Sunday, April 24, 2016

(6)ဦးသောအမျိုးသမီးတို့ကြောင့်ကျရသောကိုယ်တော်၏ရွှေမျက်ရည်

(6)ဦးသောအမျိုးသမီးတို့ကြောင့်ကျရသောကိုယ်တော်၏ရွှေမျက်ရည်
************************************

တခါသော်အလီ(رض)သခင်နှင့်ဖာသွေမာ(رض)
သခင်မတို့သည်ကိုယ်တောမြတ်(صلى الله عليه وسلم)ထံ
ခစားဝင်ရန်သွားကြလေသည်
ထိုသို့ရောက်သွားချိန်၌
ကိုယ်တော်သည်ရိုက်ကြီးတငင်
ငိုကြွေးနေသည်ကိုတွေ့မြင်ရလေသည်

ထိုအာအလီ(رض)ကအိုကိုယ်တော်ကျွနုပ်၏
မိခင်နှင့်ဖခင်ကို ကိုယ်တော်အား
ကုရ်ဘာနီပေးပါသည်။

အဘယ်ကြောင့်ဤမျှလောက်ငိုကြွေးနေသည်ကို
အကျွန်ုပ်အားပြောပြပါဟုဆိုလေသည်။

ထိုအခါကိုယ်တော်က...ကျွန်ုပ်မေအ်ရဂ်ျခရီးစဉ်၌
(6)ဦးသောအမျိုးသမီးတို့၏ပြင်းထန်စွာ
ခံစားနေရသောအာဇားဗ်က
ိုမြင်တွေ့ခဲ့ရလေသည် ထို့ကြောင့် ကျွနုပ်ထိုအမျိုးသမီးများအတွက်သောက
ဖြစ်၍ငိုကြွေးရခြငးဖြစ်သည်ဟုဆိုလေသည်

တဖန်အလီ(رض)ကလျှောက်သည်မှာ
ထိုအမျိုးသမီးများသည်
အဘယ်ကဲ့သို့အာဇားဗ်ခံရ၍အဘယ်သူများနည်း

ကိုယ်တော်ကအဖြေပြန်ပေးလေသည်

ထိုအမျိုးသမီးများထဲမှ

ပထမအမျိုးသမီးမှာပရ်ဒါမဲ့နေထိုင်သောသူမဖြစ်၏ထိုသူမသည်မိမိ၏ဆံပင်များဖြင့်ဂျဟန္နမ်၌တွဲလောင်းချခံနေရပြီး
ထိုသူမ၏ဦးနှောက်သည်ရေနွေးဆူသကဲ့သို့ပွက်ပွက်ဆူနေလေသည်

ဒုတိယအမျိုးသမီးမှာနုပ်လျှာကြမ်းတမ်းသောသူမဖြစ်၏ထိုသူမသည်မိမိ၏လျှာဖြင့်ဂျဟန္နမ်၌တွဲလောင်းချခံနေရလေသည်

တတိယအမျိုးသမီးမှာမပြုပိုင်သောမတရားဆက်သွယ်မူပြုသောသူမဖြစ်၏ထိုသူမသည်မိမိ၏ရင်သားများဖြင့်ဂျဟန္နမ်၌တွဲလောင်းချခံနေရလေသည်

စတုတ္ထအမျိုးသမီးမှာနမားဇ်ကိုပြောင်လှောသရော်သောသူမဖြစ်၏ထိုသူမသည်မိမိ၏ခြေနှစ်ဖက်ကိုရင်ဘတ်၌ချည်နှောင်ပြီး
လက်နှစ်ဖက်ကိုနှဖူးနှင့်ချီနှောင်ခင်းခံနေရလေသည်

ပဉ္စမအမျိုးသမီးမှာဂုံးချောသောသူမဖြစ်၏ထိုသူမ၏မျက်နှာသည်ဝက်သတ္တဝါကဲံသို့ဖြစ်ပြီး
ကိုယ်ခန္ဓာသည်လားသတ္တဝါကဲ့သိ့ဖြစ်နေသည်ထို့ပြင်
မြွေကင်းများသည်လည်းထိုသူမကိုယ်၌ရစ်ပတ်နေကြသည်

ဆဌမအမျိုးသမီးမှာဂုဏ်ဖော်သောသူမဖြစ်၏သူမ၏ရုပ်ဆင်းသဏ္ဍာန်သည်ခွေးကဲ့သိုဖြစ်ပြီး
ဂျဟန္နမ်မီးခဲများသည်သူမ၏ပါးစပ်မှဝင်၍စအိုမှပြန်ထွက်နေလေသည်

အလ္လာဟ်ရှင်ကျမအပါဝင်အမေ၊အမများကိုထိုပြစ်မူမှရှောင်ရှားနိုင်ပီး
ထိုကဲ့သိုအာဇားဗ်မျိုးမှချမ်းသာပေးတော်မူပါ           ......        آمين

Cd#.Facebook

No comments:

Post a Comment