အမေး။ ။ မုဟမ္မဒ်သခင် (ဆွလ္လလ္လားဟု၊ အလိုက်ဟိ၊ ၀စလ္လမ်) သည် အဘယ်သို့သောသူ ဖြစ်သနည်း။
အဖြေ။ ။ မုဟမ္မဒ်သခင် (ဆွလ္လလ္လားဟု၊ အလိုက်ဟိ၊ ၀စလ္လမ်) သည် အလ္လာဟ် အသျှင်မြတ်၏ ဗန္ဒဟ် အစေတော်နှင့် တမန်တော် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ထိုတမန်တော်မြတ်၏ အွမ္မသ် နောက်လိုက် တပည့်သားများ ဖြစ်ကြပါသည်။
အမေး။ ။ ကျွန်ုပ်တို့၏ နဗီ တမန်တော်သည် မည်သည့် တိုင်းပြည်၊ မည်သည့် နေရာ၌ သန့်စင် ဖွားမြင်တော် မူသနည်း။
အဖြေ။ ။ ကျွန်ုပ်တို့၏ နဗီ တမန်တော်သည် အာရေဗျ တိုင်းပြည်ရှိ မက္ကဟ် ရွှေမြို့တော်၌ သန့်စင် ဖွားမြင်တော် မူခဲ့ပါသည်။
အမေး။ ။ ကိုယ်တော်မြတ်၏ ခမည်းတော်၊ မယ်တော်၊ ဘိုးတော်တို့၏ အမည် နာမတော်များကား အဘယ်သို့နည်း။
အဖြေ။ ။ ကိုယ်တော်မြတ်၏ ခမည်းတော်၏ အမည်မှာ အဗ္ဗဒွလ္လာဟ် သခင်ဖြစ်၍ မယ်တော်မှာ အာမိနဟ် သခင်မ၊ ဘိုးတော်မှာ အဗ်ဒွလ် မွသ်ွသွလစ်ဗ် သခင်တို့ ဖြစ်ကြပါသည်။
အမေး။ ။ ကျွန်ုပ်တို့၏ နဗီတမန်တော်သည် တခြား တမန်တော် အပေါင်း တို့ထက် ဂုဏ်ဒြပ် အားဖြင့် မြင့်မြတ်ပါ သလော။ သို့မဟုတ် သေးသိမ် ပါသလော။
အဖြေ။ ။ ကျွန်ုပ်တို့၏ နဗီတမန်တော်သည် တခြား တမန်တော် အပေါင်းတို့ထက် ဂုဏ်ဒြပ် အားဖြင့် အမြင့်မြတ်ဆုံး ဖြစ်သည် သာမက၊ လူသတ္တ၀ါ၊ အလ္လာဟ် အသျှင်မြတ်၏ အဖန်ဆင်းခံ ခပ်သိမ်းတို့တွင် အထွတ်မြတ်ဆုံး ဖြစ်တော်မူပါသည်။
အမေး။ ။ ဟဇရသ် မုဟမ္မဒ် မွတ်စ်ွသွဖဟ် (ဆွလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) သည် ဘ၀ သက်တမ်း တလျှောက်တွင် မည်သည့် အရပ်ဒေသ၌ စံမြန်း နေထိုင် သီတင်းသုံးတော်မူ သနည်း။
အဖြေ။ ။ ကိုယ်တော်မြတ်သည် သက်တော် (၅၃) နှစ်အထိ မိမိမြို့တော် မက္ကဟ် မုအဇ်ွဇွမဟ်၌ နေထိုင်တော် မူ၍ အလ္လာဟ် အသျှင်မြတ်၏ အမိန့်တော် အရ မြို့တော်သို့ ပြောင်းရွှေ့ နေထိုင်တော်မူခဲ့၏။ ထိုမြို့တော်တွင် (၁၀) နှစ် နေထိုင် သီတင်းသုံးတော် မူပြီး သက်တော် (၆၃) နှစ်၌ အသျှင့် အမိန့်တော်ကို ခံယူတော် မူလေသည်။
အမေး။ အကယ်၍ အကြင်သူသည် ဟဇရသ် မုဟမ္မဒ် သခင် (ဆလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) အား မယုံကြည်သော်၊ ထိုသူအား အဘယ်သို့ ခေါ်ဆိုမည်နည်း။
အဖြေ။ အကြင်သူသည် ကိုယ်တော်မြတ်အား အလ္လာဟ် အသျှင်မြတ်၏ တမန်တ်ာမြတ် ဖြစ်ကြောင်း မယုံကြည် လက်မခံလျှင် ထိုသူသည်လည်း ကာဖစ်ရ် ဖြစ်ပေမည်။
အမေး။ ဟဇရသ် မုဟမ္မဒ်သခင် (ဆလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) အား ယုံကြည်ခြင်း ဆိုသည်မှာ အဘယ်နည်း။
အဖြေ။ ဟဇရသ် မုဟမဒ်သခင် (ဆလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) သည် အလ္လာဟ် အသျှင်မြတ်၏ နဗီ တမန်တော် ဖြစ်ကြောင်း ယုံကြည်ရန် အထူး အရေးကြီး ပေသည်။ ထို့ပြင် နဗီ တမန်တော်မြတ်သည် အလ္လာဟ် အသျှင်မြတ်မှ အပ ကျန်လူ သတ္တ၀ါ အဖန်ဆင်းခံ အားလုံးထက် အထူးအမြတ်ဆုံး ဖြစ်ကြောင်း ယုံကြည် စွဲမှတ်ရမည်။ ကိုယ်တော်မြတ်အား ချစ်ခင် မြတ်နိုးရမည်။ ကိုယ်တော်မြတ်၏ အမိန့် ပညက်ချက်များကိုလည်း တစ်သဝေမတိမ်း လိုက်နာကျင့်သုံး ရမည်။
အမေး။ ကိုယ်တော်မြတ် ဟဇရသ် မုဟမ္မဒ်သခင် (ဆလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) သည် အလ္လာဟ် အသျှင်မြတ်၏ တမန်တော် ဖြစ်ကြောင်း အသို့ သိရသနည်း။
အဖြေ။ ကိုယ်တော်မြတ်သည် အလွန် ကောင်းမြတ်သော ကျင်းစဉ် ကျင့်ရပ်များ ကို ပြုကျင့်တော်မှု၍ အလွန် ထူးကဲ မွန်မြတ်သော တရားဓမ္မများကို ဟောကြားတော် မှုခဲ့ပါသည်။ ထိုသို့သော ကျင့်စဉ်ရပ်များကို သူတော်စင် တမန်တော် အပေါင်းတို့သာ ပြုကျင့်နိုင်သည်။ ထိုသို့သော တရားဓမ္မများ ကိုလည်း နဗီတမန်တော်တို့ သာလျှင် ဟောကြားနိုင်ပါသည်။ အခြားသော လူသူများမှာ မတတ်စွမ်း နိုင်ကြပါ။ သို့ဖြစ်၍ မုဟမ္မဒ် သခင် (ဆလ္လလ္လာဟု အလိုက်ဟိ ၀စလ္လမ်) သည် အလ္လာဟ် အသျှင်မြတ်၏ တမန်တော် အကယ်အမှန် ဖြစ်ကြောင်း သိရှိနားလည် တွေးဆ နိုင်ပါသည်။
No comments:
Post a Comment