Thursday, April 28, 2016

မေဂျာ နှင့် မိုင်နာ


မနက်ဖြန် ကေယာမသ်နေ့ကျရင် အလ္လာဟ်ရှေ့တော်
မှောက်မှာ အုပ်စုနှစ်အုပ်စု ရှိလိမ့်မယ်
အုပ်စုတစ်အုပ်စုကို
اصحاب اليمين
လို့ခေါ်တယ်
နောက်အုပ်စု တစ်အုပ်စုကို
اصحاب الشمال
ခေါ်တယ်
အုပ်စုတစ်အုပ်စုကတော့ ညာဘက်က အုပ်စု
နောက်အုပ်စုကတော့ ဘယ်ဘက်က အုပ်စု
ဲအဲဒါကို
اصحاب اليمين
နဲ့
اصحاب الشمال
လို့ ကုရ်အာန်ထဲမှာ အလ္လာဟ်အရှင် အမိန့်ရှိထားတယ်
اصحاب اليمين
ကဂျန္နသ်ကိုသွားမယ့်အုပ်စု
اصحاب الشمال
ကဂျဟန္နမ်ကျမယ့်အုပ်စု
اصحاب اليمين
ကဒွန္ဒယာလောကရဲ့ ဘဝဇင်ဒဂီ
သက်တမ်းလေးထဲမှာ စိတ်အလိုကိုမလိုက်ပဲ
မိမိရဲ့ နစ်ဖ်ရဲ့ အလိုကိုမလိုက်ပဲနဲ့
အလ္လာဟ်အမိန့်တွေကိုရှေ့မှာထားပြီး
ဘဝဇင်ဒဂီကို ကုန်ဆုံးခဲ့တဲ့အုပ်စု
اصحاب الشمال
ကတော့ဒွန္ဒယာလောကရဲ့ ဘဝဇင်ဒဂီ
သက်တမ်းလေးထဲမှာ
အလ္လာဟ်အမိန့်တွေကို ဖီဆန်ပြီးတော့
မိမိရဲ့စိတ် အလိုကိုလိုက်ပြီးတော့
ဘဝဇင်ဒဂီကို ကုန်ဆုံးခဲ့တဲ့အုပ်စု
ဘယ်သူဟာ
ဒွန္ဒယာလောကရဲ့ တိုတောင်းလှတဲ့ သက်တမ်းလေး
ထဲမှာ ဘယ်လိုအခြေအနေတွေပဲ
လာပါစေ
လူတိုင်းလူတိုင်းဟာ အခြေအနေ အမျိုးမျိုးနဲ့
ရင်ဆိုင်ရလိမ့်မယ်
ကျန်းမာရေးကောင်းသည်ဖြစ်စေ
ကျန်းမာရေးချို့တဲ့သည်ဖြစ်စေ
စီးပွားရေးပြေလည်ဖြစ်စေ
စီးပွားရေးမပြေလည်သည်ဖြစ်စေ
အိမ်ထောင်ရေးပြေလည်သည်ဖြစ်စေ
အိမ်ထောင်ရေးမပြေလည်ဖြစ်စေ
ဘဝဇင်ဒဂီမှာ လူတိုင်းလူတိုင်းဟာ
အခြေအနေအမျိုးမျိုး နဲ့ ရင်ဆိုင်ရလိမ့်မယ်
ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံတွေ့ရပါစေ
အခြေအနေကို ရှေ့မှာမထားပဲ
အလ္လာဟ်အမိန့်ကို ရှေ့မှာထားခဲ့မယ်ဆိုရင်
အဲဒီပုဂ္ဂိုလ်ဟာ
မနက်ဖြန်ကေယာမသ်နေ့ကျရင်
အလ္လာဟ်အရှင်ဟာ အဲဒီ ပဂ္ဂိုလ်ကို
ဂျန္နသ်ကို ချီးမြှင့်တော်မူလိမ့်မယ်
အကြင်သူဟာ အခြေအနေကို
ရှေ့မှာထားပြီး
အလ္လာဟ်အမိန့်တွေကို ဖီဆန်ခဲ့မယ်ဆိုရင်
အဲဒီသူဟာ မနက်ဖြန်
ကေယာမသ်နေ့ကျရင်
ဂျဟန္နမ်ကို ကျလိမ့်မယ်
မှတ်ထားပါ
မွတ်စ်လင်မ်တစ်ယောက်ရဲ့
အဓိက အောင်မြင်မူ နဲ့ ဆုံးရှုံးမူက
အာခေရသ်အပေါ်မှာ မူတည်တယ်
ဒွန္ဒယာလောကမှာ လူတစ်ယောက်
တိုက်ပေါ်မှာနေရလို့
သူအောင်မြင်သွားတာ မဟုတ်ဘူး
ဒွန္ဒယာလောကမှာ လူတစ်ယောက်
ချမ်းသာလို့ ကြွယ်ဝလို့ သဌေးကြီးဖြစ်လို့
အဲဒီသူ အောင်မြင်သွားတာ မဟုတ်ဘူး
အဲဒီအတိုင်းပဲ
ဒွန္ဒယာလောကမှာ လူတစ်ယောက်
တဲကုတ်ထဲမှာနေရလို့
မနက်စာစားပြီး ညနေစာ စားဖို့မရှိလို့
အဲဒီသူ ဆုံးရှုံးသွားတာ မဟုတ်ဘူး
အဓိက အောင်မြင်မူ နဲ့ ဆုံးရှုံးမူက
အာခေရသ်အပေါ်မှာ ပဲ မူတည်တယ်
မနက်ဖြန်
ကေယာမသ်နေ့ကျရင်
فمن زحزح عن النار وادخل الجنة فقد فاز
အကြင်သူကို အလ္လာဟ်ဟာ ဂျန္နသ်ရဲ့ ဆုံးဖြတ်ချက်
ချမလဲ
အဲဒီသူသာလျှင် ထာဝရအောင်မြင်တဲ့သူ ဖြစ်တယ်
قل ان
မနက်ဖြန်
ကေယာမသ်နေ့ကျရင်
အကြင်သူနဲ့ ပတ်သတ်ပြီး
အလ္လာဟ်ဟာ ဂျဟန္နမ်ရဲ့
ဆုံးဖြတ်ချက်ကို ချမယ်
အဲဒီသူသာလျှင် ထာဝရ ဆုံးရှုံးတဲ့သူဖြစ်တယ်
ထာဝရရဲ့ အောင်မြင်မူကို သိရှိပြီး
မေဂျာနှင့် မိုင်နာကို ခွဲခြားကာ
မေဂျာဖြစ်တဲ့ အာခေရသ်အတွက်
ကြိုးပမ်းနိုင်စွမ်း အားလုံးကို
ချီးမြှင့် ပေးသနားတော်မူပါစေ
                              အာမီးန်
မူရင်းတင်သူဆရာလွှဲလွှဲလေးအား
အထူးကျေးဇူးတင်ပါတယ်

No comments:

Post a Comment