Monday, December 12, 2016
က​လေမဟ်
အမေး။ ။ အစ္စလာမ်​ သာသနာ၏ က​လေမဟ်​သည်​ အဘယ်အရာနည်း။
အ​ဖြေ။ ။အစ္စလာမ်​ သာသနာ၏ က​လေမဟ်​သည်
لَآإِلٰهَ إِلَّا اللّٰهُ مُحَمَّدٌ رَسُوْل ُ اللّٰهِ
အဓိပ္ပါယ်​။ ။ အလ္လာဟ်​ အသျှင်​မြတ်​မှ တပါးအခြား ခ၀ပ်​ ကိုးကွယ်​ ထိုက်​​သော အသျှင်ဟူ၍ အလျင်းမရှိ။
မုဟမ္မဒုရ်​ရစူလွလ္လားဟ်
အဓိပ္ပါယ်​။ ။ မုဟမ္မဒ်​ သခင်​ ဆွလ္လလ္လာဟု၊ အလိုက်​ဟိ၊ ၀စလ္လမ်​သည်​ အလ္လာဟ်​ အရှင်​မြတ်​၏ ရစူလ်​ တမန်​​တော်​ ဖြစ်​တော်​မူသည်​။
ဤ က​လေမဟ်​ကို က​လေမဟ်​ သွိုက်​​ယိဗဟ်​ သို့မဟုတ်​ က​လေမဟ်​ ​သောင်​၀်​ဟီးဒ်​ ဟုလည်း ​ခေါ်ဆိုကြပါသည်​။
အ​မေး။ ။ က​လေမဟ်​ ရှဟာဒသ်​ ဆိုသည်​ကား အဘယ်​ အရာနည်း။
အ​ဖြေ။ ။ က​လေမဟ်​ ရှဟာဒသ်​ ဆိုသည်​မှာ ဤသို့ ဖြစ်​ပါသည်​။ ၄င်းမှာ....
أَشْهَدُ اَنْ لَّآإِلٰهَ إَلَّا اللّٰهُ وَاَشْهَدُ اَنَّ مُحَمَّدًا عَبْدُهٗ وَرَسُوْلُهٗ
အရှ်​ဟဒု အလ္လာအိလာဟ၊ အစ်​လ္လလ္လာဟု 
အဓိပ္ပါယ်​။ ။ အလ္လာဟ်​ အသျှင်​မြတ်​မှ တပါး အခြားခ၀ပ်​ ကိုးကွယ်​ထိုက်​​သော အသျှင်​ဟူ၍ အလျင်း မရှိ​ကြောင်းကို ကျွန်​​တော်​ ​မျိုး/မတို့သည်​ သက်​​သေခံ အပ်​ပါသည်​။ 
ဝအရှ်​ဟဒု အန္န မုဟမ္မဒန်​၊ အဗ္ဗဒုဟူ၊ ၀ရစူလုဟူ 
အဓိပ္ပါယ်​။ ။ ထို့​နောက်​ မုဟမ္မဒ်​သခင်​ ဆွလ္လလ္လားဟု အလိုက်​ဟိ ၀စလ္လမ်​သည်​ အလ္လာဟ်​ အသျှင်​မြတ်​၏ ဗန္ဒဟ်​ အ​စေ​တော်​နှင့်​ ရစူလ်​တမန်​​တော်​ ဖြစ်​​ကြောင်းကိုလည်း ကျွန်​​တော်​ မျိုး/မတို့သည်​ သက်​​သေခံ အပ်​ကြပါသည်​။ 
အ​မေး။ ။ အီမာန်​​နေ့ မွဂ်ျ​မလ်​ သက်​၀င်​ယုံကြည်​ခြင်း အကျဉ်းဆိုသည်​ကား အဘယ်​အရာနည်း။ 
အ​ဖြေ။ ။ အီမာန်​​နေ့ မွဂ်ျ​မလိ သက်​၀န်​ယုံကြည်​ခြင်း အကျဉ်းဆိုသည်​မှာ ဤသို့ဖြစ်​၏။ 
اٰمَنْتُ بِاللّٰهِ كَمَاهُوَ بِأَسْمَآءِهٖ وَصِفَاتِهٖ وَقَبِلْتُ جَمِيْعَ اَحْكَامِهٖ وَاَرْكَانِهٖ
အသံထွက်​။ ။ အာမန်​သု၊ ဗစ်​လ္လာဟိ၊ ကမာဟုဝ၊ ဗိအတ်​စ်​မာအိဟီ၊ ၀ဆွီဖားသိဟီ၊ ၀ကဗစ်​လ်​သု၊ ဂျမီအ၊ အဟ်​ကာမိဟီ၊ ၀အရ်​ကာနိဟီ။ 
အဓိပ္ပါယ်​။ ။ အလ္လာဟ်​အရှင်​မြတ်​သည်​ မိမိ၏ နာမ​တော်​အ​ပေါင်း ၊ ဂုဏ်​​တော်​အ​ပေါင်း နှင့်​ ပြည့်​စုံ​တော်​မူ​ကြောင်း ကျွန်​​တော်​မျိုး/မတို့သည်​ သက်​၀င်​ယုံကြည်​ပါသည်​။ ၄င်း​နောက်​ အသျှင်​မြတ်​၏ အမိန့်​ ပညတ်​ချက်​ ဟူသ​ရွေ့ကိုလည်း နာခံပါ၏။
အ​မေး။ ။ အီမာန်​​နေ့ မုဖဆွ်​ဆွလ်​ သက်​၀င်​ယုံကြည်​ခြင်း အကျယ်​ ဆိုသည်​ကား အဘယ်​အရာနည်း။
အ​ဖြေ။ ။ အီမာန်​​နေ့ မုဖဆွ်​ဆွလ်​ သက်​၀င်​ယုံကြည်​ခြင်း အကျယ်​ ဆိုသည်​မှာ ဤသို့ဖြစ်​၏။
اٰمَنْتُ بِاللّٰهِ وَمَلآئِكَتِهٖ وَكُتُبِهٖ وَرُسُلِهٖ وَالْيَوْم الْاٰخِرِ وَالْبَعْثِ بَعْدَ الْمَوْتِ 
အသံထွက်​။ ။ အာမန်​သု၊ ဗိလ္လာဟိ၊ ၀မလာအိကသိဟီ၊ ၀ကုသုဗိဟီ၊ ၀ရုစုလိဟီ၊ ၀လ်​​ယောင်​၀်​မစ်​လ်​ အာခိရိ၊ ၀လ်​ကဒ်​ရိ၊ ခိုင်​ရိဟီ၊ ၀ရှရ်​ရိဟီ၊ မိနလ္လာဟိ သအာလာ၊ ၀လ်​ဗအ်​​ဆေ့၊ ဗအ်​ဒလ်​ ​မောင်​၀်​သ်​။ 
အဓိပ္ပါယ်​။ ။ ကျွန်​​တော်​မျိုး/မတို့သည်​ အလ္လာဟ်​အသျှင်​မြတ်​ ကိုလည်း​ကောင်း၊ အသျှင်​မြတ်​၏ မလာအိကဟ်​ ​ကောင်းကင်​တမန်​များကို လည်း​ကောင်း၊ အသျှင်​မြတ်​၏ ကျမ်းဂန်​​တော်​များကို လည်း​ကောင်း၊ အသျှင်​မြတ်​၏ ရစူလ်​ တမန်​​တော်​များကို လည်း​ကောင်း၊ ကိယာမသ်​ ကမ္ဘာပျက်​မည့်​ ​နောက်​ဆုံး​နေ့ကို လည်း​ကောင်း၊ အ​ကောင်း အဆိုး ဖြစ်​ပျက်​သမျှ အလုံးစုံကို အလ္လာဟ်​အရှင်​မြတ်​ကသာ သက်​မှတ်​ စီမံ ခံ့ခွဲ​တော်​မူ​ကြောင်းကို လည်း​ကောင်း၊ ​သေဆုံးကွယ်​လွန်​ပြီး​နောက်​ တဖန်​ ပြန်​လည်​ ရှင်​ထရမည့်​​နေ့ကို လည်း​ကောင်း သက်​၀င်​ယုံကြည်​ကြပါသည်​။
No comments:
Post a Comment