Monday, April 25, 2016

သောင်​ဗာများများလုပ်​ကြပါ

အလ္လာဟ်အရှင်မြတ်ဟာ ကအ်ဗဟ်ကျောင်းတော်ကို ဖြိုချဖျက်ဆီးဖို့လာခဲ့တဲ့ အဗ်ရဟဟ်ဘုရင်နဲ့ သူ့ရဲ့ဆင်တပ်ကို အဘာဘီးလ်ပျံလွှားငှက် အုပ်စေလွှတ်ပြီး ဖျက်ဆီးခဲ့တယ်။

အဘာဘီးလ်ငှက်ကလေးတွေ ကိုက်ချီခဲ့တဲ့ကျောက်စရစ်ခဲများနဲ့ အလ္လာဟ်အရှင်မြတ်ဟာ အဗ်ရဟဟ်ဘုရင်ကို အဆုံးသတ်ပေးခဲ့တယ်။

နမ်ရူးဒ်ဘုရင်ကို ခြင်ငကျိုးတစ်ကောင်နဲ့ အဆုံးသတ်ပေးခဲ့တယ်။

အလ္လာဟ်အရှင်မြတ်ကိုစိန်ခေါ်နေသူများအတွက် အခုလည်း ဘယ်လိုစစ်တပ်မျိုး အလ္လာဟ်စေလွှတ်မလဲမသိဘူး။

မိုးသီးမုန်းတိုင်တဲ့
ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးပမာဏတဲ့
အလွန်ပြင်းထန်လာမဲ့သဘာဝဘေးအန္တရာယ်တဲ့

ဒါသည် အကယ်၍များ အလ္လာဟ်အရှင်မြတ်ဘက် က စိန်ခေါ်မှုများအတွက် အစားယူတာဆိုရင် အားလုံးအပေါ် ဒီအဇားဗ်လာတော့မယ်။

အလ္လာဟ်အရှင်မြတ် အားလုံးရဲ့ အပြစ်များကို ခွင့်လွှတ်ပြီး မိမိရဲ့ရဟ်မသ်တော်ကို အကြောင်းခံပြီး အားလုံးကို သနားကြင်နာဖို့ ဒိုအာက အရေးကြီးပါတယ်။

အလ္လာဟ့်ထံမှာ ဒိုအာတောင်းခံနေပါ။ ဘယ်သူ့ရဲ့ ဒိုအာကို အကြောင်းခံပြီး အဇားဗ်များကနေ ကာကွယ်စောင့်ရှောက်မလဲဆိုတာ မသိဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အထင်မသေး သင့်ပါ။

အားလုံးရဲ့ဒိုအာများနဲ့ ယနေ့ဖြစ်နေတဲ့အခြေအနေများကနေ အလ္လာဟ်အရှင်မြတ် သနားကြင်နာတော်မူပါစေ။

အို...အရှင်မြတ်! တမန်တော်မြတ်(ဆွ)ကိုအကြောင်းခံပြီး အလ္လာဟ်အရှင်မြတ်ရဲ့ဂုဏ်တော်များ၊ ကျမ်းတော်များကိုအကြောင်းခံပြီး သနားကြင်နာတော်မူပါ။ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်တော်မူပါ။ အာမီးန်။

#အမှန်တရားဘက်တော်သူ

No comments:

Post a Comment