Thursday, December 22, 2016

နမာဇ်နှင့် သိထားသင်သည့်များ

နမာဇ်နှင့် သိထားသင်သည့်များ

အ​မေး။ လူသူအများ စုရုံး၍ နမာဇ် ဖတ်ခြင်းကို မည်​သို့ ​ခေါ်ဆိုပါ သနည်း။

အဖြေ။ လူသူအများ စုရုံး၍ နမာဇ် ဖတ်ခြင်းကို ဂျမာအသ် ဟူ၍ လည်းကောင်း၊ နမာဇ် ဖတ်ပေးသူကို အီမာမ် ရှေ့ဆောင်ဟု၍ လည်းကောင်း၊ နောက်မှ လိုက်၍ ဖတ်သူများကို မွတ်က်သဒီ ဟူ၍ လည်းကောင်း ခေါ်ဆိုကြ ပါသည်။

အမေး။ တဦး တယောက်တည်း နမာဇ် ဖတ်သူကို အဘယ်သို့ ခေါ်ဆိုသနည်း။
အဖြေ။ တဦး တယောက်တည်း နမာဇ် ဖတ်သူကို မွန်ဖရစ်ဒ် ဟုခေါ်ဆို ပါသည်။

အမေး။ အကြင် အဆောက်အအုံကို သီးသန့် နမာဇ်ဖတ်ရန် ဆောက်လုပ် ထား၏။ ထို၌ စုရုံး၍ ဂျမာအသ်နှင့် နမာဇ် ဖတ်သည် ရှိသော် ၄င်းအဆောက် အအုံကို မည်​သို့ ခေါ်သနည်း။
အဖြေ။ ၄င်းအဆောက် အအုံကို မတ်စ်ဂျီးဒ် (၀ါ) ဦးချရာ နေရာ၊ယခုအခါ ဗလီ ၀တ်ကျောင်းတော် ဟုခေါ်ဆိုကြ ပါသည်။

အမေး။ ဗလီ ၀တ်ကျောင်းတော် သို့သွား၍ ဘာလုပ်ကြ သနည်း။
အဖြေ။ ဗလီ ၀တ်ကျောင်းတော်သို့ သွား၍ နမာဇ်ဝတ်ပြုခြင်း၊ ကျမ်းမြတ် ကုရ်အာန် ဖတ်ခြင်း၊ အခြား နည်းဖြင့် နေ့စဉ် ဖတ်ရွတ်လေ့ ရှိသည့် ၀ဇီဖဟ် ဖတ်ခြင်း၊ သိုတည်းမဟုတ် ရိုရိုသေသေ ဆိတ်ဆိတ် ထိုင်နေခြင်း ဖြစ်သည်။ ဗလီ ၀တ်ကျောင်းတော်သို့ သွား၍ ကစားခုန်စား ပြုခြင်း၊ အော်ကြီး ဟစ်ကျယ် ပြောဆို နေခြင်း၊ လောကီရေး စကား ပြောခြင်းများသည် မသင့်လှပေ။

အမေး။ နမာဇ် ၀တ်ပြုခြင်းဖြင့် မည်သို့ အကျိုးရှိ သနည်း။
အဖြေ။ နမာဇ် ၀တ်ပြုခြင်းဖြင့် အကျိုးကျေးဇူး အမြောက်အမြား ရှိပါသည်။ အနည်း အကျဉ်းကို ဖော်ပြပါအံ။
(၁) နမာဇ် ၀တ်ပြုသူ၏ ကိုယ်ခန္ဓာနှင့် အ၀တ် အထည်သည် သန့်ရှင်း စင်ကြယ်လေ့ ရှိသည်။
(၂) နမာဇ် ၀တ်ပြုသူအား အလ္လာဟ်​ အသျှင်မြတ် နှစ်မြို့တော် မူသည်။
(၃) တမန်တော်မြတ် မူဟမ္မဒ် သခင်( ဆလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) ကလည်း နမာဇ် ၀တ်ပြုသူအား ချစ်ခင် နှစ်သက်တော် မူသည်။
(၄) နမာဇ် ၀တ်ပြုသူသည် အလ္လာဟ် အသျှင်မြတ် နှင့် ချဉ်းကပ်လျက် ရှိသည်။
(၅) နမာဇ် ၀တ်ပြုသူအား ဂုဏ် ကျက်သရေ ရှိသူတို့သည် လောကီ၌လည်း ဂုဏ်ပြု လေးစားလေ့ ရှိသည်။
(၆) နမာဇ် ၀တ်ပြုသူသည် အကုသိုလ် အပေါင်းမှ ကင်းဝေး လေသည်။
(၇) နမာဇ်ဝတ်ပြုသူအား အလ္လာဟ်အသျှင်မြတ်သည် လောကီ လောကုတ္တရာ နှစ်ဋ္ဌာန၌ ချမ်းသာသုခ ခံစားစေ​တော်​ မူသည်။

အဖြေ။ နမာဇ် ၀တ်ပြုရာ၌ ရွတ်ဖတ်ရ သမျှသော အရဗီ စာပိုဒ်များနှင့် အမည်နာမများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

သပ်က်ဗီရ်သဟ်ရိမဟ်

اَللّٰهُ اَكْبَرْ
အသံထွက်။ အလ္လာဟု အပ်က်ဗရ်
ဆနာဟ်

سُبْحَانَكَ اللّٰهُمَّ وَبِحَمْدِكَ وَتَبَارَكَ اسْمُكَ وَتَعٰلٰى جَدُّكَ وَلآإِلٰهَ غَيْرُكَ
အသံထွက် ။ စွဗ်ဟာန ကလ္လာ ဟွမ်းမ္မ၊ ၀ဗိဟမ်ဒိက၊ ၀သာဗာရ ကတ်စ်မုက၊ ၀သအာလာ ဂျဒ္ဒုက၊ ၀လား အိလာဟ ဂိုင်းရုက။
အဓိပ္ပာယ်။ အို--အလ္လဟ် အသျှင်မြတ်၊ အသျှင်မြတ်သည် ချို့တဲ့ခြင်း အပေါင်းမှ ကင်းရှင်းတော် မူပါကြောင်း၊ ၊ ချီးမွမ်းထောပနာ ပြုခြင်းသည် အသျှင့် အဖို့သာ ဖြစ်ကြောင်း၊ အသျှင့်၊ နာမတော်သည် ဗရကသ် မင်္ဂလာ တရားတော်နှင့် ပြည့်စုံကြောင်း၊ အသျှင့် တန်ခိုးတော်သည် ကြီးမားတော် မူကြောင်း၊ အသျှင်​မြတ်​ မှတပါး အခြား ကိုးကွယ်ထိုက်သူ ဟူ၍ အလျင်း မရှိကြောင်း ၀န်ခံပါ၏။

သအောင့်ဝုဇ်
اَعُوْذُبِاللّٰهِ مِنَ الشَّيْطَانِ الرَّجِيْمِ
အသံထွက်။ အအူးဇု ဗစ်လ္လာဟိ ၊ မိနတ်ရှ် ယှိက်သွာ နစ်ရ်ရဂျီးမ်
အဓိပ္ပာယ် ။ အလ္လာဟ် အသျှင်မြတ် ထံတော်အပါးမှ နှင်ထုတ်ခြင်း ခံရ​​သော ယှိုက်​သွာန်​ မိစ္ဆာ ကောင်၏ အနှောက်အယှက်မှ ကင်းဝေးနိုင်ရန် အလ္လာဟ်​ အသျှင်​မြတ်​ ထံတော်ဝယ် ခိုလှုံပန်ကြားပါ၏ ။

သတ်စ်မီယဟ်
بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِيْمِ
အသံထွက် ။ ဗစ်စမစ်လ္လာ၊ ဟစ်ရ်ရဟ်မာ ၊ နစ်ရ်ရဟီမ်း။
အဓိပ္ပာယ် ။ အလွန်တရာ သနား ကြင်​နာ​တော်​ မူလှသော၊ မဟာ ကရုဏာရှင် ဖြစ်တော်မူလှသော၊ အလ္လာဟ် အသျှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

ဖာသိဟာဟ်
اَلْحَمْدُ لِلّٰهِ رَبِّ الْعٰلَمِيْنَ⭕️ اَلرَّحْمٰنِ الرَّحِيْمِ⭕️ مٰلِكِ يَوْمِ الدِّيْنِ⭕️ اِيَّاكَ نَعْبُدُ وَاِيَّاكَ نَسْتَعِيْنُ⭕️ اِهْدِنَا الصِّرَاطَ الْمُسْتَقِيْمَ⭕️ صِرَاطَ الَّذِيْنَ اَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوْبِ عَلَيْهِمْ وَلَا الضَّآلِّيْنَ⭕️
အသံထွက်။ အလ်ဟမ်ဒု ၊ လစ်လ္လဟိ ၊ ရဗ္ဗစ်လ်အား လမိးန်း ၊အရ်ရဟ်မာ နစ်ရ်ဟီးမ် ၊ မာလကိ ယောင်း မစ်ဒ်းန် ၊ အီးယားက နအ်ဗုဒု ၊ ၀အီးယားက နဆ်သအီ်းန်။ အေ့ဟ်ဒီနဆ် ဆိရလ်သွာလ် မွတ်စ်သကီးမ၊ ဆိရာသွာ လ္လဇီးန ၊ အန်အမ်သ အလိုက်ဟင်မ်၊ ဂိုင်းရစ်လ် မဂ်သူးဗိ၊ အလိုက်ဟင်မ် ၀လသ်ွ သွားလီးန်။
အဓိပ္ပာယ်။ ခပ်သိမ်းကုန်သော ချီးမွမ်း ထောမနာ ပြုခြင်း အ​ပေါင်းတို့သည်​ စကြာဝဠာ လောက အပေါင်းတို့ကို ဖန်ဆင်းတော်မူသော အလ္လာဟ် အသျှင်မြတ် အဖို့သာ ဖြစ်သည်။ (ထိုအသျှင်သည်) အလွန်တရာ သနား ကြင်နာတော် မူသော မဟာ ကရုဏာတော်ရှင် ဖြစ်တော်မူသည်။ ကိယာမသ် ကမ္ဘာပျသွားလီးန်။ကို စိုးပိုင်တော်မူသည်။ အို... အလ္လာဟ်​ အသျှင်၊ ကျွန်တော်/ မျိုးမတို့သည် အသျှင်မြတ်ကိုသာ ခယရိုကျိုး ဆည်းကပ် ကိုးကွယ်ပါ၏။ အသျှင့် ထံတော်၌သာ အကူအညီ အထောက်အပံ့ ကို တောင်းခံပါ၏။ အို့... အသျှင်မြတ်၊ ကျွန်တော်/ မျိုးမတို့အား ဖြောင့်မတ် မှန်ကန်သော တရား လမ်းကြောင်းကိုသာ ညွန်ကြား ပြသတော် မူပါ။ အကြင်သူတို့အား အသျှင်မြတ်သည် ဆုတော် လာဘ်တော်ကို ချီးမြှင့်တော် မူခဲ့လေပြီ။ အသျှင်မြတ်၏ အမျက်တော် ရှခြင်းကိုခံရသော သူတို့၏ လမ်းကြောင်းမှ လွဲပါစေသတည်း။

စူရဟ်ကောင်ဆရ်
إِنَّا أَعْطَيْنَاَكَ الْكَوْثَرَ⭕️ فَصَلِّ لِرَبِّكَ وَانْحَرْ⭕️ إِنَّ شَانِئَكَ هُوَ الْاَبْتَرُ⭕️
အသံထွက်။ အင်န္နာ အအ်သွိုင်းနာ။ ကလ် ကောင်ဆရ်၊ ဖဆလ်လိ လိရဗ်ဗိက၊ ၀ါန်ဟရ်၊ အင်န္န ရှာနိအက ဟုဝလ်အဗိသရ်။
အဓိပ္ပာယ်။ မုချဧကန် ငါအသျှင်​မြတ်​ သည်​ သင့်အား၊ ကောင်ဆရ် ရေကန်ကို ချီးမြှင့်တော်မူသည်။ သို့ဖြစ်၍ သင်သည် မိမိအား ဖန်ဆင်း​တော်​ မူသော အသျှင့်အား နမာဇ်​ ၀တ်ပြုပါလေ၊ မလွဲဧကန် အမှန်ပင် သင့် ရန်သူများသည်သာလျှင် အမြီးပြတ် ဖြစ်ချေပြီ။

စူရဟ်အစ်ခိလာဆိ
قُلْ هُوَ اللّٰهُ اَحَدٌ⭕️ اللّٰهُ الصَّمَدْ⭕️ لَمْ يَلِدْ وَلَمْ يُوْ لَدْ⭕️ وَلَمْ يَكُنْ لَهٗ كُفُوًا اَحَدٌ⭕️
အသံထွက်။ ကွလ် ဟုဝလ္လာဟု အဟဒ်၊ အလ္လာဟုဆ် ဆမဒ်၊ လမ်ယလစ်ဒ်၊ မလမ်ယူးလဒ်၊ ၀လမ်ယကွလ္လဟု၊ ကုဖုဝန်အဟ်ဒ်။
အဓိပ္ပါယ်။ အို ... နဗီ တမန်တော်၊ ပြောကြားပါလော့။ အလ္လာဟ် အသျှင်မြတ်သည် တဆူတည်း၊ တပါးတည်း တည်ရှိ ​တော်မူသည်​​​။ အလ္လာဟ် ​အသျှင်မြတ်သည် လိုလားတောင့်တခြင်းမှ ကင်းရှင်းတော်မှုသော အသျှင်​ ဖြစ်တော်မှု၏။ ထိုအသျှင်မြတ်သည် မည်သူကိုမျှ မမွေးဖွားပါ။ မည်သူကမှလည်း ထိုအသျှင်မြတ်ကို မွေးဖွားသည် ​ဟူ၍ မရှိချေ။ ထိုအသျှင်မြတ်နှင့် ဂုဏ်ရည်တူသည် ဟူ၍လည်း တဦးတယောက်မျှ မရှိပေ။

စူရဟ်ဖလက်(က်)
قُلْ اَعُوْذُ بِرَبِّ الْفَلَقِ⭕️ مِنْ شَرِّ مَا خَلَقَ⭕️ وَمِنْ شَرِّ غَاسِقٍ اِذَا وَقَبَ⭕️ وَمِنْ شَرِّ النَّفَّاثٰتِ فِى الْعُقَدِ⭕️ وَمِنْ شَرِّ حَاسِدٍ اِذَا حَسَدَ⭕️
အသံထွက်။ ကွလ်အအူးဇု ဗိရဗ္ဗစ်လ် ဖလက်ကေ၊ မင်န်ရှရ်ရိ မာဖလက၊ ဝမင်န်ရှရ်ရိ ဂါစိကင်န် အိဇာဝကဗ်၊ ဝမင်​န်​ ရှက်​ရ်​ရင်​န်​ နဖ်ဖာဆာသိ ဖစ်လ်အုကဒ် ဝမင်န်ရှရ်ရိ ဟာစိဒင်န် အိဇာဟစဒ်၊
အဓိပ္ပါယ်။ အို ... နဗီ တမန်တော်၊ ဆုမွန် ဒုအာ၌ ရွတ်ဖက် သရဇ္ဈာယ်လော့။ သက်ရှိသတ္တဝါ အပေါင်းတို့ ၏ အန္တရာယ် အနှောင့် အယှက်​ ပြုခြင်းမှ လည်းကောင်း၊ မှောင်အတိ ဖုံးအုပ်သည့် ည၌ ကျရောက်တက်သည့် အန္တရာယ်မှ လည်းကောင်း၊ ကြိုးထုံးများ၌ ဂါထာ မန်းမှုတ်တက်သူများ၏ အနှောင့်အယှက် ပြုခြင်းမှလည်းကောင်း၊ ဝန်တို စိတ်ထားရှိသူ၏ ရန်ဖွဲ့ ခြင်းမှ လည်းကောင်း၊ ကင်းဝေး ချမ်းသာစွာ နေနိုင်ရန် နံနက် ​မိုးသောက်ယံ အချိန်ကို ဖန်ဆင်းတော်မှုသော အလ္လာဟ် အသျှင်မြတ် ထံတော်ဝယ် ကျွန်တော်မျိုး/ မ တို့ သည် ခိုလှုံအပ်ပါသည်။

စူရာဟ်နားစ်
قُلْ اَعُوْذُ بِرَبِّ النَّاسِ⭕️ مَلِكِ النَّاسِ⭕️ اِلٰهِ النَّاسِ⭕️ مِنْ شَرِّ الْوَسْوَاسِ الْخَنَّاسِ⭕️ الَّذِىْ يُوَسْوِسُ فِىْ صُدُوْرِ النَّاسِ⭕️ مِنَ الْجِنَّةِ وَالنَّاسِ⭕️
အသံထွက်။ ကွလ် အအူးဇု ဗိရဗ္ဗင် ​န္နာစ်၊ မလိကင် န္နာစ်၊ အိလာဟင်န် နားစ်​ ​​၊ မင်န်ရှရ်ရစ်လ် ​​ဝါတ်စ်ဝါစစ်လ် ခန္နာစစ်လ္လဇီ၊ ယုဝါတ်စ်ဝီးစု၊ ဖီးဆုဒူးရင်န္နာစ်၊ မိနလ်ဂျန္နသိ၊ ဝါန္နာစ်။
အဓိပ္ပါယ်။ အို ... နဗီတမန်တော်၊ ဆုမွန် ဒုအာ၌ ဤသို့  တောင်းဆို ပါလော့။ မနုသ လူသားတို့ မှ လည်းကောင်း၊ ဂျင်န်တို့ မှ လည်းကောင်း၊ လူတို့ ၏ စိတ်နှလုံး၌ သံသယ ဖြစ်စေ၍ နောက်သို့  ဆုတ်သွားသူတို့ ၏ နှောင့်ယှက် ဖျက်ဆီးခြင်းမှ ကင်းဝေး ချမ်းသာခွင့် ရရန် လူသတ္တဝါ တို့ ကို ဖန်ဆင်း တော်မှုသော၊ လူသတ္တဝါတို့ ကို စိုးပိုင် တော်မှုသော၊ လူသတ္တဝါ တို့ ၏ ဆည်းကပ် ကိုးကွယ်ရာ ဖြစ်သော အလ္လာဟ် အသျှင်သခင် ထံတော် ပါးသို့  ကျွန်တော်မျိုးသည် ခိုလှုံအပ်ပါသည်။

ဦးညွှတ်ရာ၌ ရွတ်ဆိုရသော သတ်စ်ဗိဟ်

سُبْحَانَ رَبِّىَ الْعَظِيْمْ
အသံထွက်။ စွဗ်ဟာန၊ ရဗွီယလ်အဇီးမ်။
အဓိပ္ပါယ်။ ကျွန်တော်မျိုး/ မ တို့ ၏ ကြီးကြယ် ​မြင့်မြတ် တော်မူလှသော အသျှင်သခင်သည် စင်ကြယ် ​​​မြင့်မြတ်တော်မှုပါ၏။

ဦးညွတ်​ရာမှ မတ်​တတ်​ရပ်​ ရာ၌ ရွတ်​ဆိုရ​သော သတ်​စ်​​ဗီဟ်
سَمِعَ اللّٰهُ لِمَنْ حَمِدَهٗ
အသံထွက်။ စမိအလ္လာဟု၊ လိမန် ဟမိဒဟ်။
အဓိပ္ပါယ်။ အလ္လာဟ် အသျှင်မြတ်သည် မိမိအား ချီးမွမ်း ထောမနာ ပြုသူ၏ ချီးမွမ်းထောမနာ ပြုခြင်းကို ကြားသေ​တာ် ​မှုလေသည်။

မတ်တတ်ရပ်နေစဉ် ဆိုရသော သတ်စ်ဗီးဟ်
رَبَّنَا لَكَ الْحَمْدُ
အသံထွက်။ ရဗ္ဗနာ၊ လကလ်ဟမ်ဒ်။
အဓိပ္ပါယ်။ အို.... အသျှင်၊ ကျွန်တော်မျိုး/ မ တို့ ၏ အသျှင် သခင်၊ ချီးမွမ်း ထောမနာ အပေါင်းတို့ သည် အသျှင်မြတ် ဖို့ သာလျှင် ဖြစ်ပါ၏။

ဦးချချိန်၌ ဆိုရသော သတ်စ်ဗီးဟ်
سُبْحَانَ رَبِّىَ الْأَعْلٰى
အသံထွက်။ စွဗ်ဟာန၊ ရဗ္ဗိယလ် အအ်လာ။
အဓိပ္ပါယ်။ ကျွန်တော်မျိုး/ မ တို့ ၏ မြင့်မား ကြီးကဲတော် မှုလှသော အသျှင်သခင်သည် စင်​ကြယ်​ မြင့်​မြတ်​​တော်​ မူပါ၏။

သရှဟုဒ်၊ သို့မဟုတ်​ အသ်​သဟိယားဒ်
اَتَّحِيَّاتُ لِلّٰهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ اَلسَّلَامُ عَلَيْكَ اَيُّهَا النَّبِىُّ وَرَحْمَةُ اللّٰهِ وَبَرَكَاتُهٗ اَلسَّلَامُ عَلَيْنَا وَعَلٰى عِبَادِ اللّٰهِ الصَّالِحِيْنَ اَشْهَدُ أَنْ لَّاإِلٰهَ اِلَّا اللّٰهُ وَاَشْهَدُ اَنَّ مُحَمَّدًا عَبْدُهٗ وَرَسُوْلُهٗ
အသံထွက်။ အသသ်သဟီးယားသု လစ်လ္လာဟိ၊ ဝါတ်စ်စလဝါးသူ၊ ဝသ်သွိုက်ယိဗားသု၊ အတ်စ္စလာမု အလိုက်က၊ အိုက်ယုဟန္နဗီးယု၊ ဝရဟ်မသွလ္လာဟိ၊ ဝဗရကားသုဟု၊ အတ်စ္စလာမုအလိုက်နာ၊ ဝအလာအိဗာ ဒစ်လ္လာဟ်ဆ်ဆွာလိဟီးန်၊ အရှ်ဟဒုအလ္လာအိလားဟ၊ အစ်လ္လလ္လာဟု၊ ဝအရှ်ဟဒုအန္န၊ မုဟမ္မဒန်၊ အဗ်ဒုဟူ၊ ဝရစူးလဟူ။
အဓိပ္ပါယ်။ နှုတ်လျှာဖြင့် ပြုအပ်သော ကျင့်ဝတ်များသည် လည်းကောင်း။ ကိုယ်ခန္ဓာဖြင့် ပြုအပ်သော ကျင့်ဝတ်များသည် လည်းကောင်း၊ ပစ္စည်းဥစ္စာဖြင့် ပြုကျင့်အပ်သော ကျင့်ဝတ်များသည် လည်းကောင်း၊ အလ္လာဟ် အသျှင်မြတ် အဖို့ သာ ဖြစ်သည်။ အို ... နဗီ တမန်တော်၊ အလ္လာဟ် ​အသျှင်မြတ်ထံတော် အပါးမှ ချမ်းသာသုခ သည်လည်းကောင်း၊ ကရုဏာတော်သည် လည်းကောင်း၊ ကောင်းချီး မင်္ဂလာ အဖြာဖြာတို့ သည် လည်းကောင်း သင့်အပေါ်သို့  သက်ရောက်ပါစေသား။ ချမ်းမြေ့သာယာမှု အပေါင်းတို့ သည် ကျွန်တော်မျိုး/ မ တို့ အပေါ်သို့  လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်၏ သူတော်ကောင်း သူမြတ်လောင်း များအပေါ်သို့ လည်းကောင်း၊ သက်ရောက်ပါစေသတည်း။ အလ္လာဟ်အသျှင်မြတ်မှ တပါး အခြား ခဝပ် ကိုးကွယ်ထိုက်သော အသျှင်ဟူ၍ အလျင်းမရှိကြောင်း၊ မုဟမ္မဒ်သခင် (ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လမ်)သည် အလ္လာဟ်အသျှင်မြတ်၏ အစေတော် နှင့် ရစူလ် တမန်​​တော်​ ဖြစ်​​ကြောင်းကို ကျွန်တော်မျိုး/ မ တို့  သက်သေခံအပ်ပါသည်။

ဒရူဒ်ယှရီးဖ်
اَللّٰهُمَّ صَلِّ عَلٰى مُحَمَّدٍ وَعَلٰى آلِ مُحَمَّدٍ كَمَا صَلَّيْتَ عَلٰى إِبْرَاهِيْمَ وَعَلٰى آلِ إِبْرَاهِيْمَ إنَّكَ حَمِيْدٌ مَجِيْدٌ
အသံထွက်။ အလ္လာဟွမ္မ၊ ဆလ္လိအလာ၊ မုဟမ္မဒင်န်၊ ဝအလာ အားလိမုဟမ္မဒင်န်၊ ကမာဆလ်လိုင်သ၊ အလာအစ်ဗ်ရာဟီးမ၊ ဝအလာ အားလိ အစ်ဗ်ရာဟီးမ၊ အင်န္နက ဟမီးဒွန်မဂျီးဒ်။
အဓိပ္ပါယ်။ အို ... အလ္လာဟ် အသျှင်၊ အသျှင်မြတ်သည် အစ်ဗ်ရာဟီမ် တမန်တော်နှင့် ထိုတမန်တော်၏ သားစဉ်မြေးဆက်များအပေါ်သို့  ရဟ်မသ် ချမ်းသာသုခ ချပေးသနားတော် မှုခဲ့သည့်အတိုင်း နဗီတမန်တော်များ အပေါ်သို့ လည်း ရဟ်မသ် ချမ်းသာသုခ ချပေးသနားတော်မှုပါ။ ဧကန်အမှန် အသျှင်မြတ်သည် ချီးမွမ်း ထော်မနာပြုခြင်းကို ခံယူထိုက် တော်မှုသော မြင့်မြတ် တော်မှုသော အသျှင်​ ဖြစ်​​တော်​ မှုပါသည်။

ဒရူဒ်ယှရီးဖ်(2)
اَللّٰهُمَّ بَارِكْ عَلٰى مُحَمَّدٍ وَعَلٰى آلِ مُحَمَّدٍ كَمَا بَارَكْتَ عَلٰى إِبْرَاهِيْمَ وَعَلٰى آلِ إِبْرَاهِيْمَ إِنَّكَ حَمِيْدٌ مَجِيْدٌ
အသံထွက်။ အလ္လာဟွမ္မ ဗာရစ်က်အလာ မုဟမ္မဒင်န်၊ ဝအလာ အားလိ မုဟမ္မဒင်န်၊ ကမာဗာရက်သ၊ အလာအစ်ဗ်ရာဟီးမ၊ ဝအလာ အားလိ အစ်ဗ်ရာဟီးမ၊ အင်န္နကဟမီးဒွန်မဂျီးဒ်။
အဓိပ္ပါယ်။ အို ... အလ္လာဟ်အသျှင်၊ အသျှင်မြတ်သည် အစ်ဗ်ရာဟမ် နဗီတမန်တော်နှင့် ထိုနဗီတမန်တော်၏ သားစဉ်မြေးဆက် များအပေါ်သို့  ဗရကသ် တိုးပွား မင်္ဂလာ ချပေးသနားတော် မှုသည့်အတိုင်း၊ နဗီတမန်တော် မုဟမ္မဒ်သခင်နှင့် မုဟမ္မဒ် သခင်၏ သားစဉ် မြေးဆက်များ အ​ပေါ်သို့လည်း ဗရကသ် မင်္ဂလာ အဖြာဖြာ ချပေးသနားတော်မှုပါ။

ဒိုအာ
اَللّٰهُمَّ إِنِّىْ ظَلَمْتُ نَفْسِىْ ظُلْمًا كَثِيْرًا وَإِنَّهٗ لَايَغْفِرُ الظُّنُوْبَ إِلَّا أَنْتَ فَاغْفِرْلِىْ مَغْفِرَةً مِنْعِنْدِكَ وَارْحَمْنِىْ إِنَّكَ اَنْتَ الْغَفُوْرُ الرَّحِيْمُ
အသံထွက်။ အလ္လာဟွမ္မ၊ အင်န္နီ၊ ဇလာမ်သုနဖ်စီ၊ ဇွတ်မန်ကဆီရောင်ဝ်၊ ဝအင်န္နဟု၊ လာယဂ်ဖိရုဇ်ဇုနူးဗ၊ အစ်လ္လာအန်သ၊ ဖဂ်ဖစ်ရ်လိ မဂ်ဖိရသန်၊ မင်န်အင်ဒိက၊ ဝရ်ဟမ်နီ၊ အင်န္နက အန်သလ်ဂဖူး ရွတ်ရ်ရဟီးမ်။
အဓိပ္ပါယ်။ အို ... အလ္လာဟ်အသျှင်၊ ကျွန်တော်မျိုး/ မ တို့ သည် မိမိကိုယ်မိမိ များစွာ ကျုးလွန် ညှဉ်းပန်းခဲ့ကြပါသည်။ စင်စစ်အားဖြင့် အသျှင်မြတ်မှတပါး အခြားမည်သူမျှ ပြစ်မှုများမှ ခွင့်လွှတ်ခြင်း မပြုနိုင်ပါ။ သို့ ပါ၍ အသျှင်မြတ်သည် ကျွန်တော်မျိုး/ မ တို့ အား မိမိ ဂရုဏာတော်ဖြင့် အပြစ်ငရဲမှ ချမ်းသာခွင့် ပေးသနားတော် မှုပါ။ ၄င်းအပြင် ကျွန်တော်မျိုး/ မ တို့ အား အသျှင်မြတ်သည် သနားညှာတာ ထောက်ထားတော်မှုပါ။ ဧကန်အမှန် အသျှင်မြတ်သည်သာလျှင် ချမ်းသာလွတ်ငြိမ်းခွင့် ပေးသနားတော်မှုသော အသျှင်၊ မဟာ ဂရုဏာတော်ရှင် ဖြစ်တော်မှုပါသည်။
သို့မဟုတ် ဤဒုအာကို တောင်းခံပါလေ။
اَللّٰهُمَّ اغْفِرْلِىْ وَلِوَالِدَىَّ وَلِاُسْتَاذِىْ وَلِشَيْخِىْ وَلِجَمِيْعِ الْمُؤْمِنِيْنَ وَالْمُؤْمِنَاتِ وَالْمُسْلِمِيْنَ وَالْمُسْلِمَاتِ الْأَحْيَآءِ مِنْهُمْ وَالْاَمْوَاتِ
အသံထွက်။ အလ္လာဟုမ္မဂ် ဖိရ်လီ ၊ ဝလေဝါ လေဒိုင့်ယ ၊ ဝလေ့ အွစ်သာဇီ ၊ ဝလေရှိုင့်ခီ ၊ ဝလေ့ ဂျမီအိလ် မုအ်မေနီးန ၊ ဝလ် မုအ်မေနာသေ့ ၊ ဝလ်မွစ်လေမီးန ၊ ဝလ် မွစ်လေမာသေလ် အဟ်ယာအေ့ မင်(န)ဟွမ် ဝလ်အမ်ဝါသေ့ ဗေရဟ်မသေ့က ယာအရ်ဟမရ် ရာဟိမီးန်။
အဓိပ္ပာယ်။ အို… အလ္လာဟ်အသျှင်မြတ် ၊ ကျွန်တော်မျိုး/မအား လည်းကောင်း ၊ မိဘနှစ်ပါးအား လည်းကောင်း ၊ သင်ကြားပြသသူတို့ ဆရာသမားအား လည်းကောင်း ၊ ဘာသာရေး နည်းပေးလမ်းပြသူအား လည်းကောင်း ၊ ရှိရှိ သမျှသော မုအ်မင်(န) ယောက်ျား ၊ မိန်းမများအား လည်းကောင်း ၊ ရှိရှိ သမျှသော မွတ်ဆလင် ယောက်ျား ၊ မိန်းမများအား လည်းကောင်း ၊ ၄င်းတို့အနက်မှ အသက်ရှင်သူ ၊ ​သေသူ အားလုံးတို့အား လည်းကောင်း ၊ အသျှင်မြတ်သည် ထောက်ညှာ သူတို့ အနက်မှ အလွန့်​အလွန်​ ထောက်ညှာ သနား တော်မူသော အသျှင်​မြတ်​ ဖြစ်​​တော်​ မူသည့် အားလျော်စွာ ထောက်ထား ညှာတာ တော်မူ၍ အပြစ်များမှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုတော်မူပါ။

စလာမ်
اَالسَّلَامُ عَلَيْكُم وَرَحْمَةُ اللّٰهِ
အသံထွက်။ အက်စ်စလာမု အလိုက်ကွန်မ် ၊ ဝရဟ်မသွလ္လာဟ်။
အဓိပ္ပာယ်။ အလ္လာဟ် အသျှင်မြတ် ထံတော်မှ ချမ်းသာ သုခနှင့် အလ္လာဟ် အသျှင်မြတ်၏ ကရုဏာ တော်သည် သင်​တို့ အ​ပေါ်သို့ သက်​​ရောက်​ ပါစေသော်ဝ်။
စလာမ်လှည့်ပြီးနောက် ဒုအာ
اَللّٰهُمَّ اَنْتَ السَّلَامُ وَمِنْكَ السَّلَامُ تَبَارَكْتَ يَاذَا الْجَلَالِ وَالْإِكْرَامِ
အသံထွက်။ အလ္လာဟွမ္မ ၊ အန်သတ်စ် စလာမု ၊ ဝမင်​န်​ကတ်​စ်​ စလာမု ၊ သဗာရပ်တ်သ ၊ ယာဇလ် ဂျလာလိ ၊ ဝလ်အစ်က်ရာမ်။
အဓိပ္ပာယ်။ အို… အလ္လာဟ် အသျှင် ၊ အသျှင်မြတ်သည် ချမ်းသာ သုခ ​ပေးသနား​တော်​ မူ​သော အရှင် ဖြစ်​​တော် မူပါသည်​​​​။ အသျှင့် ထံတော်၌သာ ချမ်းသာ သုခ ရရှိနိုင်ပါသည်။ အို… တန်​ခိုး​တော်​ အစုံ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံ တော်မူသော အသျှင် ၊ အသျှင်မြတ်သည် ဗရကသ် ကောင်းချီး မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံ တော်မူပါ၏။

ဒုအာကုနူးသ်
اَللّٰهُمَّ اِنَّا نَسْتَعِيْنُكَ وَنَسْتَغْفِرُكَ وَنُؤْمِنُ بِكَ وَنَتَوَكَّلُ عَلَيْكَ وَنُثْنِىْ عَلَيْكَ الْخَيْرَ وَنَشْكُرُكَ وَلَانَكْفُرُكَ وَنَخْلَعُ وَنَتْرُكُ مَنْ يَفْجُرُكَ اَللّٰهُمَّ اِيَّاكَ نَعْبُدُ وَلَكَ نُصَلِّىْ وَنَسْجُدُ وَاِلَيْكَ نَسْعٰى وَنَحْفِدُ وَنَرْجُوْا رَحْمَتَكَ وَنَخْشٰى عَذَابَكَ اِنَّ عَذَابَكَ بِالْكُفَّارِ مُلْحِقٌ
အသံထွက် ။ အလ္လာဟွမ္မ ၊ အင်န္နာ ၊ နတ်​စ်​သအီ နုက ၊ ဝနတ်​စ်​သဂ်​ ဖိရုက ၊ ဝနုအ်မိနု ဗိက ၊ ဝနသဝါပ်က္ကလု၊ အလိုင်က ၊ ဝနုတ်စ်နီ အလိုင်ကလ်ခိုင်ရ် ၊ ဝနရှ်ကုရုက ၊ ဝလာနပ်က်ဖုရုက ၊ ဝနခ်လအု ၊ ဝနသ်ရုကု ၊ မိုင်းဖ်ဂျုရုက ၊ အလ္လာဟွမ္မ ၊ အီယားက နအ်ဗုဒု ၊ ဝလက နုဆလ္လိ ၊ ဝနတ်စ်ဂျုဒု ၊ ဝအီလိုင်က နတ်စ်အာ ၊ ဝနဟ်ဖိဒု ၊ ဝနရ်ဂျူး ရဟ်မသက ၊ ဝန်ခ်ရှာ အဇားဗက ၊ အင်န္နအဇာဗက ၊ ဗစ်လ်ကွဖ်ဗာရိမွလ်ဟစ်က်။
အဓိပ္ပာယ် ။ အို… အလ္လာဟ် အသျှင် ၊ ကျွန်တော်မျိုး/ မတို့သည် အသျှင်မြတ်၏ ကူညီ ​ထောက်​ပံ့ခြင်း ကို တောင်းခံ ကြပါ၏။ အသျှင်​မြတ်​ ထံတော်၌ အပြစ်ငရဲမှ ချမ်းသာရာ ခွင့်တောင်း ခံကြပါ၏။ အသျှင်မြတ်အား သက်ဝင် ယုံကြည်ပါ၏။ အသျှင်မြတ်အား ကိုးစား အားထားပါ၏။ အသျှင်မြတ်အား ကောင်းမွန်စွာ ချီးမွမ်း ထောပနာ ပြုကြပါ၏။ အသျှင်မြတ်အား ကျေးဇူးတင်ကြ ပါ၏။ အသျှင်မြတ်အား ကျေးဇူးမကန်းကြပါ။ အသျှင်မြတ်အား သွေဖယ်သူများကို ရှောင်ရှားကြပါ၏။ အို… အလ္လာဟ်အသျှင် ၊ ကျွန်တော်မျိုး/မတို့သည် အသျှင်မြတ်ကိုသာလျှင် ခဝပ်ရိုကျိုး ဆည်းကပ်ကြပါ၏။ အသျှင်မြတ်ကိုသာ ရှိခိုးကြပါ၏။ ဦးချကြပါ၏။ အရှင်မြတ်ကိုသာ ကျိုးနွံကြပါသည်။ အသျှင်မြတ်၏ ကရုဏာ ရဟ်မသ်တော်ကို ​မျှော်​လင့်​ တောင့်တကြပါ၏။ အသျှင်မြတ်၏ ပြစ်ဒဏ်ခတ်ခြင်းကို ကြောက်ရွံ့ကြပါသည်။ ဧကန်အမှန် အရှင်မြတ်၏ ပြစ်ဒဏ် ခတ်ခြင်းသည် ကာဖစ်ရ်များ အပေါ်သို့ ကျ​ရောက်​ ပါပေမည်။

No comments:

Post a Comment