Wednesday, April 27, 2016

သေခြင်းတရား

သေခြင်းတရား
•••••••••••••••••
သေချင်းတရားသည် လူတိုင်းရင်ဆိုင်ရမည့် အမှန်တရားတခု ဖြစ်သည်
ရာထူးအာဏာ ငွေကြေးကြွယ်ဝမှုတို့ဖြင့်လည်း ရှောင်လွဲမရနိုင်ပေ မည်မျှကြိုးစားအားထုတ်စေကာမူ ရှောင်လွဲမရသည်ကိုလူတန်းစားအသီးသီး လက်ခံယုံကြည်ကြသည်
အလ္လာဟ်လမ်တွင်အသက်ပေး ကြ သည့်သာသနာ့အာဇာနည်များ ၏ဝိညဉ်ကို    [အိဇ်ရာအီးလ်ဘေးဖယ်လော့ ငါအရှင့်လမ်းတော်တွင်အသက်ပေးသူ၏ဝိညဉ်ကိုငါအရှင်မြတ်ကိုယ်တိုင်နှတ်ယူတော်မူမည် ]  ဟုမိန်ဆိုပြီး အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် နုတ်ယူတော်မူကြောင်း အလ္လာမဟ်ကူရ်သူဗီသခင်က မိမိ၏ကမ္ဘာကျော်သဖ်စီးရ်အဖွင့်ကျမ်း တွင်ဆင့်ပြန်တင်ပြထားပေသည် ။ အလ္လာဟ်အမိန်တော်များနာခံရင်း အသက်စတေးခွင့်ရခြင်းသည် အလွန်မွန်မြတ်သော သေချင်းတရားဖြစ်သောကြောင့် မေနာ တွင် ထိခိုက်ကွယ်လွန်သွားသော သူများသည် ဟဂ်ျကာလဖြစ်သောကြောင့် အချိန်၏မြင့်မြတ်မှု မက္ကာဟ်မြို့အနီးတွင်ပင်ဖြစ်၍ နေရာဒေသ၏မြင့်မြတ်မှု အဲဟ်ရာမ်၏မြင့်မြတ်မှု အမိန်နာခံနေသောအခြေနေတွင်သေဆုံးခွင့်ရခြင်းဟူသောမြင့်မြတ်မှုအပေါင်း သရဖူဆောင်းပြီး သေရခြင်းဖြစ်သည်။ ရုပ်ကလာပ်မည်သို့ပင်ပျက်ဆီးသွားပါစေ ကောင်းသောသေခြင်း ဖြစ်ခြင်းတွင်သံသယမရှိပေ။ အကြောင်းခံတခုဖြင့် အလ္လာဟ်အရှင်မြတ်၏ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။သံသယပွား အချင်းများ ဖွယ်မရှိပေ။အလ္လာဟ်အရှင်ကျန်ရစ်သူမိသားစုများကို ဆွဗရ်သီးခံခြင်းတရားနဲ့ အရှင့်ရွေးချယ်မှုကို ဂုဏ်ယူမြတ်နိုး နိုင်သောစိတ်စွမ်းအားများနှင့် လောကီ လောကုတ္တရာ နှစ်ဌာနစလုံးတွင် အရှင်မြတ်၏ အရှိန်အဝါနှင့်အညီ ကောင်းသောအစားချီးမြင့်တော်မူပါစေ။
                                                                အာမီးန်

No comments:

Post a Comment