♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
(၁)အကျိုးမဲ့စကားများပြောဆိုခြင်း
(၂)လိုအပ်သည်ထက်ပို၍ စကားပြောဆိုခြင်း
(၃)အလ္လာဟ်အမိန့်ဖီဆန်သူတို့နှင့် ဇွာလင်မ်သူယုတ်မာတို့၏ မလျော်ကန်သောဖြစ်စဉ်များပြောဆိုခြင်း
(၄)အငြင်းအခုံပြုလုပ်ခြင်း
(၅)ရန်ပြသာနာများပြုလုပ်ခြင်း
(၆)စကားကိုလုပ်ကြံပြောဆိုခြင်း
(၇)ဆဲရေးတိုင်းထွာမူပြုလုပ်ခြင်း
(၈)စကားပြောရိုင်းစိုင်းခြင်း လူကြီးများအပေါ် ရိုင်းပြသည့် စကားများပြောဆိုခြင်း
(၉)ကျိန်ဆဲမူပြုခြင်း ( ဤအကျင့်ဆိုးသည် အမျိုးသမီး
တွင်အများအားဖြင့် ရှိတက်သည် )
(၁၀)တေးသီချင်းနှင့်ရှရီအသ်တရားတော်နှင့် ဆန်ကျင့်သည့်
တေးကဗျာများရွတ်ဆိုခြင်း
(၁၁)အတိုင်းထက်အလွန် နောက်ပြောင်ကျီစယ်ခြင်း
(၁၂)တစ်ဦးတစ်ယောက်၏ နိမ့်ချမူပြုရာရောက်သည့်
စကားမျိုးပြောဆိုခြင်း
(၁၃)တစ်ဦးတစ်ယောက်၏ လျှို့ဝှက်ချက်
်ကိုဖော်ထုတ်ခြင်း
(၁၄)မုသားဂတိပေးခြင်း
(၁၅)မုသားပြောဆိုခြင်း ( သို့ရာတွင်
မွတ်စလင်မ်နှစ်ဦး ရန်ငြိမ်းစေရန်အတွက်လည်းကောင်း
မတရားနှိပ်စက်ခံရသူက မိမိ၏ အခွင့်အရေး
ပြန်လည်ရရှိရေးအတွက် ပြောဆိုခြင်း ပိုင်၏ )
(၁၆)နောက်ကွယ်တွင် မကောင်းပြောဆိုခြင်း
( တစ်ဦးတစ်ယောက်၏ နောက်ကွယ်တွင် ထိုသူ
မနှစ်မြို့မည့်စကားမျိုးကိုပြောဆိုခြင်း
အကယ်၍ ထိုပြောဆိုလိုက်သော စကားသည်
မှန်ကန်သောစကားပင်ဖြစ်ပါစေ )
(၁၇)အတင်းအဖျင်းပြောဆိုခြင်း
(၁၈)တစ်ဦးတစ်ယောက်အား ရှေ့တွင်
ချီးမွန်းစကားပြောဆိုခြင်း ကပ်ပါးရပ်ပါးပြုလုပ်ခြင်း
( အကယ်၍ ထိုသို့ရှေ့တွင် ချီးကျုးလိုက်ခြင်းဖြင့်
တစ်ဖက်သားတွင် မာန်တက်မည်ကို မစိုးရိမ်ရသည့်
အပြင် ကောင်းမူကိစ္စရပ်ကို သာပိုပြုနိုင်ရန်
အားတက်စေခြင်းဖြစ်မည်ဟု မှတ်ယူရလျှင်
ယင်းသို့အခြေအနေတွင် ထိုသို့ ချီးကျုးပြောဆိုခြင်း
သည်အကြောင်းမဟုတ်ပေ )
(၁၉)စကားပြောဆိုရာတွင် မသိမသာပြစ်မှုမြှောက်သော
စကားမျိုးကို သတိမမူခြင်း
ဥပမာ
အများအားဖြင့်လူတို့က ဤသို့ပြောဆိုတက်ကြသည်
"ဟဇရသ်
လူကြီးမင်း၏ နှုတ်မှထွက်ပေါ်မည့်ဒိုအာသည်
မုချကဗူလ်ဖြစ်သွားလိမ့်မည်
သို့မဟုတ်
အပေါ်တွင်မှာသာ အလ္လာဟ် အောက်မှာ
လူကြီးမင်းသာ ကျွန်ုပ်၏ အမှီ ဖြစ်သည် ဟု
ပြောဆိုခြင်း စသည့်စကားများသည်
ရှိရ်က်မြောက်သော စကားများဖြစ်သည် "
(၂၀)အာလင်မ်မဟုတ်သော အဝါမ်များသည်
အာလင်မ်များအား မိမိအတွက်မလိုအပ်သည့်
မေးခွန်းများ မေးမြန်းခြင်း
( အချည်းနှီး မလိုအပ်သော မေးခွန်းများ
မေးမြန်းကာ အာလင်မ်များ၏
အချိန်ကို ဖြုန်းတီးခြင်း )
အာရိဖွလ်ဘိလ္လာဟ် ဟဇရသ်မောင်လာနာ
ရှားဟ်ဟကီးမ်မုဟမ္မဒ် အခ်သရ်ဆွာဟိဗ် ( ရဟ )
၏ အိဆ်ွလာဟေအခ်လားက် စာအုပ်မှ
ဘာသာပြန်တင်ပြသည်။
အလ္လာဟ်အရှင် ကျန်တော်နှင့်တကွ အီမာန်ရှင်
အမျိုးသား အမျိုးသမီးအားလုံးကို
အထက်ပါ အချက်များမှ
ရှောင်ကြဉ်နိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါစေ
အာမီးန်
်ူမူရင်းတင်သူ ဆရာလွှဲလွှဲလေးအားအထူးကျေးဇူးတင်ပါတယ်
Thursday, April 28, 2016
နှုတ်လျှာ၏ ဒုက္ခအမျိုးပေါင်း ( ၂၀ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment