Prophet Soliman (a) အပိုင်း(1)
တမန်တော်စိုလေမန် (အလိုင်ဟိစ္စလာမ်)
တမန်တော်စိုလေမန်(အ)သည် တမန်တော်ဒါဝူးဒ်(အ)၏ သားတော်ဖြစ်သည်။ တမန်တော်စိုလေမန်(အ)၏ ပုံသဏ္ဌာန်မှာ ဖြူဖွေးသော အရောင်အဆင်းရှိ၍ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည်။ ဝဝဖြိုးဖြိုးနှင့် ချောမောလှပသော နဗီတစ်ပါးလည်းဖြစ်ပါသည်။ အသိရွှေဉာဏ်တော်မှာ အလွန်ထက်မြတ်ပြီး၊ အလ္လာဟ်အရှင်မြတ်အားလွန်စွာမှ ကြောက်ရွံ့ရိုကျိုးသော တမန်တော်လည်း ဖြစ်သည်။
တမန်တော်စိုလေမန်(အ)သည် ငယ်ရွယ်စဉ်ကပင် အသိဉာဏ်ထက်မြက်ခဲ့သည်။
မည်မျှထက်မြက်ခဲ့သည်ဆိုပါမူ ဖခင်တမန်တော်ဒါဝူးဒ်(အ)သည် တိုင်းရေးပြည်ရေး အမှုကိစ္စအဝဝတွင် သားတော်စိုလေမန်(အ) ထံတော်မှ အကြံဉာဏ်ယူ၍ ဆုံးဖြတ် တော်မူလေ့ရှိခဲ့သည်။ ဖခမည်းတော် ကွယ်လွန်အနိစ္စရောက်သောအခါ၊ တမန်တော် စိုလေမန်(အ)သည် သက်တော်(၁၃)နှစ်အရွယ်တွင် နန်းတက်၍ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်တော်မူခဲ့လေသည်။
တမန်တော်စိုလေမန်(အ)သည် ရှိရှိသမျှသော သတ္တဝါများ၏ ပြောဆိုစကားများကို နားလည်ကျွမ်းကျင်သည်။ ဆိုးသွမ်းသောဂျင်န်ဘီလူးများ၊ ရှိရှိသမျှသော ဂျင်န်များ၊ သတ္တဝါများနှင့် လေတို့သည်ပင် တမန်တော်စိုလေမန်(အ)၏ အမိန့်ကို နာခံရ လေသည်။ လူသားများအား ဒုက္ခပေးသော ဂျင်န်ဘီးလူးတို့အား ရာသက်ပန် အကျဉ်းသား အဖြစ် ပြစ်ဒဏ်ချမှတ်တော်မူခဲ့သည်။
တမန်တော်ဆိုလိုင်မာန် (အ)သည် တမန်တော်ဒါဝတ်(အ) အငယ်ဆုံးသားတော်ဖြစ်သည်။ ဂျေရုစလင်မ် မြို့တွင် ဖွားမြင်ပါသည်။ တမန်တော်ဆိုလိုင်မာန် (အ)သည် ဥါဏ်ပညာအရာတွင် တူမသူအောင် ကြီးမားစွာ တတ်ကျွမ်းသူ ဖြစ်သဖြင့် ဖခင်ကြီးသည် မိမိ၏ အရိုက်အရာကို ပေးအပ်ခြင်းဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် ၂၇း ၁၅ တွင် မိန့်သည်မှာ “၀၂၇း ၁၅။ ထိုမှတပါး မလွဲဧကန် ငါအရှင်မြတ်သည် “ဒါဝူဒ်” အားလည်းကောင်း၊ “စုလိုင်မာန်” အားလည်း ကောင်း၊ (အထူး) အသိပညတစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦး တို့က “ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော “ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာ အပေါင်းတို့ကို ခံယူထိုက်တော်မူသည်”ဟု လျှောက်ထားခဲ့ကြကုန်၏။”
တမန်တော်ဆိုလိုင်မာန် (အ)သည် မည်သည့်ကိစ္စတွင်မဆို ဆုံးဖြတ်ချက်ချရာတွင် အလွန် သမာသမတ်ရှိပါသည်။ တရက်သောအခါ လူနှစ်ဦးသည် အမှုခင်းဖြစ်ပွားသဖြင့် ဆုံးဖြတ်ချက် ရယူရန်အတွက် နန်းတော်သို့ လျှောက်ထားကြ၏။ တစ်ဦးက လယ်ပိုင်ရှင်ဖြစ်ပြီး ပြောသည်မှာ မိမိ၏ လယ်ကွက်အတွင်းမှ ကော်ပဲသီးနှံများကို သိုးကျောင်းသား၏ သိုးများက စားသောက် ဖြစ်သဖြင့် အစားပေး၇န် လျှောက်လေသည်။ သိုးကျောင်းသူကလည်း မိမိထံတွင် ထိုသိုးများမှလွဲ၍ အခြားဘာမျှပေးရန် မရှိပေဟုဆိုလေသည်။ လယ်ပိုင်ရှင်က သီးနှံများ ဆုံးရှုံးသည့် တန်ဖိုးသည် သိုးများ၏ တန်ဖိုးထက်ပင်ပိုမိုသည်ဟုဆို၏။ ထိုအခါ ဒါဝတ် (အ) က သိုးများကို လယ်ပိုင်ရှင်ထံသို့ ပေးအပ်ရန်ဆုံးဖြတ်လိုက်ပါသည်။
ထိုအခါ အနီးတွင်ထိုင်နေသည့် တမန်တော်ဆိုလိုင်မာန် (အ) သည် မိမိဖခင်ထံသို့ အနည်းငယ် သူ၏ထင်မြင်ချက်ကို တင်ပြရန်ခွင့်ပန်ပါသည်။
ဖခင်ကြီးကလည်း တင်ပြရန် ခွင့်ပြုသောအခါ တမန်တော်ဆိုလိုင်မာန် (အ)က အိုဖခင်ကြီး၊ ဖခင်ကြီး၏ ဆုံးဖြတ်ချက်သည် အလွန်ပင်သင့်တော် မှန်ကန်လှပါသည်
သို့သော် သိုးများ၏ အမွှေးများနှင့်နို့ကို လယ်ပိုင်ရှင်အား အသုံးပြုခွင်ပေး သင့်ပြီး သိုးထိန်းကိုလည်း ၄င်းလယ်တွင် သူရင်းငှားအဖြစ် အလုပ်လုပ်စေသင့်ပါသည်။
တစ်ချိန် ဆုံးရှုံးသွားသော သီးနှံများ၏ တန်ဖိုးပြည့်မီသည့်အချိန်တွင် သိုးများကို သိုးထိန်းထံသို့ ပြန်လည် ပေးအပ်သင့်ပါသည်။
ထိုအဖြေကို ဖခင်ကြီးကြားသည့်အခါ အလွန်ပင်သင့်တော်သော အဖြေအဖြင့်သတ်မှတ်ပြီး ထိုအတိုင်းဆုံးဖြတ်ချက်ချမှတ်စေလိုက်ပါသည်။
ကျမ်းမြတ်ကုရ်အာန်တွင်လည်း ထိုအကြောင်းကို ဤသို့ဖေါ်ပြထားပါသည်။
“ထိုမှတပါး (အို-နဗီတမန် တော်)ဒါဝူဒ်
(၏ အတ္ထုပ္ပတ်္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏ အတ္ထုပ္ပတ်္တိအကြောင်းကို
လည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။
အင်ရှလာဟ် မနက်ဖြန်ထပ်ဆက်မယ်
No comments:
Post a Comment