Saturday, April 30, 2016

#နုပျိုမူ့ရှည်ကြာစေရန်တမန်တော်မြတ် ( صلى الله عليهوسلام) #ညွှန်ပြခဲ့သောကုထုံးလမ်းညွှန်

ဟဇ်ရသ်အနတ်စ်ဗင်န်မာလစ်က်(ရသွေ့)က
ဆင့်ပြန်ပြီး တမန်တော်မြတ်( صلى الله عليه وسلام)မိန့်တော်မူသည်မှာ. . . .

'အို လူတို့
ညတွင်အစာကို စားဖြစ်အောင်စားပါလေ၊
အဘယ်ကြောင့်ဆိုသော် ညစာကိုစွန့်လွှတ်
ခြင်းဖြင့် လျင်မြန်စွာအိုမင်းစေသည်။'

ဆိုလိုသည်မှာ အမြဲတန်း ညစာကိုစွန့်လွှတ်ပါက
ဆုံးရှုံးမူ့ဖြစ်စေသည်။
ညတွင် အစာကို လွယ်ကူစွာကြေညက်နိုင်
လောက်သည့် အတိုင်းအတာခန့်သာ စားရန်
သင့်ပေသည်။

#ဆားစားခြင်းရဲ့အကျိုး
**********************

ဟဇ်ရသ်အလီ(ရသွေ့)က ဆင့်ပြန်ခဲ့ပြီး
တမန်တော်မြတ်( صلى الله عليه وسلام)
မိန့်တော်မူသည်မှာ. . . 

'အို  အလီ
အစားအစာအား ဆားနှင့်အတူ အစပြုရန်
ထိုက်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဆားတွင် ရောဂါ
ဝေဒနာပေါင်း(၇၀)၏ ပျောက်ကင်းချမ်းသာမူ့
ကို ထည့်သွင်းထားပေသည်။
ထိုရောဂါ(၇၀)အနက် အချို့မှာ
ရူးသွပ်ခြင်း၊ ကုဋ္ဌနုနာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊
သွားကိုက်ခြင်း စသည်တို့ဖြစ်သည်။'
(အလ္လာဟ်သျှင်သည်သာ အကြွင်းမဲ့သိတော်
မူသော အရှင်ဖြစ်တော်မူသည်)

#အသားစားခြင်းရဲ့အကျိုး
*************************

ဟဇ်ရသ်အဘူဟုရိုင်ရဟ်(ရသွေ့)ကဆင့်ပြန်
ပြီး တမန်တော်မြတ်( صلى الله عليه وسلام)
က မိန့်တော်မူသည်မှာ. . . .

'အသားသည် ဒွန္နယာ အာခေရသ် ရှိ ဟင်းများ
အားလုံး၏ ခေါင်းဆောင်ဖြစ်သည်။'

ဟဇ်ရသ်အလီ(ရသွေ့) မိန့်ဆိုသည်မှာ

'အို လူတို့
သင်တို့ အသားကိုစားရန်ဆန္ဒပြုကြပါ။
ထို့အပြင် ဝလင်စွာစားသုံးကြပါ။
အဘယ်ကြောင့်ဆိုသော် အသားစားခြင်းဖြင့်
လည်ချောင်းကိုကောင်းမွန်စေသည်။
အရောင်အဆင်း ကြည်လင်စေသည်။
ဝမ်းကိုဟာစေပါသည်။
ဆိုလိုသည်မှာ အကြင်သူသည် ရက်ပေါင်း
(၄၈)ရက်အထိ အသားမစားဘဲနေပါက
ထိုသူ၏ လည်ချောင်းကြီးလာလေသည်။'

ဟဇ်ရသ်အဘူဟုရိုင်ရဟ်(ရသွေ့)ဆင့်ပြန်ပြီး
တမန်တော်မြတ်( صلى الله عليه وسلام)
မိန့်ကြားတော်မူသည်မှာ. .

'အသားစားနေသောအချိန်တွင် စိတ်၌
ပျော်ရွှင်ကြည်နူးမူ့ဖြစ်ပေါ်လေသည်

မော်လနာ မွတ်ဖ်သီ ကာရီယူစွဖ်
(အဆ်အဒီ)၏'သွတ်စ်ဗေ့နဗဝီ')

{ ကုရ်အာန်ကျမ်းမြတ်နှင့် မိအ်ရာဂ်ျ } အပိုင်း (၁)

{ ကုရ်အာန်ကျမ်းမြတ်နှင့် မိအ်ရာဂ်ျ }
အပိုင်း (၁)

မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

“အကြင် သန့်ရှင်းစင်ကြယ်သော အရှင်မြတ်သည် ညဥ့်တစ်ညဥ့်၌ မိမိ၏ကျွန် (တမန်တော်မုဟမ္မဒ်)အား မတ်စ်ဂျိဒိလ်ဟရာမ် ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ထိုကျွန် (တမန်တော်မုဟမ္မဒ်)အား မိမိ၏ အချို့သက်သေလက္ခဏာတော်များကို ပြသတော်မူအံ့သောငှာ အကြင် မတ်စ်ဂျိဒိလ်အက်ဆွာ အလွန်ဝေးလံလှသော ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်၍ သွားခဲ့တော်မူ၏။ ငါအရှင်မြတ်သည် ထိုဗလီဝတ်ကျောင်းတော်၏ ပတ်ဝန်းကျင်ကို ဗရကသ် သုခချမ်းသာမင်္ဂလာနှင့် ပြည့်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင်လျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။” 
ကုရ်အာန်ကျမ်းမြတ် (၁၇း၁)

၁။ (ငါအရှင်မြတ်သည်) ကြယ်တာရာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုကြယ်တာရာသည် ကွယ်ပျောက်၍သွားလေ၏။
၂။ အသင်တို့၏အဖော် (တမန်တော်မြတ်မုဟမ္မဒ်)သည် လမ်းလွဲနေသည်လည်း မဟုတ်ပေ။ လမ်းမှားကို လိုက်ခဲ့သည်လည်း မဟုတ်ပေ။
၃။ ထိုမှတစ်ပါး ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်)သည် (မိမိ)စိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ရှိသည်လည်း မဟုတ်ပေ။
၎။ ယင်းပြောဆိုမှုကား (အလ္လာဟ်အရှင်မြတ် အထံတော်မှ) ထုတ်ပြန်ခြင်းခံရလေသော ထုတ်ပြန်ချက်သာလျှင် ဖြစ်ပေသည်။
၅။ (အသင်တို့၏) ထိုအဖော်အား အလွန်အားအင်ကြီးမားသူ (ကောင်းကင်တမန်)သည် သင်ကြားပို့ချ၍ ပေးခဲ့လေ၏။
၆။ စွမ်းအင်နှင့်ပြည့်စုံသူဖြစ်သော လွန်စွာလှပတင့်တယ်သူဖြစ်သော၊ ထို့နောက် ထို(ကောင်းကင်တမန်)သည် နဂိုမူလရုပ်သဏ္ဌာန်နှင့် အထင်အရှားပေါ်လာခဲ့၏။
၇။ ထိုစဉ်အခါဝယ် ထို(ကောင်းကင်တမန်)သည် မြင့်စွင့်လှစွာသော မိုးကုပ်စကဝိုင်း၌ ရှိနေခဲ့၏။
၈။ ထို့နောက် ထို(ကောင်းကင်တမန်)သည် ချဉ်းကပ်၍လာခဲ့၏။ ထို့နောက်တစ်ဖန် ထပ်မံ၍ ချဉ်းကပ်ခဲ့ပေရာ။
၉။ လေးနှစ်ပြန်မျှသာ ဝေးကွာလေတော့၏။ စင်စစ် ထို့ထက်ပင်ပို၍ နီးကပ်စွာရှိခဲ့လေ၏။
၁၀။ ထိုအခါ ထိုအရှင်မြတ်သည် မိမိ၏ကျွန်(မုဟမ္မဒ်)ထံသို့ မိမိထုတ်ပြန်(လိုသော) ထုတ်ပြန်ချက်များကို ထုတ်ပြန်တော်မူခဲ့လေ၏။
၁၁။ (ထိုအသင်တို့အဖော်၏)စိတ်နှလုံးသည် တွေ့မြင်ခဲ့သော အရာများနှင့်စပ်လျဉ်း၍ မှားယွင်းခြင်းမရှိခဲ့ပေ။
၁၂။ သို့ပါလျက် အသင်တို့သည် ထိုအဖော်နှင့် ၎င်းတွေ့မြင်ခဲ့သောအရာများတွင် အငြင်းအခုံ ပြုနေကြလေသလော။
၁၃။ ထိုမှတစ်ပါး ထိုအဖော်သည် ထို(ကောင်းကင်တမန်)အား ဒုတိယအကြိမ် ဆင်းသက်ရာ၌ မုချဧကန် တွေ့မြင်ခဲ့၏။
၁၄။ နယ်စွန်နယ်ဖျား၌ရှိသော ဆီးပင် “စစ်ဒရသုလ်မွန်သဟာ” ဆီးပင်၏အနီးတွင်။
၁၅။ ယင်းဆီးပင်၏ အနီး၌ပင် “ဂျန္နသုလ်မအ်ဝါ”သုခဘုံ ရှိ၏။
၁၆။ အကြင်အခါဝယ် ဆီးပင်ကို ဖုံးလွှမ်းလျက်ရှိသောအရာများသည် ဖုံးလွှမ်းလျက်ရှိ၏။
၁၇။ (ထိုအဖော်၏) မျက်စိသည် သွေချော်ခဲ့သည်လည်းမရှိချေ။ ကျော်လွန်သွားခဲ့သည်လည်း မရှိချေ။
၁၈။ ဧကန်မလွဲ ထိုအဖော်သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကြီးကျယ်လှစွာသော သက်သေလက္ခဏာတော်များကို တွေ့မြင်ခဲ့သည်မှာ အမှန်ပေတည်း။

စူရာ-၅၃၊ စူရသွန်နဂျမ်၊ ကြယ်တာရာများကဏ္ဍ၊ အာယသ်တော် (၁ မှ ၁၈)

စူရဟ်အိခ်လားစွ်၏ ထူးမြတ်မှုနှင့်ဘရ်ကသ်မင်္ဂလာသက်ရောက်မှု


    အကြင်သူသည် နေ့ စဉ်နေ့ တိုင်း ယင်းစူရဟ်အိခ်လာစ်ွကို ဝိုဇူနှင့်တကွ အကြိမ်(၂၀၀)ဖတ်ပါက(၉)ခုသောအကျိုးကျေးဇူးရရှိပေလိမ့်မည်။
(၁) အလ္လာဟ်အရှင်မြတ်၏ အမျက်ဒေါသ တံခါးပေါက်(၃၀၀) ပိတ်သွားပေမည်။ဥပမာ ရန်သူ-ကပ်ဆိုက်ခြင်း-ပြသနာကျရောက်ခြင်း အစရှိသည်တို့ ဖြစ်ပါသည်။
(၂) အလ္လာဟ်အရှင်မြတ်၏ ကရုဏတံခါးပေါက်(၃၀၀)ဖွင့်ပေးစေတော်မှုမည်။
(၃) အလ္လာဟ်အရှင်မြတ်၏ ရိုဇီရိက္ခာ၏တံခါးပေါက်(၃၀၀)ဖွင့်ပေးစေတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည်အကွယ်မှ ရိုဇီရိက္ခာ ချီးမြှင့်တော်မူမည်။
(၄) ကြိုးပမ်းမူမရှိဘဲ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အိလ်မ်တော်မှ အိလ်မ်ချီးမြှင့်တော်မူမည်။ မိမိ၏ အမြော်မြင်များမှ အမြော်မြင်ချီးမြှင့်တော်မူမည်။
(၅) ကုရ်အာန်ကျမ်းတော်မြတ်ကို (၃၆) ကြိမ်အစအဆုံးဖတ်သည့်အကျိုးရရှိမည်။
(၆) နှစ်ပေါင်း(၅၀)၏ အပြစ်များ လွတ်ငြိမ်းချမ်းသာခွင့်ရရှိမည်။
(၇) အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်တွင်ခန်းနားထယ်ဝါသော အဆောက်အအုံ(၂၀) ကို ချီးမြှင့်မည်။ ထိုအဆောက်အအုံများကိုကျောက်မျက်ရတနာဖြင့်ပြုလုပ်ထားမည်။ တံခါးပေါက် ခုနှစ်သောင်းရှိမည်။
(၈) နဖလ်နမာဇ်ရကအသ်(၂၀၀၀)၏အကျိုးရရှိမည်။
(၉)သေဆုံးချိန် ဖရိရှ်သ်(၁၁၀၀၀၀)ပါဝင်ပို့ မည်။

ဟာဂျီဘိုင်အဗ္ဗဒူလ်ဝဟားဗ်ဆပ်၏အစဉ်အမြဲဖတ်ရန်မှာကြားလေ့ရှိသော ဝဇီဖာဟ်မှ ကောက်နှုတ်တင်ပြသည်

Friday, April 29, 2016

#သက္ကဝါ


တမန်တော်မြတ်(ဆွ)ကမိမိရင်ဘက်ကိုသုံးကြိမ်ညွှန်ပြပီး သက္ကဝါဆိုတာဒီနေရာမှာ(နှလုံးသား)မှာရှိတယ်လို့ မိန့်ကြားခဲ့တယ်။

التقوي ههنا ويشير إلي صدره ثلاث مرات

နောက်ဟဒီးဆ်တော်တစ်ပုဒ်မှာတမန်တော်မြတ်(ဆွ)ကမိန့်ကြားတော်မူတယ်။

الا إن في الجسد مضغة

အာရုံစိုက်၍ နားထောင်ကြလော့
ခန္ဓာကိုယ်မှာအစိတ်အပိုင်းတစ်ခုရှိတယ်၊

إذا صلحت صلح الجسد كله

အဲဒီအစိတ်အပိုင်းကောင်းနေရင်ခန္ဓာကိုယ်တစ်ခုလုံး ကောင်းနေမယ်၊

وإذا فسدت فسد الجسد كله

အဲဒီ အစိတ်အပိုင်း ပျက်စီးချို့ယွင်း သွားရင် ခန္ဓာ တစ်ခုလုံးချို့ယွင်း ပျက်စီး သွားလိမ့်မယ်၊

الا وهي القلب

သတိ ပြုကြကုန်လော !
ထိုအစိတ်အပိုင်းမှာ နှလုံးသား ဖြစ်တယ်။

ဒီဟဒိးဆ် နှစ်ပုဒ်က နေ သိရတာက သက္ကဝါ တရားရဲ့ တည်နေရာ ဟာ နှလုံးသား ဖြစ်တယ်။

နှလုံးသား ဖြူ စင် သန့်ရှင်းရင် အခြား အစိတ်အပိုင်းတွေလည်း ဂိုနာ အကုသိုလ်ကနေ သန့်စင် လာလိမ့်မယ်။နှလုံးသား ညစ်ညမ်းရင် အခြား အစိတ်အပိုင်းတွေလည်း ဂိုနာတွေနဲ့ ညစ်ညမ်း လာလိမ့်မယ်။

ဒါကြောင့် အခြေအနေ တိုင်းမှာ နှလုံးသား ဖြူ စင် လှပရေး အလေးထားဖို့ မုစ်လင်မ် တစ်ယောက်အတွက် လိုအပ်တယ်။ နှလုံးသား လှပရေး ကြိုးစား အားထုတ်ဖို့ အရေးကြီးပါတယ်။

မူရင်းတင်သူဆရာအား
အထူးပဲကျေးဇူးတင်ပါတယ်

                                                                     

®"သတိမမူ ဂူမမြင်"®


± တစ်နေ့ငါးကလေးတစ်ကောင်က
ငါးစားတစ်ခု
နားမှာ ရစ်သီ ရစ်သီ လုပ်နေတာကို
ငါးကြီး
တစ်ကောင်က တွေ့တော့
(အငယ်လေး)ဒီဟာ
ကို မဟပ်လေနင့်၊
ဟပ်လိုက်ရင်သူနောက်မှာပါ
တဲ့ငါးမျှားချိတ်မှာ ချိတ်မိမယ်။
အပေါ်ကလူဆို
တဲ့သတ္တဝါကဖမ်းလိမ့်မယ်။
မင်းရဲ့ အကြေးခွံ
ကိုဒါးနဲ့ရှစ်လိုက်မယ်။
မင်းကို အပိုင်း ပိုင်းလုပ်ပြီး
ဒယ်အိုးမှာ ဆီထည့်ပြီးကြော်မယ်။
သူရဲ့သွားတွေနဲ့ဝါးပြီးစားလိမ့်မယ်။
လိမ္မာလိုက်
ပါ(အငယ်လေး)လို့ပြောပြီးလှည့်ထွက်သွားတယ်။

±(ငါးအငယ်လေး)ကပတ်ဝန်းကျင်ကိုလှည့်
ပြီးကြည့်တယ်။
ဘယ်မှာလည်း ချိတ် ?/
ဘယ်မှာလည်း လူ
ဘယ်မှာလည်းဒါး?ဘယ်မှာလည်းဒယ်အိုး/ဆီ
ဘာမှလည်းမတွေ့ရ/ဘာမှလည်းမရှိပါလား?
ငါထွက်သွားရင် သူဝိုက် ဖို့ပြောနေတာဘဲဆို
ပြီး ငါးစားကိုဟပ်လိုက်တယ်။ချိတ်မှာချိတ်မိ
ွသွားတယ်။ငါးမျှားသူထံရောက်သွားတယ်၊ခုတ်ထစ်
ပြီးကြော်စားခြင်းခံလိုက်ရတယ်။

± ဒီနေ့ သာသနာ့ပညာရှင်တွေကလည်း ဂိုနာဟ်
တွေမလုပ်ပါနဲ့၊ဒါဟာဟရာမ်ဖြစ်တယ်/ဒါက
ဟလာလ်ဖြစ်တယ်၊ဆိုပြီးသတိပေးဆုးံမနေတယ်။
မောသ် သေခြင်းလည်းလာလိမ့်မယ်၊ကဗာရ်
မှာလည်းအရိုက်ခံရမယ်၊နမာဇ်ဝတ်မပြုရင်
မြွေနဂါးတွေကိုက်ပေါ်က်လိမ့်မယ်၊အီမာန်
မပါဘဲသေဆုးံသွားမယ်ဆိုရင်၊ဂျဟန္နမ်မီးနဲ့
အဆေးခံလိမ့်မယ်ဆိုပြီးသတိပေးတင်ပြနေတယ်။
ကျနော်တို့တွေကလည်း ဘာမှမရှိပါလားဆို
ပြီး၊အပြစ်တွေကျူးလွန်နေကြတယ်။
ပညာရှင်များရဲ့ဆုးံမမူများကို(သတိမမူ/ဂူမမြင်)
ဘဲနဲ့မသိကျိုးကျွှံ့နေ နေကြတယ်။
ကျနော်တို့တစ်တွေဟာပညာရှင်များရဲ့ဆိုဆုးံ
မမူကိုနားထောင်လိမ့်မယ်ဆိုရင်၊ဒွန္နယာရော
အာခေရသ်ပါမုချ ပျော်ရွှင်မူတွေကိုရရှိမှာပါ။
ကျနော်တို့တစ်တွေအားလုးံကို အလ္လာဟ်
ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ/
                                      အာမိးန်

ကိုယ်တော်မြတ်(ဆွ)၏အသနားတော်

ကိုယ်တော်မြတ်(ဆွ)အမိန့်ရှိတယ်

်ဟရှ၇်မှာအလ္လာဟ်အရှင်မြတ်က
ဂျဟန္နမ်ကိုယူလာမယ်ဂျဟန္နမ်ကဆိုးဝါးတဲ့
အသံထွက်လာမယ်

အဲ့အသံကြားပီးလူတွေဟာ
တယောက်နဲ့တယောက်မှတ်မိမှာမဟုတ်တော့ဘူး

အားလုံးနှူတ်မှမိမိဘာသာစကားနဲ့
ကျနော့်အသက်
ကျနော့်အသက် ဆိုပြီးပြောနေမယ်

ဂျဟန္နမ်ယူလာတဲ့အချိန်မှာစူးရှကျယ်လောင်တဲ့အသံနဲ့မီးတောက်မီးလျံတွေတောက်နေမယ်

အသံတွေကြားပီးအမျိုးသားအမျိုးသမီးအားလုံးလဲကျသွားမယ်

ပြီးရင်နှူက်ကနေ

အို.အလ္လာဟ်ကျနော့်အသက်
ကျနော့်အသက် သာမန်လူတွေမဟုတ်ဘူး

နဗီအမ်ဗီယာများပင်လျင်အဲ့လိုရွတ်ဆိုနေမယ်

အီဗရာဟင်ခလီလွလ္လာအလိုက်ဟေ့စ္စလာမ်လဲ
ဲကျနော့်အဖေ
ကျနော့်သားမဟုတ်ဘူး
ကျနော့်အသက်ပဲ

အီဆာအလိုင်ဟေ့စ္စလာမ်ကမိခင်မရ်ယမ်သခင်မအတွက်မဟုတ်ဘူး
ကျနော့်အသက်
ကျနော့်အသက်

အီဆာအလိုက်ဟေ့စ္စလာမ်ကနေ
အာဒမ်အလိုင်ဟေ့စ္စလာမ်ထိ
အားလုံးသောနဗီ၇စူလ်တွေဟာ
ကျနော့်အသက်လို့ပဲပြောနေလိမ့်မယ်

ယာယဟ်အလိုင်ဟေ့စ္စလာမ်နဲ့

ဇကရီယာအလိုင်ဟေ့စ္စလာမ်

ဆုလိုင်မန်အလိုင်ဟေ့စ္စလာမ်နဲ့

ဒါဝူးသ်အလိုင်ဟေ့စ္စလာမ်တို့်ဟာ
သားအဖတွေပဲ

သို့သော်ကျနော့်အသက်လို့ပဲတောင်းခံနေမယ်

နဗီရစူလ်တွေတောင်ဒီလိုဆိုကျနော်တို့ဘယ်လိုနေမလဲ အဲလိုအချိန်

အွမ္မသီ ၀မ်းနည်းစွာဖြင့်အွမ္မသီ အားလုံးကအသံလာ၇ာဘက်ကြည့်နေတယ်

မိမိအတွက်မတောင်းပဲ
#အွမ္မသ်အတွက်ပဲတောင်းနေတယ် ကြည့်လိုက်တယ်

ဒါဘယ်သူလဲ
အို့ဟို....

ဒါဟာ#မုဟမ္မသွလ်၇စူလ်လွလ္လာ(ဆွ)ဖြစ်နေတယ်

ဝမ်းနည်းစွာဖြင့်ကိုပေါ်ကအဝတ်ခင်းပြီး လက်နှစ်ဖက်မြှောက်ပြီး

အိုအလ္လာဟ်ကျနော့်နောက်လိုက်အွမ္မသ် ကျနော့်အွမ္မသ်ဆိုပီးတောင်းနေမယ် ဘလိုအွမ္မသ်လဲ?

အရက်သောက်တယ်
မူးယစ်ဆေးသုံးတယ်
ဇေနာလုပ်တယ်
အလောင်းကစားလုပ်တယ်

ကျနော်တို့ဆိုအဲဒီနေရာဘယ်လိုလုပ်မလဲ

သွားမင်းတို့ငါ့ရှေ့ကသွား
ငါ့သိက္ခာကိုဂရုမစိုက်ခဲ့တာ
ကိုယ်တော်မြတ်ပြောမယ်

မင်းတို့ငါ့မိသားစုရဲ့
#အနစ်နာခံမှူ

#ဆာလွန်းလို့ဗိုက်ကျောက်ခဲချည်ခဲ့ရတာ

#ညစဉ်သောကနဲ့ငိုကြွေးခဲ့တဲ့မျက်ရည်တွေ

#အိုဟွသ်ရှဟီးသ်ဖြစ်ခဲ့တဲ့သွားတော်

#သွာအိဖ်ကသွေးတွေ

ငါ့ရဲ့လူမမယ်ကလေးတွေစတေးခဲ့တာတွေ

ဒါတွေကိုမင်းတို့ဂရုမစိုက်ခဲ့ဘူး

အိုအလ္လာဟ်ထိုသူတွေကိုဂျဟန္နမ်ပို့်ပါ
မပြောပဲအခွင့်ရေးရှိသော်လဲ အားလုံးသောလူတွေကို့အတွက်ပဲသတိရနေချိန်

အွမ္မသ်အတွက်သောကထားတဲ့ကိုယ်တော်ပါ အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးနဲ့ကိုယ်တော်မြတ်(ဆွ)ရဲ့ကျေးဇူးကဘယ်တော့မှဆပ်၇မှာမဟုတ်ပါဘူး

ကိုယ်တော့်ရဲ့အွမ္မသ်အပေါ်ထားတဲ့
အကြင်နာသနားကိုဖော်ပြဖို့
သုံးနှူံးဖို့စကားတောင်မရှိတော့ပါဘူး ကျေနပ်တိုင်းသတိရတိုင်းဖတ်လိုက်ပါ

����اللهمَّﷺصَلِّﷺوَسَـــلِّمْﷺوَبَارِكﷺْعلىﷺنَبِيِّنَـــاﷺمُحمَّدﷺ����
����اللهمَّﷺصَلِّﷺوَسَـــلِّمْﷺوَبَارِكﷺْعلىﷺنَبِيِّنَـــاﷺمُحمَّدﷺ����
����اللهمَّﷺصَلِّﷺوَسَـــلِّمْﷺوَبَارِكﷺْعلىﷺنَبِيِّنَـــاﷺمُحمَّدﷺ����

ဆွလ္လလ္လာဟု အလိုင်းဟိ ဝစ္စလ္လမ်

တခါပို့ရင်ရဟ်မသ်၁၀ကြိမ်လာမယ်နော်

Inshallah အားလုံးကိုအမလ်လုပ်ခွင့်ပေးတော်မုပါစေ
အာမီးန်
မောင်လနာသွာရိက်ဂျမီးဆပ်ဗယာန်

အီမာန် ခိုင်မြဲနေစေရန် ဒိုအာတောင်းခံရန်လိုအပ်ခြင်း

အလ္လာဟ်အရှင်မြတ်ထံ မိမိ၏
အီမာန်တည်မြဲနေရန်အတွက်
ဒိုအာတောင်းနေကြရန်လိုအပ်၏။
အဘယ့်ကြောင့်ဆိုသော်
များစွာသော သူတို့သည်
၎င်းတို့၏ ဂိုလ်နာ အာကုသိုလ်
ကျူးလွန်မှု များပြားလာမှုကြောင့်
နောက်ဆုံး၌ အီမာန်ယုံကြည်ချက်ပင်
ပျက်ပြားသွားကြသောကြောင့် ဖြစ်၏။

(ဖကီးဟ်အဘူလိုက်စ် စမရ်ကန်ဒီ)

ကိုယ်ဝန်ဖျက်ချခြင်းနှင့်ရှရီအသ်အမိန့်


ယခုမတ်စ်အလဟ်သည် အမျိုးသမီးများ
ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ်ဝန်ပျက်ကျအောင်
လုပ်ဆောင်ခြင်းများနှင့်ပတ်သတ်ပီးးးသာသနာ့
ပညတ်ချက်မည်သို့ ရှိသည်ကို
တင်ပြပါမည်။
ဤမတ်စ်အလဟ်သည် သန္ဓေသားတည်ပီးး
အသက်ဝိညဉ်ရှိနေသောသန္ဓေသားလောင်း၊
ကိုယ်ဝန်လရင့်နေချိန်များနှင့်သာ သက်ဆိုင်ပါသည်။
သန္ဓေသားမတည်သေးသော မတ်စ်အလဟ်
မဟုတ်ပါ။

အင်န်ရှာအလ္လာဟ် သန္ဓေသားမတည်ခင်
ဖျက်ချခြင်းနှင့်ပတ်သတ်၍လည်းးး
မတ်စ်အလဟ်များဆက်လက်တင်ပြ
ပေးသွားပါမည်။
••••••••••••••••••••••••••••••••••••••••••••••••
(ကိုယ်ဝန်ဖျက်ချခြင်းးးးးး)

အသက်ဝိညဉ်နှင့် ပီးပြည့်စုံသော
သန္ဓေသားဖြစ်တည်ပီးချိန်တွင်ကိုယ်ဝန်ဖျက်ချ
ပါက ဟရာမ်ဖြစ်ခြင်းနှင့်စပ်လျဉ်း၍
် ရှရီအသ်တွင်ခြွင်းချက်မရှိမပြုပိုင်သည့် လုပ်ရပ်ဖြစ်သည်။
သို့ပါ၍ ဝမ်းကြာတိုက်အတွင်းမှ
အသက်ဝိညဉ်ရှိနေသော ကလေးအား
ဖျက်ချခြင်းနှင့် ပြင်ပလောကမှ သက်ရှိလူသား
အားသတ်ခြင်းတွင် ကွာခြားမှုလုံးဝမရှိပါ။
အတူတူပဲဖြစ်သည်။
ကွာခြားမည်ဆိုကလဲ မိခင်၏သားအိမ်အကာ
အကွယ်တစ်ခုသာ ကွာခြားပေလိမ့်မည်။
ပြင်ပမှလူသားသည် အကာအကွယ်မရှိပါ။
ဝမ်းဗိုက်ထဲမှကလေးငယ်သည် သားအိမ်
ဆိုသည့် ပရ်ဒါ တစ်ခုသာကွာခြားပေသည်။
ထို့အတွက်ကြောင့် ကိုယ်ဝန်ရင့်မာနေချိန်
သန္ဓေသားအသက်ရှိနေချိန် ဖျက်ချခြင်းသည်
အမှန်စင်စစ် ပြင်ပလူ့လောကတွင်
လူသတ်သကဲ့သို့ပင်ဖြစ်သည်။

လူသတ်လက်နက်များဖြင့်လူသတ်ခြင်းတွင်
အပြစ်ရှိသကဲ့သို့
ဝမ်းကြာတိုက်အတွင်းမှ အသက်ရှိသန္ဓေသား
အား ဖျက်ချခြင်းသည်လည်း ပြစ်မှု
မြောက်ပေသည်။

ကျမ်းတော်မြတ်ကုရ်အာန် စူရဟ်
ဗနီအိစ္စရာအီလ်းတွင် အလ္လာဟ်အရှင်မြတ်
သခင်မိန့်ကြားတော်မူသည်။
"لاتقتلوااولادكم"
" အသင်တို့မိမိတို့၏ရင်သွေးများကို
မသတ်ကြလေနှင့်"
ဤအာယသ်တော်သည် ပညာမဲ့ခေတ်
အမိုက်မှောင်ခေတ်များတွင် လူသားများသည်
မိမိတို့၏ ရင်သွေးများကို အရှင်လတ်လတ်
မြေမြှုပ်သတ်ခဲ့ကြသည်ကို ညွှန်ပြနေသည်။
ဤကဲ့သို့ရက်စက်သော လုပ်ရပ်များကို
မပြုလုပ်ရန် အရှင်မြတ်သခင်က
တားမြစ်တော်မူနေပေသည်။
ဤအာယသ်တော်၏ ညွှန်ပြချက်အရ
မိခင်၏ဝမ်းကြာတိုက်တွင် သန္ဓေတည်နေသော
ကလေးငယ်အား ဖျက်ချခြင်း(သတ်ခြင်း)သည်
လည်းအကျုံးဝင်ပေသည်။

ထို့ကြောင့်ဖေကဟ်ပညာ့ရှင်များက
ဤအာယသ်တော်အရ ကိုယ်ဝန်ဖျက်ချခြင်းကို
ဟရာမ် မပြုပိုင်ပါဟု သတ်မှတ်ကြသည်။
ဟာဖိဇ်အိဗ်နေသိုင်မီယဟ် (ရဟ)က ဖသာဝါ
အိဗ်နေသိုင်မီယဟ်ကျမ်းတွင် ဤကဲ့သို့
မိန့်ကြားထားတော်မူသည်။

"اسقط الحمل حرام باالجماع المسلمين وهو
من الوأد الذي قال تعالي فيه.....
"واذاالموءودة سئلت بأي ذنب قتلت"
فتاوي ابن تيميه:٤/٢١٧

"ကိုယ်ဝန်ဖျက်ချခြင်းသည် အိဂ်ျမာအေအွမ်မသ်
(ပညာရှင်များ၏တစ်စုတစ်စည်းတည်းဆုံးဖြတ်ချက်)အရ ဟရာမ် ဖြစ်သည်။
ကိုယ်ဝန်ဖျက်ချခြင်းသည် မိမိရင်သွေးအား
သတ်ခြင်းလုပ်ရပ်တွင် အကျုံးဝင်သည်။
ဤသည်နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်
သခင်က ကျမ်းတော်မြတ် ကုရ်အာန်တွင်
မိန့်ကြားတော်မူသည်။

"ကေယာမသ် ကမ္ဘာ့တရားခွင်နေ့တွင်
အရှင်လတ်လတ်မြေမြှုပ်သတ်ခံခဲ့ရသော
အပြစ်မဲ့ကလေးသူငယ်များအားမေးမြန်း
တော်မူပေလိမ့်မည်။
အသင်တို့မည်သည့် အတွက်ကြောင့်
(မည်သည့်ပြစ်ဒဏ်များကြောင့်)သတ်ခြင်း
ခံခဲ့ရပါသနည်းးးး????"

"الجنين الذي استبان بعض خلقه بمنزلة الجنين التام"
သန္ဓေသားသည် အသက်ဝိညဉ်မရှိသေးသော
အချိန်(ကိုယ်ဝန်နုနေချိန်)ဖျက်ချပါကလည်း
မပိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သန္ဓေသားသည်အချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများ
ဖြစ်တည်လာပါက ပီးပြည့်စုံသော
အသက်ရှိနေသည့် သန္ဓေသားဟု
သာမှတ်ယူရပေမည်။

ဤ(အူစူလ်)စည်းကမ်းချက်များကိုထောက်ရှု့၍
ဖေကဟ်ပညာ့ရှင်များကရေးသားကြသည်။
အကယ်၍ ပီးပြည့်စုံသောသန္ဓေသားမဖြစ်
တည်သေးချိန်တွင် ကိုယ်ဝန်ဖျက်ချပါက
ရှရီအသ်တရားတော်အရ ပီးပြည့်စုံသည့်
အသက်ရှိသန္ဓေသားအားဖျက်ချသကဲ့သို့
ဖြစ်သည့်အတွက်(ဇွေမာန်)လျော်ကြေး
ပေးဆောင်ရန်ဝါဂျိဘ်ဖြစ်ပေလိမ့်မည်။

အကယ်၍လူတစ်ယောက်သည် ကိုယ်ဝန်ရှိ
နေသောအမျိုးသမီး၏ ဝမ်းဗိုက်ကိုရိုက်လိုက်
သည့်အတွက် ကိုယ်ဝန်ပျက်ကျသွားပါက
ဆုံးရှုံးသွားသော
သန္ဓေသားသည် အသက်ရှိနေသည့်
ပီးပြည့်စုံသော သန္ဓေသား ဖြစ်သည်
ဖြစ်စေ မပီးပြည့်စုံသေးသော သန္ဓေသား
ဖြစ်ပါစေ (ပညာရှင်များ၏ အိဂ်ျမအ် တစ်စု
တစ်စည်းတည်းဆုံးဖျက်ချက်အရ)
ပြစ်မှုမြောက်ပီး(ဂုရ်ရဟ်)ခေါ် ကျွန်အထီးဖြစ်စေ
ကျွန်အမဖြစ်စေ တစ်ယောက်လျော်ကြေး
ပေးဆောင်ရန် ဝါဂျိဘ်တာဝန်ထိုက်ပေသည်။

အခြားသူ၏ လုပ်ရပ်ကြောင့်ဖြစ်စေ
မိမိ၏လုပ်ရပ်ကြောင့်ဖြစ်စေ ကိုယ်ဝန်ပျက်ကျ
သွားပါက လျော်ကြေးသည် ပုံစံတူပဲ
ဖြစ်သည်။
မိမိလုပ်ရပ်ကြောင့် အဘယ်ကြောင့် လျော်ကြေး
ပေးဆောင်ရသည် ဆိုသော်........
လူသားသည် မိမိ၏ ခန္ဓာကိုယ်ကို မပိုင်ဆိုင်ပေ။
အမာနသ်ဖြစ်သည်။မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျတ်တောက်
ခြင်း မိမိကိုယ်ကို သတ်သေခြင်းများပြုလုပ်ခွင့်
လုံးဝမရှိပေ။
အခြားသူ၏လုပ်ရပ်ကြောင့် ပြစ်ဒဏ်
မြောက်သကဲ့သို့ မိမိကိုယ်တိုင်ပြုလုပ်ပါကလဲ
ပြစ်ဒဏ်မြောက်ပေသည်။
ထို့အတွက်ကြောင့် ဖေကဟ်ပညာရှင်များက
ဤကဲ့သို့ ကလေးဖျက်ချပါက မိခင်အား
လူသတ်တရားခံဟု သတ်မှတ်ထားပေသည်။

အိဗ်နေအာဗီဒီန်း ရှာမီ(ရဟ)သခင်က
ရဒ်ဒွလ်မော်ဟ်သားရ် ကျမ်းတွင်ဤသို့မိန့်
ထားပေသည်။

"ولايخفي أنها تأثم القتل لواستبان خلقه
ومات بفعلها"
ردالمحتار:٥١٩/٥

ဤကိစ္စသည်ပေါ်လွင်ထင်ရှားပေသည်။
ပီးပြည့်စုံသောသန္ဓေသား ဖြစ်တည်ပီးချိန်တွင်
ကိုယ်ဝန်ဖျက်ချပါက မိခင်သည် လူသတ်သည့် ပြစ်ဒဏ်ဂုနဟ်ကျူးလွန်ခြင်းသာဖြစ်ပေသည်။

ဟဇရသ်အိဗ်ရာဟီမ်း နခအီ(ရဟ)က
ကိုယ်ဝန်ဖျက်ချခြင်းနှင့်စပ်လျဉ်း၍ဤသို့
မိန့်ကြားတော်မူသည်။

"အမျိုးသမီးတစ်ဦးသည် ဆေးသောက်၍
သော်လည်းကောင်း၊ အရာတစ်ခုခု
ထည့်သွင်း၍ မိမိ၏ ကိုယ်ဝန်ကို ပျက်ကျအောင်
ပြုလုပ်ပါက (ကဖာရဟ်)အဖြစ် (ဂုရ်ရဟ်)ခေါ်
ကျွန်အထီး(သို့)အမ တစ်ယောက် ပေးဆောင်
ရပေမည်။"
ابن حزم:المحلي: ٣٧٨/١٢

ကာဇွီခါန်း(ရဟ)သခင်က ဖသာဝါကာဇွီခါန်းတွင်
အမိန့်ရှိသည်။

"အကယ်၍ အမျိုးသမီးတစ်ဦးသည် သန္ဓေသား
ပီးပြည့်စုံ၍ အသက်ဝိညဉ်ရှိနေချိန်တွင်
ကိုယ်ဝန်ဖျက်ချပါက ရှရီအသ်အရ ဟရာမ်
ဖြစ်ခြင်းတွင် အထူးတလည် ပြောနေစရာ
မလိုအပ်ပေ။ဒွိဟမရှိ ဟရာမ်ဖြစ်သည်။

ဤနည်းတူ သန္ဓေသားမပြည့်စုံသေးချိန်
အသက်ဝိညဉ်မရှိသေးချိန် ကိုယ်ဝန်ဖျက်ချပါက
လည်း လုံးဝမပြုပိုင်ပေ။ဟရာမ်ဖြစ်သည်။
သန္ဓေသားမပီးပြည့်စုံသေးချိန် အချို့အစိတ်
အပိုင်းများ ဖြစ်တည်နေချိန်ကို ရှရီအသ်တရား
တော်က မိခင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း
အဖြစ် စာရင်းသွင်းသတ်မှတ်ထားပေသည်။

လူတစ်ယောက်အား သတ်ခြင်း ဟရာမ်
ဂုနဟ်ထိုက်သကဲ့သို့ မိမိ၏ အစိတ်အပိုင်း
များအား ဖျတ်တောက်ခြင်းသည်လည်းးး
ဟရာမ်ဖြစ်ပေသည်။
သို့ပါ၍ မပီးပြည့်စုံသေးသော သန္ဓေသား
အားဖျက်ချခြင်းသည် မိမိ၏အစိတ်အပိုင်း
အားဖျတ်တောက်ခြင်းသာဖြစ်သည့်အတွက်
ဖေကဟ်ပညာ့ရှင်များက ဟရာမ်ဟု
သတ်မှတ်ထားပေသည်။"

အထက်ပါ မိန့်ကြားချက်များအရ
ရှင်းလင်းထင်ပေါ်စွာ သိရှိရသည်မှာ
အမျိုးသမီးများသည် သာသနာ့မှခွင့်ပြုထား
သော အရေးပေါ်လိုအပ်ချက် တစ်စုံတစ်ရာမျှ
မရှိပဲ မိမိ၏ရင်သွေးး ကိုယ်ဝန်အား ဖျက်ချပါက
ဟရာမ် မပြုပိုင်သော အလွန်တရာကြီးလေး
သည့် ရက်စက်သော ပြစ်မှုကို ချိုးဖေါက်ခြင်းသာ
ဖြစ်ပေတော့သည်။

جديد فقهي مسائل جلد اول
حضرت مولانا خالدسيف الله رحماني
صدرمدرسه دارالعلوم سبيل السلام ..حيدرآباد

ဤဓမ္မသတ်အား ဟဇရသ်မော်လာနာ
မုဖ်သီခါလိဒ် ဆိုင်ဖွလ်လာဟ် ရာဟ်မာနီ
သခင်ကြီးရေးသားပြုစုထားသော
"ဂျဒီဒ်းဖိက်ဟီးမစာအိလ်"ခေတ်သစ်
ဓမ္မသတ်မတ်စ်အလဟ်များကျမ်းအတွဲ(1)
စာမျက်နှာ 199/200/201မှ ထုတ်နှုတ်
ဘာသာပြန်ခြင်းဖြစ်ပါသည်။

မူရင်းတင်သူအားဆရာအားအထူးပဲ
ကျေးဇူးတင်ပါတယ်