Saturday, April 30, 2016

#နုပျိုမူ့ရှည်ကြာစေရန်တမန်တော်မြတ် ( صلى الله عليهوسلام) #ညွှန်ပြခဲ့သောကုထုံးလမ်းညွှန်

ဟဇ်ရသ်အနတ်စ်ဗင်န်မာလစ်က်(ရသွေ့)က
ဆင့်ပြန်ပြီး တမန်တော်မြတ်( صلى الله عليه وسلام)မိန့်တော်မူသည်မှာ. . . .

'အို လူတို့
ညတွင်အစာကို စားဖြစ်အောင်စားပါလေ၊
အဘယ်ကြောင့်ဆိုသော် ညစာကိုစွန့်လွှတ်
ခြင်းဖြင့် လျင်မြန်စွာအိုမင်းစေသည်။'

ဆိုလိုသည်မှာ အမြဲတန်း ညစာကိုစွန့်လွှတ်ပါက
ဆုံးရှုံးမူ့ဖြစ်စေသည်။
ညတွင် အစာကို လွယ်ကူစွာကြေညက်နိုင်
လောက်သည့် အတိုင်းအတာခန့်သာ စားရန်
သင့်ပေသည်။

#ဆားစားခြင်းရဲ့အကျိုး
**********************

ဟဇ်ရသ်အလီ(ရသွေ့)က ဆင့်ပြန်ခဲ့ပြီး
တမန်တော်မြတ်( صلى الله عليه وسلام)
မိန့်တော်မူသည်မှာ. . . 

'အို  အလီ
အစားအစာအား ဆားနှင့်အတူ အစပြုရန်
ထိုက်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဆားတွင် ရောဂါ
ဝေဒနာပေါင်း(၇၀)၏ ပျောက်ကင်းချမ်းသာမူ့
ကို ထည့်သွင်းထားပေသည်။
ထိုရောဂါ(၇၀)အနက် အချို့မှာ
ရူးသွပ်ခြင်း၊ ကုဋ္ဌနုနာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊
သွားကိုက်ခြင်း စသည်တို့ဖြစ်သည်။'
(အလ္လာဟ်သျှင်သည်သာ အကြွင်းမဲ့သိတော်
မူသော အရှင်ဖြစ်တော်မူသည်)

#အသားစားခြင်းရဲ့အကျိုး
*************************

ဟဇ်ရသ်အဘူဟုရိုင်ရဟ်(ရသွေ့)ကဆင့်ပြန်
ပြီး တမန်တော်မြတ်( صلى الله عليه وسلام)
က မိန့်တော်မူသည်မှာ. . . .

'အသားသည် ဒွန္နယာ အာခေရသ် ရှိ ဟင်းများ
အားလုံး၏ ခေါင်းဆောင်ဖြစ်သည်။'

ဟဇ်ရသ်အလီ(ရသွေ့) မိန့်ဆိုသည်မှာ

'အို လူတို့
သင်တို့ အသားကိုစားရန်ဆန္ဒပြုကြပါ။
ထို့အပြင် ဝလင်စွာစားသုံးကြပါ။
အဘယ်ကြောင့်ဆိုသော် အသားစားခြင်းဖြင့်
လည်ချောင်းကိုကောင်းမွန်စေသည်။
အရောင်အဆင်း ကြည်လင်စေသည်။
ဝမ်းကိုဟာစေပါသည်။
ဆိုလိုသည်မှာ အကြင်သူသည် ရက်ပေါင်း
(၄၈)ရက်အထိ အသားမစားဘဲနေပါက
ထိုသူ၏ လည်ချောင်းကြီးလာလေသည်။'

ဟဇ်ရသ်အဘူဟုရိုင်ရဟ်(ရသွေ့)ဆင့်ပြန်ပြီး
တမန်တော်မြတ်( صلى الله عليه وسلام)
မိန့်ကြားတော်မူသည်မှာ. .

'အသားစားနေသောအချိန်တွင် စိတ်၌
ပျော်ရွှင်ကြည်နူးမူ့ဖြစ်ပေါ်လေသည်

မော်လနာ မွတ်ဖ်သီ ကာရီယူစွဖ်
(အဆ်အဒီ)၏'သွတ်စ်ဗေ့နဗဝီ')

No comments:

Post a Comment