အမေး။ ကျမ်းမြတ် ကုရ်အာန်သည် အလ္လာဟ် အသျှင်မြတ်၏ ကျမ်းဂန် ဖြစ်ကြောင်း အဘယ်သို့ သိရသနည်း။
အဖြေ။ ကိုယ်တော်မြတ် မုဟမ္မဒ်သခင် (ဆလ္လလ္လာဟု အလိုက်ဟိ ဝစလ္လမ်) က ကုရ်အာန်သည် အလ္လာဟ် အသျှင်မြတ်၏ ကျမ်းဂန် ဖြစ်ကြောင်း၊ အလ္လာဟ် အသျှင်မြတ်သည် ကုရ်အာန် ကျမ်းတော်မြတ်ကို ငါကိုယ်တော်မြတ် ထံသို့ ပို့ချတော် မူကြောင်းဖြင့် ဟောကြားတော်မူ ခဲ့သည်။
အမေး။ ကျမ်းမြတ် ကုရ်အာန်သည် ကိုယ်တော်မြတ် ထံတော်ပါးသို့ အစ အဆုံး တကြိမ်တည်း တလုံး တ၀တည်း ကျရောက်ခဲ့ပါ သလော၊ သို့တည်းမဟုတ် အနည်းငယ်စီ ကျရောက် သလော။
အဖြေ။ ကျမ်းမြတ် ကုရ်အာန်သည် အနည်းငယ်မျှ စီသာ ကျရောက်ခဲ့ ပါသည်။ တခါတရံ တပိုဒ်၊ တခါတရံ နှစ်ပိုဒ်၊ လေးပိုဒ်၊ တခါတရံ တကဏ္ဏလုံး၊ လိုလျှင် လိုသလို ကျရောက်ခဲ့ ပါသည်။
အမေး။ ကျမ်းမြတ် ကုရ်အာန် တအုပ်လုံး ကျရောက်ခဲ့ရာ နေ့ရက် အဘယ်မျှ ကြာညောင်းခဲ့ပါ သနည်း။
အဖြေ။ ဤ သို့ အထက်ပါ နည်းဖြင့် ကျရောက်ခဲ့ရာ (၂၃) နှစ်မျှ အချိန်ကာလ ကြာညောင်းမှ ကျမ်းမြတ် ကုရ်အာန် တအုပ်လုံး ပြည့်စုံခဲ့ပါသည်။
အမေး။ ကျမ်းမြတ် ကုရ်အာန်သည် (ကိုယ်တော်မြတ် ထံသို့) မည်သို့ မည်ပုံ ကျရောက်ခဲ့ သနည်း။
အဖြေ။ ဂျစ်ဗ်ရာအီလ် ကောင်းကင် တမန်တော်မြတ် သည် ကိုယ်တော်မြတ် ထံတော် အပါးသို့ ကြွလာ၍ ပါဒတော်ကို လည်းကောင်း၊ ကဏ္ဌတော်ကို လည်းကောင်း ၊ ဖတ်ကြား ပြတော် မူပါသည်။ တမန်တော်မြတ်သည် ထိုထိုသော ပါဒတော်၊ ကဏ္ဏတော်များကို နားဆင်တော် မူပြီး အာဂုံဆောင် ကျက်မှတ်တော်မူလေ့ ရှိသည်။ ထို့နောက် ရေးတတ်သော သူတို့ကိုခေါ် ၍ ရေးသား စေတော်မှုလေ့ ရှိပါသည်။
အမေး။ ကိုယ်တော်မြတ် ကိုယ်တော်တိုင် အဘယ်ကြောင့် မရေးသားပါ သနည်း။
အဖြေ။ ကိုယ်တော်မြတ်သည် အွမ္မြိဖစ်ပါသည်။
အမေး။ အွမ္မိ ဆိုသည်မှာ အဘယ်သို့သော သူနည်း။
အဖြေ။ အွမ္မိ ဆိုသည်မှာ မည်သူ တစ်ဦး တစ်ယောက် ထံမှ အရေး အဖတ် ပညာကို သင်ယူခြင်း မရှိသူကို အွမ္မိဟု ခေါ်ဆိုပါသည်။ အကယ်စင်စစ် ကိုယ်တော်မြတ်သည် မျက်မှောက် လောက မည်သူ တစ်ဦး တစ်ယောက် ထံမှ အရေး အဖတ် စသည့် ပညာရပ်များကို သင်ယူ ဆည်းပူးခြင်း မရှိပါသော်လည်း အလ္လာဟ် အရှင်မြတ်သည် ကိုယ်တော်မြတ်အား (ကမ္ဘာပေါ်ရှိ ပညာရှိ) အားလုံးတို့ထက် ပို ၍ ပညာ ရောင်ခြည်တော်ကို ချီးမြှင့် ပေးသနားတော်မှု ခဲ့လေသည်။
အမေး။ ဟဇရသ် ဂျစ်ဗ်ရာအီလ် (အလိုက် ဟစ္စလာမ်) သည် အဘယ်သူနည်း။
အဖြေ။ ဟဇရသ် ဂျစ်ဗ်ရာအီလ် သည် ကောင်းကင် တမန်ကြီး တစ်ပါး ဖြစ်သည်။ အလ္လာဟ် အသျှင့် အမိန့်ပညတ်တော် များကို တမန်တော် အသီးသီး ထံပါးတော်သို့ ပို့ဆောင်လေ့ ရှိသည်။
No comments:
Post a Comment