"ချစ်ဇနီးအားဆက်ဆံသည့်" "မဟာတမန်တော်မြတ်ကြီး(ဆွ)၏စံနမူနာ"
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
၁။မိမိ၏ဇနီးသည်နှင့် နေ့စဉ်ရင်းရင်းနှီးနှီးဆက်တံတော်မူပေသည်။
၂။မိမိ၏ဇနီးသည်၏အခွင့်အရေးကို ပြည့်ပြည့်၀၀ ပေးဆပ် တော်မူပေသည်။
၃။မိမိ၏ဇနီးသည်၏ကောင်းခြင်းများကို.မမေ့ဘဲ ထုတ်ဖော် ပြောလေ့ရှိသည်။
၎။မိမိ၏ဇနီးသည်အား အိမ်မှ မထွက်မှီ နမ်းတော်မူလေ့ရှိသည်။
၅။မိမိ၏ဇနီးသည် ရေသောက်သောနေရာမှ သောက်တော်မူလေ့ရှိပေသည်။
၆။မိမိ၏ဇနီးသည် အသုံးပြုသည့် တံပူ(မစ်ဝါးဗ်)ဖြင့်အသုံးပြုတော်မူပေသည်။
၇။မိမိ၏ဇနီးသည်၏ ပေါင်ပေါ်တွင်တစ်ခါတစ်ရံအိပ်တော်မူပေသည်။
၈။ဓမ္မတာလာနေသောဇနီးနှင့်အတူ စောင်တစ်ခုထဲမှာ လဲလျောင်း တော်မူပေသည်။
၉။မိမိဇနီးနှင့်အတူ ရေချိုးတော်မူပေသည်။
၁၀။မိမိ၏ဇနီးသည်အား ချစ်စဖွယ်နာမည်ပေးပြီး ခေါ်ဝေါ်တော်မူပေသည်။
၁၁။မိမိ၏ဇနီးကို 'ဝလီမဟ်ဧည့်ခံပွဲများ'ကိုခေါ်သွားတော်မူပေသည်။
၁၂။မိမိ၏ဇနီးသည်၏ ခံစားချက်ကို ဂရုတစ်စိုက်အလေးထားတော်မူပေသည်။
၁၃။မိမိဇနီးသည်၏ပူပင်သောကရောက်နေမူကိုမြင်တွေ့ပါက နှစ်သိမ့်တော်မူပေသည်။
၁၄။မိမိ၏ဇနီးကို နေမကောင်းဖြစ်သည့်အခါ"မန်းမှုတ်တော်"မူလေ့ရှိပေသည်။
၁၅။မိမိ၏ဇနီးမျက်ရည်ကျပါက ကြင်နာယုယစွာသုတ်ပေးတော်မူလေ့ရှိပေသည်။
၁၆။မိမိဇနီးနှင့်အတူ အိမ်မူကိစ္စများကိုဝိုင်းဝန်းကူညီလုပ်ဆောင်ပေးတော်မူလေ့ရှိပေသည်။
၁၇။မိမိ၏ပါးစပ်တော်မှသန့်ပြန့်သောအနံ့ထွက်စေရန်.အမြဲတံပူ(မစ်ဝါးဗ်)ပြုတော်မူလေ့ရှိပေသည်။
၁၈။မိမိဇနီးသည်အတွက် မိမိကိုယ်ကို လှပသေသပ်စွာနေတော်မူလေ့ရှိပေသည်။
၁၉။မိမိဇနီးနှင့်အတူ ပျော်ရွှင်စရာ အပြေးပြိုင်မူများပြုတော်မူပေသည်။
၂၀။မိမိကိုယ်တိုင်မိမိဇနီးသည်အား.ချစ်ခင်မူတိုးပွားနေစေရန် အစဉ်ရှေ့ရူ့တော်မူလေ့ရှိပေသည်။
*သို့ပါသောကြောင့် -ဇနီးသည်ရှိသည့်ခင်ပွန်းသည်များ(သို့မဟုတ်)
ချစ်ခင်စုံမက်နေကြသည့်ချစ်သုများအနေနဲ့ "ဤချစ်စဖွယ် စံနမူနာ "လေးကို
လိုက်နာကျင့်သုံးကြရင်း -ချစ်ခင်မူများစထက်တစ်ပိုးတိုးကြ၍.
အာခေရသ်ထိ လက်တွဲနိုင်ကြစေရန်..တင်ပြလိုက်ရပါသည်။"
Credit "ဗန္ဓာဟ်မိုဟမ္မဒ်အလီ"(စစ်ကိုင်း)
ခူဗ်စူရသ်ဟဒီးစ်တော်များ
7နဲ့8 ကသိပ်နားမလည်းလို့ပြောပြပေးပါလား?
ReplyDeleteသန့်ပြန့်မူ့ကိုဦးစားပေးထားတဲ့နည်းစနစ်ကဒီအချက်ကသံသယဖြစ်စရာပဲ