Thursday, April 28, 2016

မည်သည့်ကောင်းမှု့ကိုမှအသေးဖွဲပါဆိုပြီး အထင်မသေးပါနဲ့ မည်သည့်အကုသိုလ်ကိုမှသာမန်ပါပဲဆိုပြီး ပေါ့ဆပြီးမကျူးလွန်နဲ့

မည်သည့်ကောင်းမှု့ကိုမှအသေးဖွဲပါဆိုပြီး အထင်မသေးပါနဲ့
မည်သည့်အကုသိုလ်ကိုမှသာမန်ပါပဲဆိုပြီး ပေါ့ဆပြီးမကျူးလွန်နဲ့
'''''''''''''''''''''''''''''''''''''    '''''''''''''''''''''''''''''''''''''
ကမ္ဘာကျော်ဟဒီးစ်ကျမ်းရှင်အေမာမ်အဘူဒါဝူးဒ် ရဟ်မသွလ္လာဟ်အလိုင်းဟ် သခင်သည်ရေလမ်းခရီးတစ်ခုတွင်လှေပေါ်၌ရှိနေစဉ်ကမ်းတဖက်မှနှာချေသံနှင့်အလ်ဟမ်ဒုလိလ္လာဟ်ဖတ်သံကြားသဖြင့်စွန္နသ်တော်ကိုကောင်ထည်ဖော်သည့်အနေဖြင့်လှေခဒိရ်ဟမ်တစ်ပြားအပိုပေး၍နှာချေသူအား ယရဟမုကလ္လာဟ်ဟုအဖြေသွားပေးလေသည်
အနီရှိတပြည့်သားချင်းတို့ကဘာကြောင့်အပင်ပန်းခံပါသနည်းဟုမေးရာ ဆရာသခင်က ငါ့ကိုသူကဒိုအာပြန်ပေးမှာပဲအဲဒီသူဟာအလ္လာဟ်အရှင်မြတ်ဒိုအာလက်ခံတဲ့သူဖြစ်နေနိုင်တာပဲလေငါဒိုအာရတာပေါ့လို့ပြန်ဖြေတယ် အလ္လာဟ်အသနားကရုဏာတော်ကိုမျော်ကိုးပြီးကောင်းမှု့အသေးဖွဲကိုပင်အားကြိုးမာန်တတ်ပြုသောဆရာသခင်အားအလ္လာဟ်အရှင်မြတ်နှစ်သက်တော်မူပြီး အဘူဒါဝူးဒ်ကတော့်ဂျန္နသ်ကိုဒိရ်ဟမ်တစ်ပြားဖြင့်ဝယ်လိုက်ပြီဟုသတင်းကောင်းပေးတော်မူလေသည် ဖသ်ဟွလ်ဗာရီကျမ်း တွဲ ၁၀ စာ ၆၂၆

အိဗ်နေ့ဟဂ်ျသခင်က
အလ္လာဟ်အရှင်နှစ်သက်ပြီးလွတ်ငြိမ်းချမ်းသာခွင့်မည်သည့်ကောင်းမှုတွင်သတ်မှတ်ထားသည်ကိုမသိရပေ
မည်သည့်လုပ်ရပ်ကြောင့်အလ္လာဟ်အရှင်စိတ်ဆိုးအမျက်ရှမည်ကိုလည်းကြိုတင်မသိရပေဒါ့ကြောင့် ကောင်းမှုအသေးဖွဲကိုလည်းမစွန့်လွတ်လေနှင့်
မကောင်းမှု့အသေးဖွဲတွေကိုလည်းမကျူးလွန်လေနှင့် ဟုသတိပေးဆုံးမထားတော်မူပေသည် ဖသ်ဟွလ်ဗာရီကျမ်း တွဲ၁၁စာ၃၂၁

No comments:

Post a Comment