ကုသိုလ်ကောင်းမူပြုခြင်းကြောင့် စိတ်ချမ်းသာယာမူရှိ၏ ။
ကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာတစ်ဝန်းကို စိုးမိုးအုပ်ချူပ်ခြင်းသည်ပင်လျှင်
စိတ်ချမ်းသာယာမူနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ ။
ကမ္ဘာတစ်ဝန်း၏ ထီးနန်းမှာ စိတ်ချမ်းသာယာမူ၏
အရသာနှင့် ယှဉ်လျှင် လုံးဝအခြေအမြစ် မရှိချေ ။
ယင်းအကြောင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်က
ဤသို့ မိန့်ကြားတော်မူ၏
الا بذكرالله تطمءن القلوب
သတိပြုကြလော့ ။
အလ္လာဟ်အရှင်မြတ်အား သတိရ တသခြင်းအားဖြင့်သာ
လျှင် စိတ်နှလုံးများမှာ နှစ်သိမ့်မူကို ရရှိပေသည် ။
အာရစ်ဖ်ရှီ ရာဇီ သခင်က ဤသို့
ကဗျာစပ်ဆိုတော်မူခဲ့၏ ။
တင့်တယ်လှပသော မျက်နှာတစ်ခုကို လွတ်လပ်သော
စိတ်နှင့် တစ်ကြိမ်တစ်ခါမျှ ကြည့်ရှုခြင်းမှာ
ဘုရင့်ထီးနန်းတော်နှင့် တနေ့လုံး ဆူညံခြင်းထက်
ပို၍ ကောင်းမွန်၏ ။
သူတော်စင်တစ်ပါးက
လောကီရေးသာ ဦးစားပေး၍ လိုက်စားကြသော
လောကီသမားတို့သည် မည်သည့်စည်းစိမ်ချမ်းသာနှင့်
မည်သည့်အရသာကိုမျှ မခံစားရပဲ ဤလောကကို
စွန့်သွားရရှာသည်မှာ ဝမ်းနည်းစရာပင်
ဖြစ်ကြောင်း အမိန့်ရှိခဲ့၏ ။
အာရိဖ်ရူမီသခင်က
ချစ်သောသူသည် မိမိချစ်သူနေထိုင်သော နေရာကို
ချိုင့်ဝှမ်းဟူ၍ မယူဆပဲ ကောင်းကင်ထက်
မြင့်သည်ဟူ မှတ်ယူလေ့ရှိ၏ ။
ယူစွဖ်ကဲ့သို့ လှပသော လဝန်းပမာ လင်းဝင်းလျက်ရှိသော မျက်နှာရှင်ရှိသည့်နေရာကား
နက်ရှိုင်းသော ရေတွင်းပင်ဖြစ်သောလည်း
ဂျန္နသ်သုခဘုံ ဖြစ်၏ ။
အို ချစ်သူ !
အသင်နှင့်အတူရှိနေရလျှင် ဂျဟန္နမ်ငရဲဘုံသည်ပင်လျှင်
ဂျန္နသ်သုခဘုံကဲ့သို့ ဖြစ်၏ ။
အသင်မရှိလျှင် ဂျန္နသ်သုခဘုံသည်ပင်လျှင်
ဂျဟန္နမ်ငရဲဘုံကဲ့သို့ ဖြစ်၏ ။
ချစ်သူနှင့်အတူ နေရခြင်း၏ အရသာမှာ
မည်မျှ စွဲမက်ဖွယ် ဖြစ်ကြောင်း
လေးနက်စွာ စဉ်းစားပြီး
နှလုံးသားထဲမှာ အလ္လာဟ်အရှင်မြတ်အား တကယ့်
အချစ်စစ် အချစ်မှန်နှင့် ချစ်ပြီး စိတ်နှလုံးသားများ
စိတ်ချမ်းမြေ့ သာယာမူကို ရရှိကြပါစေ . . .
No comments:
Post a Comment