အိုအလ္လာဟ်
ကျနောမျိုးရဲ့ အပြစ်ဂိုနဟ်တွေကို ခွင့်လွတ်တော်မူပါ
နေ့မှာဖြစ်စေ ညမှာဖြစ်စေ အလင်းမှာဖြစ်စေ အမှောင်မှာဖြစ်စေ
သိလျက်နဲ့ဖြစ်စေ မေ့မှားပြီးဖြစ်စေ တစ်ဦးထဲဖြစ်စေ
အုပ်စုလိုက်ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ
စိတ်ကူးနဲ့ဖြစ်စေ ကျုးလွန်မိတဲ့ ဂိုနဟ် ဆွဂီရဟ်
ဂိုနဟ်ကဗီရဟ် အားလုံးကို မအ်ဖ်လုပ်တော်မူပါ
အိုအလ္လာဟ်
ကျန်ရှိသက်တမ်းမှာ အလ္လာဟ်အရှင်မြတ်အမိန့်တော်
တွေအားလုံးကို တမန်တော်မြတ်(ဆွ)ရဲ့စွန္နသ်တော်
အတိုင်းနာခံခွင့်ချီးမြှင့်တော်မူပါ
အိုအလ္လာဟ်
မိမိစိတ်ကြိုက်ဘဝ သက်တမ်းကို နေခဲ့ခြင်းမှ မအ်ဖ်
လုပ်တော်မူပါ အလ္လာဟ်အရှင် ကျေနပ်နှစ်သက်တဲ့
ပုံစံအတိုင်း ကျန်ရှိသက်တမ်းကို ကုန်ဆုံးနိုင်စွမ်း
ပေးသနားတော်မူပါ
အိုအလ္လာဟ်
ဆွဟာဗဟ်တွေကတော့ ကောင်းတဲ့အသိုင်းအဝိုင်း
ကိုရရှိခဲ့ပါတယ် ကျနော်တို့ ပတ်ဝန်းကျင်းကတော့
ဂိုနဟ်ရဲ့အသိုင်းအဝိုင်းပါ အလ္လာဟ် ထိန်းသိမ်း
တော်မူပါ
အိုအလ္လာဟ် အမျိုးသားတွေကိုလည်း ထိန်းသိမ်း
တော်မူပါ အမျိုးသမီးတွေကိုလည်းထိန်းသိမ်း
တော်မူပါ ကလေးသူငယ်များကိုလည်းထိန်းသိမ်း
တော်မူပါ ကောင်းတဲ့အသိုင်းအဝိုင်းမှာပဲထားတော်မူပါ
အိုအလ္လာဟ်
မိဘ ဆရာသမားတွေရဲ့ အပြစ် တွေကို
မအ်ဖ်လုပ်တော်မူပါ
အိုအလ္လာဟ်
ကလီမဟ်နဲ့ ကိုက်ညီတဲ့ဘဝသက်တမ်းကို
ချီးမြှင့်တော်မူပါ
ကလီမဟ်ရဲ့ ဟကီကသ်ကို ချီးမြှင့်တော်မူပါ
အိုအလ္လာဟ် တမန်တော်မြတ်(ဆွ)ရဲ့စွန္နသ်တော်အတိုင်း
ဘဝဇင်ဒဂီကို ကုန်ဆုံးနိုင်တဲ့ သက်တမ်း
ချီးမြှင့်တော်မူပါ
စွန္နသ်တော်တွေကို သင်ယူဆည်းပူးပြီး သူ့နေရာနှင့်
သူ ဖတ်ရွတ်နိုင်စွမ်း ပေးသနားတော်မူပါ
အိုအလ္လာဟ်
နမာဇ်ငါးကြိမ်ကို စွဲစွဲမြဲမြဲ ဖတ်နိုင်စွမ်းပေးတော်မူပါ
ဂျမအသ်နဲ့တကွဖတ်နိုင်စွမ်းချီးမြှင့်တော်မူပါ
သတ်က်ဗီးရ်အူလာနဲ့ဖတ်နိုင်စွမ်းချီးမြှင့်တော်မူပါ
ဆွဖ်ဖေအူလာမှာ ဖတ်နိုင်စွမ်းချီးမြှင့်တော်မူပါ
အသက်ပါတဲ့နမာဇ် ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ
အလ္လာဟ်ရဲ့ဒဟ်ယာန်နဲ့တကွ ဖတ်နိုင်စွမ်း
ချီးမြှင့်တော်မူပါ
အိုအလ္လာဟ်
အေလင်မ်ရဲ့နူရ်ကို ချီးမြှင့်တော်မူပါ
ဇကိရ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ
ဂျဟာလသ်ကို အလ္လာဟ် ခတမ်လုပ်တော်မူပါ
အစ်ကရာမ်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ
အိုအလ္လာဟ်
ကျနော်မျိုးတို့ရဲ့ အခ်လားက်ကို မြင့်မားအောင်
လုပ်ပေးတော်မူပါ
မွတ်စ်လင်မ်ရဲ့တန်ဖိုး ကျနောမျိုးတို့ရဲ့
နှလုံးသားထဲ ထည့်ပေးတော်မူပါ
မွတ်စ်လင်မ်ရဲ့ ဂုဏ်သိက္ခာ ကျနောမျိုးတို့ နှလုံးသား
ထဲ ထည့်ပေးတော်မူပါ
အခ်လားက်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ
အိုအလ္လာဟ်
ကျနောမျိုးတို့ရဲ့ ဂျန် မာလ် ကို အလ္လာဟ်ဒီးန်အတွက်
လက်ခံတော်မူပါ
မကောင်းတဲ့နေရာတွေမှာ သုံးခဲ့မိပါတယ်
ဒီနေ့ကစပြီး ကောင်းတဲ့နေရာမှာပဲ သုံးမယ်လို့
အဇာအင်မ် လုပ်ပါတယ်
အိုအလ္လာဟ်
နောက်ဆုံးအချိန် ကျနော်မျိုးကို ရာဇွီ ဖြစ်တော်မူပါ
အလ္လာဟ် ကျေနပ်တော်မူပါ
နောက်ဆုံးအချိန်ထိ ဒီးန်ရဲ့အသိုင်းအဝိုင်းမှာပဲ
ထားတော်မူပါ
သေခါနီးအချိန်မှာ ကလီမဟ်ကို ချီးမြှင့်တော်မူပါ
ဟွစ်နေခါသေမဟ်ကို ချီးမြှင့်တော်မူပါ
အိုအလ္လာဟ်
အသေဆိုးနဲ့ မသေရပါစေနဲ့ ယာအလ္လာဟ်
အသေဆိုးနဲ့ မသေရပါစေနဲ့ ယာအလ္လာဟ်
သေပြီးတဲ့နောက် ကဗရ်အာဇားဗ် မှ လွတ်ငြိမ်းခွင့်
ပေးတော်မူပါ
ကဗရ်ကို ကျယ်ဝန်းစေတော်မူပါ
ဂျန္နသ်ရဲ့ တံခါးများကို ဖွင့်ပေးတော်မူပါ
ကဗရ် ကို လင်းဝင်းစေတော်မူပါ
မနက်ဖြန် ကေယာမသ်နေ့ကျရင် အလ္လာဟ်ရဲ့
အရှ်ရဲ့ အရိပ်အာဝါသ အောက်မှာထာတော်မူပါ
အိုအလ္လာဟ်
အအ်မာနာမာကို ညာဘက်မှာချီးမြှင့်တော်မူပါ
အိုအလ္လာဟ်
အလ္လာဟ်ရှေ့မှာ ရပ်ရမယ်
ကျနော်မျိုး လုပ်ထားတာအားလုံး ပေါ်မယ်
အလ္လာဟ် ကျနောရဲ့ ဂိုနဟ်တွေကို ဖုံးပေးတော်မူပါ
ပွရ်ဆွေရားသ် တံတားမှ လျင်မြန်စွာ ဖြတ်ကူး
နိုင်စွမ်းပေးတော်မူပါ
အိုအလ္လာဟ်
ဂျန္နသွလ်ဖရ်ဒေါက်စ်ကို ချီးမြှင့်တော်မူပါ
အလ္လာဟ်ရှိမှာ ဂျန္နသွလ်ဖရ်ဒေါက်စ်ကို
တောင်းခံပါတယ်
မထိုက်တန်ပါဘူး အိုအလ္လာဟ်
သို့သော်
အလ္လာဟ်နဗီက ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်း
ခိုင်းထားပါတယ် အိုအလ္လာဟ်
အလ္လာဟ် ဂျဟန္နမ်ကနေ ဖယ်ရှားပေးတော်မူပါ
အလ္လာဟ် ဒေါ်သကနေ ဖယ်ရှားပေးတော်မူပါ
အလ္လာဟ် ကျနော်မျိုး အပေါ် အာဇာဗ် မချလိုက်ပါနဲ့
အလ္လာဟ်ရဲ ရဟ်မသ်တော်ကို မျော်က်ုးပါတယ်
အိုအလ္လာဟ်
ကျနော်မျိုးတို့ရဲ့ တိုတောင်းလှတဲ့ ဘဝဇင်ဒဂီလေး
ထဲမှာ လိုအပ်ချက်တွေကို အလ္လာဟ်
ဖြည့်ဆည်းပေးတော်မူပါ
ကျနော်တို့ရဲ့ ရောင်းဝယ်ရေးမှာ ဗရကသ် ပေးတော်မူပါ
စီးပွားရေးမှာ ဗရကသ် ပေးတော်မူပါ
အိုအလ္လာဟ်
သူများရှေ့မှာ လက်မဖြန့်ရပါစေနဲ့
သူများဆီကနေ မချေးငှားရပါစေနဲ့
သူများအရိပ် မခိုရပါစေနဲ့  ယာအလ္လာဟ်
အိုအလ္လာဟ်
ကျနော်မျိုး သေပြီးနောက်လည်း
သားသမီးတွေ သူများအရိပ် မခိုရပါစေနဲ့
အလ္လာဟ်ရဲ့ ခဇာနဟ် အလွန်ပဲကြီးကြယ်ပါတယ်
အလ္လာဟ် ကျနောကိုလည်း ပေးပါ ပေးပါ ပေးပါ
အလ္လာဟ်မှ မပေးရင် ပေးမယ့်အရှင် မရှိပါဘူး
အလ္လာဟ် ပေးပါ
အိုအလ္လာဟ်
အလ္လာဟ်အရှင် ဂနီပါ ယာ အလ္လာဟ်
ကျနော်မျိုး ဟာ သူတောင်းစားပါ ယာအလ္လာဟ်
တမနတော် အမိန့်ရှိခဲ့တယ် ယာအလ္လာဟ်
အလ္လာဟ်ဆီကနေ မတောင်းရင် အလ္လာဟ် စိတ်
ဆိုးတော်မူတယ်တဲ့
အိုအလ္လာဟ်
အခု အလ္လာဟ် စိတ်မဆိုးအောင် တောင်းနေပါပြီ
ယာအလ္လာဟ်
ရိုဇီထဲမှာ ဗရကသ် ပေးတော်မူပါယာ အလ္လာဟ်
အရောင်းအဝယ်မှာ ဗရကသ်ပေးတော်မူပါ
အဖျက်ဆီးခံထားရတဲ့ ဗလီများကို
အမြန်ဆုံး ပြုပြင်နိုင်စွမ်းပေးသနားတော်မူပါ
ယာအလ္လာဟ်
ဗလီများ မဒ်ရဆာများ ခန်ကာများ ကဗရ်စတာန်
များကို ထိန်းသိမ်းတော်မူပါ
မွတ်စ်လင်မ်များရဲ့ ဂျန် မာလ်ကို ထိန်းသိမ်းတော်မူပါ်
ယာအလ္လာဟ်
ကျနော်မျိုး တောင်းတဲ့ဒိုအာ ကို တမန်တော်မြတ်
( ဆွ ) ကို အကြောင်းခံပြီး လက်ခံတော်မူပါ
အာမီးန်
မူရင်းတင်သူ
ဆရာလွဲလွှဲလေးအားအထူးကျေးဇူးတင်ပါတယ်
Thursday, April 28, 2016
ဒိုအာ ကိုအဆုံးထိဖတ်စေချင်တယ် ပြီးနောက် ကိုယ်တိုင်လည်းတောင်းပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment