Saturday, April 23, 2016
ဟေဒါယဟ် စာစဉ်(၁) သို့ ကျွန်တော်တို့ သတိမမှုမိတာလေးတွေ
ဟေဒါယဟ် စာစဉ်(၁) သို့ ကျွန်တော်တို့ သတိမမှုမိတာလေးတွေ
မော်လ၀ီ အဟ်မဒ်
လူဆိုတာ အမေ့အမှားနဲ့မကင်းနိုင်းတာကြောင့်
အမှားများပါပါက အမှန်နဲ့ ပြန်လည် ထောက်ပြပေးပါရန် မေတ္တာရပ်ခံပါတယ်
သက်ရှိတိုင်းဟာ သေခြင်းရဲ့အရာသာကို မြည့်စားကြပါမည် (ကုရ်အာန်)
လူတစ်ယောက်ဟာ သူရဲ့သက်တန်း ကုန်ဆုံးချိန်ကို ရောက်လာပြီဆိုရင် အချိန်တစ်မိနစ်မှလည်း
ဆိုင်းငန့်လို့မရပါဘူး. တစ်မိနစ်စေားပြီးမှသေချင်ပါတယ်ဆိုလည်း သေဆုံးလို့မရပါဘူး (ကုရ်အာန်)
သေချင်းတရားဟာ လူတိုင်မြှည်းစားကြရမှာပါ . အသက်ငယ်ငယ်ကြီးကြီး၊ မွတ်စလင်မ်၊ ခရစ်ယာန် ကုလား၊ ဂေါ်ရခါး တရုပ် အားလုံးအားလုံး သေခြင်းရဲ့ အရသာကို မြှည်းစားရမှာပါ
သေခြင်းကို ဟာကျွန်တော် အသက် 15ပဲးရှိသေးတယ် ဟာ 20 ပဲးရှိသေးတယ် နောက်ထက် အချိန် ၅နှစ်လောက်ထပ်ပေးပါဦး ကျွန်တော် ကောင်းမှုကုသိုလ်လေးတွေ လုပ်ချင်းသေးတယ် အဲ့လို စေားဒက တက်လို့လည်းမရပါဘူးဗျာ။
အဲ့တော့ လက်ရှိ ကျွန်တော်တို့ဟာ သေခြင်းဆိုရဲ့ အရာ မရောက်လာခင်မှာ အချိန်တွေရှိပါသေးတယ် ပြင်စဉ်လို့ရပါသေးတယ်
ဘိုခါရီကျမ်းထည်းမှာ အေမာန်ဘိုခါရီဆင့်ပြန်ထားပါတယ်တယ်၊ ဒီဟဒီးစ်ကို ဟဇရသ် အဘူဟိုရိုင်ရဟ်(ရဟေ့)သခင်ကြီးက ဆင့်ပြန်ထားပါတယ်၊ တမန်တော်မြတ် (ဆွ) အမိန်ရှိတယ်
လူတစ်ယောက်သေဆုံးသွားပြီဆိုလို့ရှိရင် သူထံမှာ(၃)ခုသေားအရာတွေက လွှဲးပြီး အားလုံးက သူ့ထံကနေထွက်သွားမှာပါ (၃)ခုသေားအရာသည်သာလျှင် သူနဲ့ သေမကွှဲးတိုက်မပြတ် အတူတူ ရှိနေမှာပါ။
(၁) သူအသက်ထင်ရှားရှိစဉ်တုံးက သူလုပ်ခဲ့တဲ့ ကောင်မှုကုသုလ်
(၂) သူရဲ့ (၀လဒွလ်ဆွာလေဟာ- ကောင်မြတ်သော သားသမီးများ)
(၃)ဆွဒကာသွလ် ဂျာရေရာ - သူအသက်ထင်ရှားရှိစဥင်္တုံးက အများသူငှါ အကြိုးဖြစ်စေဖို့ လှူဒါန်းခဲ့သေား အလှူအဒါန်းများ)
ဒီသုံးခုသာလျှင် သူနဲ့ အမြဲး သေမကွှဲးတိုက်မပြတ်ရှိနေမှာပါ
အဲ့တော့ဗျာ နံပါတ်(၁)မောင့်ဆိုတဲ့ သေခြင်းမရောက်လာခင် ကောင်မှုကုသိုလ်လေးတွေ လုပ်ဖို့လိုပါတယ်၊
နံပါတ်(၂) ကိုယ့်သားသမီးများကို ကောင်းမွန်စွာ ဆုံးမဖို့ သူတို့လေးတွေကို ဟာဖွီးဇ်၊ဟာဖွီးဇာ လေးတွေ အာလင်မ်၊ အာလေ့မသွန်း လေတွေဖြစ်ဖို့လည်း၊ ဒီဟဒီးဆ် အရလိုအပ်တယ်နော်၊ အနည်းဆုံးတော့ ဗျာ နမာဇ်ဖတ်ဖို့ သင်ပေးတာတို့ စူရာဟ် ယာစီန်ကို ဟာဖွီးဇ် ကျက်မှတ်ခိုင်းတာတို့ ဒါတွေကို မိဘတွေအနေနဲ့ မပြတ်မကွက် လုပ်ကို လုပ်ရမယ်နော်
ဘာဖြစ်လို့လည်းဆိုတော့ ကိုသေဆုံးသွားတဲ့အချိန်မှာ သူတို့လေးတွေက တာလျှင် ကိုယ့်အတွက် ကဘရ်ကိုလာပြီး ဇေယျာဒါတ်လုပ်ပေးမယ် ကိုယ်အတွက် ကုရ်အာန်သေလာဝသ်လေးတွေပို့ပေးမယ်၊ ကိုယ့်အတွက် စူရာယာဟ်စီန်းလေးတွေ ဖတ်ပေးမယ်၊ ကိုယ့်အတွက် ဒိုအာတောင်ပေးမယ်၊ ကိုယ်သေသွားပေးမဲ့ သူတို့လေးတွေ တောင်ခံပေးနေတဲ့ ဒိုအာလေးတွေ၊ သူတို့လေးတွေ ဖတ်ရွှတ်သရာယ်ဇါယ်တဲ့ ကုရ်အာန်ရဲ့ အကြိုးစ၀ဗါတ်လေးတွေ ကေယာမသ်တိုင် ကိုယ်က စဗါတ်(ဘ်)ရနေမှာပါ) (အင်ရှာလာဟ်)
စဉ်စားကြည့်ပါ မိတ်ဆွေများခင်ဗျာ
ကိုယ်က မသေခင်မှာ ကိုယ့်သားသမီးကို ကောင်မွန်စွာမဆုံးမဘဲး အရက်သမားဖြစ်စေခဲ့မယ်
ဖိုးသမား ဖဲးသမား ဘိန်းသမား ဖာသမား ဖြစ်စေခဲ့မယ်ဆိုပါတော့၊ ကိုယ်သေတဲ့အချိန်မှာတောင် ကိုယ်ရဲ့ ကဘရ်ကို ဇေယျာဒါဟ် - ကိုယ့်အတွက် ကောင်မှူကုသိုလ် အလှူအတန်း လုပ်းပေးမယ်လို့ထင်လို့လား? စိတ်ချ (လုပ်ပေးမှာ သိပ်စိတ်မပူပါနဲ့ တစ်နှစ်တစ်ခေါက်ပေါ့)
ဒါတောင်နော် ဟာဒီနေ့ငါ့အဖေသေတာ ၁ နှစ်ပြည့်ဟ ဟိုမော်လီဆပ်တွေကို ပိုက်ဆံပေး ငှားဖတ်ခိုင်းလိုက်မယ် ပြီးတာပဲး အလုပ်ရှုပ်ခံလို့ကွာ)
ခဏက စကားလေးပြန်ဆက်ရမယ်ဆိုရင် ကိုယ့်က ကိုယ့်သားသမီးကို အနည်းဆုံးတော့ စူရာယာစင်န်းနဲ့၊ စူရာဟ်ဆယ်ပုဒ်၊ နမာဇ်၊ ရိုဇာ) ဒါတွေမှ ကိုယ်က မသင်ပေးခဲ့တာ အမွှေ မပေးခဲ့တာ အဲ့တော့ ဘယ်လိုလုပ် ကိုယ်ရဲ့ ကဘရ်ကို လာပြီး ကိုယ့်အတွက် ဇေယျာဒတ် လုပ်ပေးနိုင်ပါ့မလည်း၊
မိတ်ဆွေများခင်ဗျာ အရေးကြီးပါတယ်
အခုခေတ်ကလေးတွေကိုကြည့်ပါ လူတစ်ရာမှာ ၁၀ လောက်ကတာ ကိုယ့်ကလေးကို အရဗီစာသင်ပေးတော့တာပါ ၊
ကျွန်တော်တို့ငယ်တုံးက ဆိုရင် မိဘတွေက အာရဗီကျောင်းကို မနက်ပိုင်းအချိန်ပိုင်း ပေါ့ လိုက်ပို့ပေးကြပါတယ် အခုများကြတော့ တရုပ်ကျောင်း၊ အင်္ဂလိပ်စပီကင် ၊ အလိပ် ဂရမာ ၊ ကွန်ပျူတာ အစရှိတဲ့ ကျောင်းတွေကို တာ ပိုပြီး အရေးပေးလာတာ တွေ့မြင့်နေရပါတယ်
ဒီပြင်ညာရပ်တွေ မသင်နဲ့လို့ တားနေတာမဟုတ်ပါဘူး ဒီပညာရပ်တွေနဲ့အတူ အစ္စလာမ့်ရဲ့ အခြေခံပညာရပ်လေးတွေ၊ ကိုပါ အချိန်တစ်ချိန်ထုပ်ပြီး ကိုယ့်သားသမီးများကို သင်စေချင်ပါတယ်
အင်ရှာလာဟ် စာသိပ်ရှည်သွားမှာဆိုးလို့ မနက်ဖြန် ဆက်ပါ့မည်
အားလုံး ဖတ်ရွှတ်ပြီး လက်တွေ့အမလ်လုပ်နိုင်တဲ့ သောင်ဖီးက် အရှင်ချီးမြှင့်ပေးသနားပါစေ(အာမီန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment