Friday, April 29, 2016

ကိုယ်ဝန်ဖျက်ချခြင်းနှင့်ရှရီအသ်အမိန့်


ယခုမတ်စ်အလဟ်သည် အမျိုးသမီးများ
ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ်ဝန်ပျက်ကျအောင်
လုပ်ဆောင်ခြင်းများနှင့်ပတ်သတ်ပီးးးသာသနာ့
ပညတ်ချက်မည်သို့ ရှိသည်ကို
တင်ပြပါမည်။
ဤမတ်စ်အလဟ်သည် သန္ဓေသားတည်ပီးး
အသက်ဝိညဉ်ရှိနေသောသန္ဓေသားလောင်း၊
ကိုယ်ဝန်လရင့်နေချိန်များနှင့်သာ သက်ဆိုင်ပါသည်။
သန္ဓေသားမတည်သေးသော မတ်စ်အလဟ်
မဟုတ်ပါ။

အင်န်ရှာအလ္လာဟ် သန္ဓေသားမတည်ခင်
ဖျက်ချခြင်းနှင့်ပတ်သတ်၍လည်းးး
မတ်စ်အလဟ်များဆက်လက်တင်ပြ
ပေးသွားပါမည်။
••••••••••••••••••••••••••••••••••••••••••••••••
(ကိုယ်ဝန်ဖျက်ချခြင်းးးးးး)

အသက်ဝိညဉ်နှင့် ပီးပြည့်စုံသော
သန္ဓေသားဖြစ်တည်ပီးချိန်တွင်ကိုယ်ဝန်ဖျက်ချ
ပါက ဟရာမ်ဖြစ်ခြင်းနှင့်စပ်လျဉ်း၍
် ရှရီအသ်တွင်ခြွင်းချက်မရှိမပြုပိုင်သည့် လုပ်ရပ်ဖြစ်သည်။
သို့ပါ၍ ဝမ်းကြာတိုက်အတွင်းမှ
အသက်ဝိညဉ်ရှိနေသော ကလေးအား
ဖျက်ချခြင်းနှင့် ပြင်ပလောကမှ သက်ရှိလူသား
အားသတ်ခြင်းတွင် ကွာခြားမှုလုံးဝမရှိပါ။
အတူတူပဲဖြစ်သည်။
ကွာခြားမည်ဆိုကလဲ မိခင်၏သားအိမ်အကာ
အကွယ်တစ်ခုသာ ကွာခြားပေလိမ့်မည်။
ပြင်ပမှလူသားသည် အကာအကွယ်မရှိပါ။
ဝမ်းဗိုက်ထဲမှကလေးငယ်သည် သားအိမ်
ဆိုသည့် ပရ်ဒါ တစ်ခုသာကွာခြားပေသည်။
ထို့အတွက်ကြောင့် ကိုယ်ဝန်ရင့်မာနေချိန်
သန္ဓေသားအသက်ရှိနေချိန် ဖျက်ချခြင်းသည်
အမှန်စင်စစ် ပြင်ပလူ့လောကတွင်
လူသတ်သကဲ့သို့ပင်ဖြစ်သည်။

လူသတ်လက်နက်များဖြင့်လူသတ်ခြင်းတွင်
အပြစ်ရှိသကဲ့သို့
ဝမ်းကြာတိုက်အတွင်းမှ အသက်ရှိသန္ဓေသား
အား ဖျက်ချခြင်းသည်လည်း ပြစ်မှု
မြောက်ပေသည်။

ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်
ဗနီအိစ္စရာအီလ်းတွင် အလ္လာဟ်အရှင်မြတ်
သခင်မိန့်ကြားတော်မူသည်။
"لاتقتلوااولادكم"
" အသင်တို့မိမိတို့၏ရင်သွေးများကို
မသတ်ကြလေနှင့်"
ဤအာယသ်တော်သည် ပညာမဲ့ခေတ်
အမိုက်မှောင်ခေတ်များတွင် လူသားများသည်
မိမိတို့၏ ရင်သွေးများကို အရှင်လတ်လတ်
မြေမြှုပ်သတ်ခဲ့ကြသည်ကို ညွှန်ပြနေသည်။
ဤကဲ့သို့ရက်စက်သော လုပ်ရပ်များကို
မပြုလုပ်ရန် အရှင်မြတ်သခင်က
တားမြစ်တော်မူနေပေသည်။
ဤအာယသ်တော်၏ ညွှန်ပြချက်အရ
မိခင်၏ဝမ်းကြာတိုက်တွင် သန္ဓေတည်နေသော
ကလေးငယ်အား ဖျက်ချခြင်း(သတ်ခြင်း)သည်
လည်းအကျုံးဝင်ပေသည်။

ထို့ကြောင့်ဖေကဟ်ပညာ့ရှင်များက
ဤအာယသ်တော်အရ ကိုယ်ဝန်ဖျက်ချခြင်းကို
ဟရာမ် မပြုပိုင်ပါဟု သတ်မှတ်ကြသည်။
ဟာဖိဇ်အိဗ်နေသိုင်မီယဟ် (ရဟ)က ဖသာဝါ
အိဗ်နေသိုင်မီယဟ်ကျမ်းတွင် ဤကဲ့သို့
မိန့်ကြားထားတော်မူသည်။

"اسقط الحمل حرام باالجماع المسلمين وهو
من الوأد الذي قال تعالي فيه.....
"واذاالموءودة سئلت بأي ذنب قتلت"
فتاوي ابن تيميه:٤/٢١٧

"ကိုယ်ဝန်ဖျက်ချခြင်းသည် အိဂ်ျမာအေအွမ်မသ်
(ပညာရှင်များ၏တစ်စုတစ်စည်းတည်းဆုံးဖြတ်ချက်)အရ ဟရာမ် ဖြစ်သည်။
ကိုယ်ဝန်ဖျက်ချခြင်းသည် မိမိရင်သွေးအား
သတ်ခြင်းလုပ်ရပ်တွင် အကျုံးဝင်သည်။
ဤသည်နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်
သခင်က ကျမ်းတော်မြတ် ကုရ်အာန်တွင်
မိန့်ကြားတော်မူသည်။

"ကေယာမသ် ကမ္ဘာ့တရားခွင်နေ့တွင်
အရှင်လတ်လတ်မြေမြှုပ်သတ်ခံခဲ့ရသော
အပြစ်မဲ့ကလေးသူငယ်များအားမေးမြန်း
တော်မူပေလိမ့်မည်။
အသင်တို့မည်သည့် အတွက်ကြောင့်
(မည်သည့်ပြစ်ဒဏ်များကြောင့်)သတ်ခြင်း
ခံခဲ့ရပါသနည်းးးး????"

"الجنين الذي استبان بعض خلقه بمنزلة الجنين التام"
သန္ဓေသားသည် အသက်ဝိညဉ်မရှိသေးသော
အချိန်(ကိုယ်ဝန်နုနေချိန်)ဖျက်ချပါကလည်း
မပိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သန္ဓေသားသည်အချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများ
ဖြစ်တည်လာပါက ပီးပြည့်စုံသော
အသက်ရှိနေသည့် သန္ဓေသားဟု
သာမှတ်ယူရပေမည်။

ဤ(အူစူလ်)စည်းကမ်းချက်များကိုထောက်ရှု့၍
ဖေကဟ်ပညာ့ရှင်များကရေးသားကြသည်။
အကယ်၍ ပီးပြည့်စုံသောသန္ဓေသားမဖြစ်
တည်သေးချိန်တွင် ကိုယ်ဝန်ဖျက်ချပါက
ရှရီအသ်တရားတော်အရ ပီးပြည့်စုံသည့်
အသက်ရှိသန္ဓေသားအားဖျက်ချသကဲ့သို့
ဖြစ်သည့်အတွက်(ဇွေမာန်)လျော်ကြေး
ပေးဆောင်ရန်ဝါဂျိဘ်ဖြစ်ပေလိမ့်မည်။

အကယ်၍လူတစ်ယောက်သည် ကိုယ်ဝန်ရှိ
နေသောအမျိုးသမီး၏ ဝမ်းဗိုက်ကိုရိုက်လိုက်
သည့်အတွက် ကိုယ်ဝန်ပျက်ကျသွားပါက
ဆုံးရှုံးသွားသော
သန္ဓေသားသည် အသက်ရှိနေသည့်
ပီးပြည့်စုံသော သန္ဓေသား ဖြစ်သည်
ဖြစ်စေ မပီးပြည့်စုံသေးသော သန္ဓေသား
ဖြစ်ပါစေ (ပညာရှင်များ၏ အိဂ်ျမအ် တစ်စု
တစ်စည်းတည်းဆုံးဖျက်ချက်အရ)
ပြစ်မှုမြောက်ပီး(ဂုရ်ရဟ်)ခေါ် ကျွန်အထီးဖြစ်စေ
ကျွန်အမဖြစ်စေ တစ်ယောက်လျော်ကြေး
ပေးဆောင်ရန် ဝါဂျိဘ်တာဝန်ထိုက်ပေသည်။

အခြားသူ၏ လုပ်ရပ်ကြောင့်ဖြစ်စေ
မိမိ၏လုပ်ရပ်ကြောင့်ဖြစ်စေ ကိုယ်ဝန်ပျက်ကျ
သွားပါက လျော်ကြေးသည် ပုံစံတူပဲ
ဖြစ်သည်။
မိမိလုပ်ရပ်ကြောင့် အဘယ်ကြောင့် လျော်ကြေး
ပေးဆောင်ရသည် ဆိုသော်........
လူသားသည် မိမိ၏ ခန္ဓာကိုယ်ကို မပိုင်ဆိုင်ပေ။
အမာနသ်ဖြစ်သည်။မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျတ်တောက်
ခြင်း မိမိကိုယ်ကို သတ်သေခြင်းများပြုလုပ်ခွင့်
လုံးဝမရှိပေ။
အခြားသူ၏လုပ်ရပ်ကြောင့် ပြစ်ဒဏ်
မြောက်သကဲ့သို့ မိမိကိုယ်တိုင်ပြုလုပ်ပါကလဲ
ပြစ်ဒဏ်မြောက်ပေသည်။
ထို့အတွက်ကြောင့် ဖေကဟ်ပညာရှင်များက
ဤကဲ့သို့ ကလေးဖျက်ချပါက မိခင်အား
လူသတ်တရားခံဟု သတ်မှတ်ထားပေသည်။

အိဗ်နေအာဗီဒီန်း ရှာမီ(ရဟ)သခင်က
ရဒ်ဒွလ်မော်ဟ်သားရ် ကျမ်းတွင်ဤသို့မိန့်
ထားပေသည်။

"ولايخفي أنها تأثم القتل لواستبان خلقه
ومات بفعلها"
ردالمحتار:٥١٩/٥

ဤကိစ္စသည်ပေါ်လွင်ထင်ရှားပေသည်။
ပီးပြည့်စုံသောသန္ဓေသား ဖြစ်တည်ပီးချိန်တွင်
ကိုယ်ဝန်ဖျက်ချပါက မိခင်သည် လူသတ်သည့် ပြစ်ဒဏ်ဂုနဟ်ကျူးလွန်ခြင်းသာဖြစ်ပေသည်။

ဟဇရသ်အိဗ်ရာဟီမ်း နခအီ(ရဟ)က
ကိုယ်ဝန်ဖျက်ချခြင်းနှင့်စပ်လျဉ်း၍ဤသို့
မိန့်ကြားတော်မူသည်။

"အမျိုးသမီးတစ်ဦးသည် ဆေးသောက်၍
သော်လည်းကောင်း၊ အရာတစ်ခုခု
ထည့်သွင်း၍ မိမိ၏ ကိုယ်ဝန်ကို ပျက်ကျအောင်
ပြုလုပ်ပါက (ကဖာရဟ်)အဖြစ် (ဂုရ်ရဟ်)ခေါ်
ကျွန်အထီး(သို့)အမ တစ်ယောက် ပေးဆောင်
ရပေမည်။"
ابن حزم:المحلي: ٣٧٨/١٢

ကာဇွီခါန်း(ရဟ)သခင်က ဖသာဝါကာဇွီခါန်းတွင်
အမိန့်ရှိသည်။

"အကယ်၍ အမျိုးသမီးတစ်ဦးသည် သန္ဓေသား
ပီးပြည့်စုံ၍ အသက်ဝိညဉ်ရှိနေချိန်တွင်
ကိုယ်ဝန်ဖျက်ချပါက ရှရီအသ်အရ ဟရာမ်
ဖြစ်ခြင်းတွင် အထူးတလည် ပြောနေစရာ
မလိုအပ်ပေ။ဒွိဟမရှိ ဟရာမ်ဖြစ်သည်။

ဤနည်းတူ သန္ဓေသားမပြည့်စုံသေးချိန်
အသက်ဝိညဉ်မရှိသေးချိန် ကိုယ်ဝန်ဖျက်ချပါက
လည်း လုံးဝမပြုပိုင်ပေ။ဟရာမ်ဖြစ်သည်။
သန္ဓေသားမပီးပြည့်စုံသေးချိန် အချို့အစိတ်
အပိုင်းများ ဖြစ်တည်နေချိန်ကို ရှရီအသ်တရား
တော်က မိခင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း
အဖြစ် စာရင်းသွင်းသတ်မှတ်ထားပေသည်။

လူတစ်ယောက်အား သတ်ခြင်း ဟရာမ်
ဂုနဟ်ထိုက်သကဲ့သို့ မိမိ၏ အစိတ်အပိုင်း
များအား ဖျတ်တောက်ခြင်းသည်လည်းးး
ဟရာမ်ဖြစ်ပေသည်။
သို့ပါ၍ မပီးပြည့်စုံသေးသော သန္ဓေသား
အားဖျက်ချခြင်းသည် မိမိ၏အစိတ်အပိုင်း
အားဖျတ်တောက်ခြင်းသာဖြစ်သည့်အတွက်
ဖေကဟ်ပညာ့ရှင်များက ဟရာမ်ဟု
သတ်မှတ်ထားပေသည်။"

အထက်ပါ မိန့်ကြားချက်များအရ
ရှင်းလင်းထင်ပေါ်စွာ သိရှိရသည်မှာ
အမျိုးသမီးများသည် သာသနာ့မှခွင့်ပြုထား
သော အရေးပေါ်လိုအပ်ချက် တစ်စုံတစ်ရာမျှ
မရှိပဲ မိမိ၏ရင်သွေးး ကိုယ်ဝန်အား ဖျက်ချပါက
ဟရာမ် မပြုပိုင်သော အလွန်တရာကြီးလေး
သည့် ရက်စက်သော ပြစ်မှုကို ချိုးဖေါက်ခြင်းသာ
ဖြစ်ပေတော့သည်။

جديد فقهي مسائل جلد اول
حضرت مولانا خالدسيف الله رحماني
صدرمدرسه دارالعلوم سبيل السلام ..حيدرآباد

ဤဓမ္မသတ်အား ဟဇရသ်မော်လာနာ
မုဖ်သီခါလိဒ် ဆိုင်ဖွလ်လာဟ် ရာဟ်မာနီ
သခင်ကြီးရေးသားပြုစုထားသော
"ဂျဒီဒ်းဖိက်ဟီးမစာအိလ်"ခေတ်သစ်
ဓမ္မသတ်မတ်စ်အလဟ်များကျမ်းအတွဲ(1)
စာမျက်နှာ 199/200/201မှ ထုတ်နှုတ်
ဘာသာပြန်ခြင်းဖြစ်ပါသည်။

မူရင်းတင်သူအားဆရာအားအထူးပဲ
ကျေးဇူးတင်ပါတယ်

No comments:

Post a Comment