တမန်တော် မုဟမ္မဒ်(ဆွ)သည် စကြာဝဠာ အလုံးစုံအတွက်
~~~~~~~~~~~~~~~~~~~~~~~~~~~
ပွင့်ပေါ်တော်မူခဲ့ခြင်းနှင့် ကျမ်းတော်မြတ် ကုရ်အားန်သည်လည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~
စကြာဝဠာ အလုံးစုံအတွက် ချပေးတော်မူခြင်း
~~~~~~~~~~~~~~~~~~~~~
•• တမန်တော်မြတ်(ဆွ)သည် လူမျိုးစုတစ်စု တည်းအတွက် ပွင့်ပေါ်တော်မူခဲ့ခြင်း မဟုတ်ပဲ အမိုက်ခေတ် အမှောင်ထုလွှမ်းနေသော ကမ္ဘာလောကကြီးကို လမ်းမှန်ပြသ အလင်းဆောင်ရန်အတွက် စေလွှတ်ခဲ့ခြင်းပင်ဖြစ်သည်။
ကျမ်းတော်မြတ်ကုရ်အားန်၌ •••••
ومآارسلنك الارحمةللعلمين○
စင်စစ်သော်ကား(နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အတွက် ဂရုဏာတော် အဖြစ်နှင့်သာ စေလွှတ်တော်မူခဲ့သည်။
အာယသ်တော်၌ အရှင်မြတ်က အာလမ်အပေါင်း (စကြာဝဠာ)အတွက် (ရဟ်မသ်/ဂရုဏာ)တော် အဖြစ်နှင့် စေလွှတ်တော်မူခဲ့ကြောင်း အတိလင်း မိန့်ဆိုထားသည်ကို တွေ့နိုင်သည်။
အခြားတစ်နေရာ၌ •••••
ومآارسلنك الاكآفة للناس بشيراونذيراولكن اكثرالناس لايعلمون○
(အို နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သော လူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူအဖြစ်၎င်း၊ သတိပေးနှိုးဆော်သူအဖြစ်၎င်း၊ စေလွှတ်တော်မူခဲ့သည်။ သို့ရာတွင် များစွာသော သူတို့သည် မသိ နားမလည်ကြပေ။
ဤအာယသ်တော်တွင်လည်း...... တမန်တော်(ဆွ) အား ဝမ်းမြောက်ဖွယ်သတင်ကောင်းပြောကြားသူ/ သတိပေးနှိုးဆော်သူ ဟု မိန့်ဆိုထားသည့်အပြင် ကောင်းခြင်းမင်္ဂလာနှင့် အတိပြီးနေသော တမန်တော်သည် စကြာဝဠာအလုံးစုံတို့အတွက် စေလွှတ်ခြင်း ခံရသည်မှာ ထင်ရှားလှသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
<<<<<<<< ယင်းတမန်တော်(ဆွ) အား ချပေးတော်မူသော ကုရ်အားန်ကျမ်းတော်မြတ်မှာလည်း အဆုံးအမ သွန်သင် အလင်းပြကျမ်း၊ အမှောင်ခေတ်လူသားတို့အား လမ်းမှန်သို့ရောက်စေရန် လမ်းညွှန်သည့် ကျမ်း ဖြစ်ပြီး လူမျိုးစု တစ်စုတည်းအတွက် မဟုတ်ပဲ စကြာဝဠာ ခပ်သိမ်းတို့ အတွက်ပင်ဖြစ်ပေသည်။
ကျမ်းတော်မြတ်ကုရ်အားန်၌......
ان هوالاذكرللعلمين○
ဤ(ကျမ်းမြတ်ကုရ်အားန်)သည်ကား စကြာဝဠာ ခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ပေသတည်း။
ဤအာယသ်တော်၌လည်း ကျမ်းမြတ်ကုရ်အားန်အား အာလမ်(စကြာဝဠာ)အပေါင်းအတွက် ဖြစ်ကြောင်း မိန့်ဆိုထားသည်ကို မြင်တွေ့နိုင်သည်။
ကျနော်တို့ကို ကုရ်အားန်ကျမ်းမြတ်ကို လေ့လာသင်ယူခွင့် ဆက်လက် ပေးသနားတော်မူပါစေ။
တမန်တော်မြတ်(ဆွ)၏ နောက်လိုက်ပီသစွာ သက်တမ်းမွေးမြူခွင့် ကို ပေးသနားတော်မူပါစေ။
"ဝမားအလိုင်းနာ အိလလ္လ်ဗလားဂွလ် မုဗီးန်"
《AL- MIZARNN》
No comments:
Post a Comment