ဆိတ်မတစ်ကောင်ကို ဟလီမဟ်(ရသွိ)သခင်မ၏သားတော် တမန်တော်မြတ်(ဆွ)၏နို့စို့ဘက် ညီအစ်ကို ဖြစ်သူ ဒွမူရဟ် က ခဲဖြင့် ပစ်ထည့်လိုက်သော ကြောင့် ဆိတ်မ၏ခြေထောက်မှ ကျိုးသွားခဲ့ပေ သည်။
ဆိတ်မက မိမိခြေထောက်၏ဒဏ်ရာနှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွ)ကို တိုင်တည်သောအားဖြင့် မိမိခန္ဓာကိုယ်နှင့် တမန်တော်မြတ်(ဆွ)၏ခြေထောက်များကို သနားစဖွယ် ပွတ်သပ်လျက်ရှိပါသည်။

တမန်တော်မြတ်(ဆွ)က ဆိတ်မ၏ခြေထောက် ကို မိမိ၏လက်တော်ဖြင့် ပွတ်သပ်ပေးသောအခါ ဆိတ်မ၏ခြေထောက်မှာ အကောင်းပကတိပြန် ဖြစ်သွားလေသည်။
(နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ - ၂၊ စာမျက်နှာ - ၁၃၅၊ ၁၃၆)

ဟလီမဟ်(ရသွိ)သခင်မက တမန်တော်မြတ်(ဆွ) နှင့်ပတ်သက်၍ မိမိ၏သားတော် ဒွမူရဟ်ကို "အသင်သည် မိမိ ကူရိုင်ရှီ ညီတော် မိုဟမ္မဒ်၏ အဘယ်သို့သောအကြောင်းအရာများကို တွေ့မြင်ခဲ့ပါသနည်း" ဟု မေးမြန်းရာ ဒွမူရဟ်က သခင်မအား
"အို…အမေ! ခြောက်သွေ့နေသောနေရာများတွင် မိုဟမ္မဒ်၏ခြေဖ၀ါးဖြင့် ထိတွေ့ခဲ့သောအခါ မြေကြီးထဲမှ စိမ်းလန်းစိုပြေသော မြက်ပင်များ ပေါက်ရောက်လာခဲ့ကြသည်။"
ဟဇ်ရသ် ရှိုင်းခ်အိဗ်နေအဘီဂျမရဟ်(ရဟ်) သခင်ကြီးက ဗုခါရီကျမ်း၏ ရှရ်ဟ် အကျယ်ပြန်ကျမ်းတွင် တမန်တော်မြတ်(ဆွ)က စီးနင်းသော တိရစ္ဆာန်မှာလည်း ခြေဖ၀ါးတော်နှင့် ထိတွေ့ခဲ့သောနေရာတွင် ချက်ချင်းပင် စိုပြေဆူဖြိုးခဲ့သည် ဟူ၍ အမိန့်ရှိခဲ့ပါသည်။

ဒွမူရဟ်က ဆက်လက်ပြီး ပြောပြသည်မှာ
"မိုဟမ္မဒ်က ကျော်ဖြတ်သွားသောနေရာများတွင် ၎င်းအား သစ်ပင်များ၊ ကျောက်နှင့် တောင်တန်းများ၊ ငှက်နှင့် အဟိတ်တိရစ္ဆာန်များ က 'အတ်စ်စလားမုအလိုက်က ယားရစူးလလ္လားဟ်' ဟူ၍ စလာမ်ပေးကြပါသည်။
ကျွန်တော်များက ရေငင်ရာတွင် ရေတွင်းထဲမှ ရေများမှာ အလိုအလျောက် အပေါ်သို့တက်လာ ခဲ့ပါသည်။
ဒွမူရဟ်က သခင်မအား ဆက်လက်၍ပြောပြ သည်မှာ…
"အို…အမေ! ကျွန်တော်များသည် တိရစ္ဆာန်ပေါင်းစုံ မြောက်မြားစွာရှိကြသော တောတစ်ခုအတွင်းသို့ ၀င်ခဲ့ပါသည်။ ကျားကြီးတစ်ကောင်သည် ကျွန်တော်များကို ခုန်အုပ်ရန်အတွက် အသင့်အနေအထားသို့ ရောက်ရှိပြီးနောက် ကျားကြီးက မိုဟမ္မဒ်ကို တွေ့မြင်သွားပြီး အလွန်သေးသိမ်စွာဖြင့် 'အတ်စ်စလားမုအလိုက်က ယားမိုဟမ္မဒ်' ဟုစလာမ်ဆို၍ မိမိကိုယ်ကို ၎င်း၏ရှေ့မှောက်ရှိ မြေကြီးပေါ်သို့ လှဲချလိုက်လေသည်။

မိုဟမ္မဒ်က ထိုကျားကြီး၏နားထဲတွင် တီးတိုး စကားဆိုလိုက်သောအခါ ကျားကြီးက ထပြီး ထွက်ပြေးသွားသည် ဟူ၏။

ဒွမူရဟ်က မိမိမိခင် ဟလီမဟ်(ရသွိ)သခင်မအား အထက်ပါအကြောင်းအရာများကို ပြောပြသော အခါ သခင်မက အသေးစိတ်နားထောင်ပြီး နောက် ဒွမူရဟ်အား "အို…ချစ်သား! ဤအကြောင်းအရာများကို မိမိမိသားစုမှ လျှို့ဝှက်ထားပါ" ဟု အမိန့်ရှိခဲ့ပါသည်။
(နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ - ၂၊ စာမျက်နှာ - ၁၃၆၊ ၁၃၇)
သဇ်ကိရသူရ်ရစူးလ်မှ
Credit.. .အမှန်တရားဘက်တော်သူ
ခူဗ်စူရသ်ဟဒီးစ်တော်များ