ကျမ်းမြတ်ကုရ်အာန်နှင့်တကွ
ဧ၀ရတ်တောင်ထိပ်သို့တက်ပြီး
အာဇန်ဆိုခဲ့သည့်ပထမဆုးံမုစ်လင်မ်ဖြစ်သူ
ဆော်ဒီနိုင်ငံသားဖွာရွတ်က်
သူပြောခဲ့သောစကားတခွန်းကတော့
"အလ္လာဟ်သောင်ဖွီးက်မပေးရင်
ဘာမမလုပ်နိုင်ပါဘူး"တဲ့
Credit Soe Min
ခူဗ်စူရသ်ဟဒီးစ်တော်များ
အမျိုးသမီး၏ #ပရ်ဒဟ် (၄)မျိုး
=================
အမျိုးသမီးများ "ရုပ်လွှာ"ပရ်ဒဟ်ပြုရမည်။
အမျိုးသမီးများ "အသံ"ပရ်ဒဟ်ပြုရမည်။
အမျိုးသမီးများ "အမည်"ပရ်ဒဟ်ပြုရမည်။
အမျိုးသမီးများ၏ "အဝတ်အစားလည်း"ပရ်ဒဟ်ပြုရမည်။
ကျမ်းမြတ်ကုရ်အာန်တွင် အမျိုးသမီးများ မဲဟ်ရမ်များ
လည်း အသေးစိတ်ဖော်ပြထားပါသည်။
ဖခင်၊ မာမူ၊ ကြာကြာတို့နှင့် အလွန်ရင်းနှီးသော သူငယ်ချင်း
များလည်း သူစိမ်းများဖြစ်ပါသည်။
အိမ်သို့ သူစိမ်းယောင်္ကျားများ ရောက်လာလျှင် အိမ်ရှိ
အမျိုးသမီးများ အိမ်ထဲသို့ဝင်သွားရပါသည်။
သူးစိမ်းယောင်္ကျားရှိသော ထိုင်ဝိုင်းဝင်စကားမပြောသင့်ပါ။
အိမ်တွင် အတူရှိသောသူစိမ်းစာရင်းဝင် အမျိုးသားများနှင့်
အိမ်အသ်လီးမ်တဝိုင်းထဲ မလုပ်သင့်ပါ။
ကျွန်မတို့၏ နှစ်ဘဝကျေးဇူးရှင် တမန်တော်မြတ်(ဆွ)က
လည်း အမျိုးသမီးများကို တန်ဖိုးထားဂုဏ်ပေးပါသည်။
အစ္စလာမ့်အမျိုးသမီးများ မိမိတို့ဘဝကို အလ္လာဟ်အရှင်၏
ကျေနပ်နှစ်သက်မူ့ကို ဆင်မြန်း၍ အချင်းရောအဆင်းပါ
လှသည်ထက်လှတဲ့ဘဝပိုင်ရှင် အမျိုးသမီးများဖြစ်ကြပါစေ
အာမီးန်။
Credit ( SML)
ခူဗ်စူရသ်ဟဒီးစ်တော်များ
ဂိုနာဟ်မှ မဂ်ဖိရသ် ရစရာ အကြောင်း ၁၀ချက်
=====------======-----======
၁။ စိတ်ရင်းစိတ်ထားမှန်ကန်စွာ သောင်ဝ်ဗဟ်ပြုသည်။။
အရှင်မြတ်သခင်က ထိုသူရဲ့ သောင်ဝ်ဗဟ်ကို ကဗူလ်ပြုတော်မူသည်။
၂။ ဂိုနာဟ်ကျူးလွန်ပြီး ကောင်းမှုတည်ဆောက်သည်။၊။
၃။ အိစ်သိဂ်ဖာရ် ဂိုနာဟ်ပြုမိကြောင်းဝန်ခံပြီးး မဂ်ဖိရသ် တောင်းခံသည်။။
၎။ဒွန္နယာတွင် ဒုက္ခဝေဒနာ တခုခု ခံစားရသည်။။
၅။ ကဗရ်တွင် ခက်ခဲမှုနဲ့ ရင်ဆိုင်ရသည်။
၆။ မွတ်စလ်မလ်ညီနောင်များက ၎င်းအတွက် မဂ်ဖိရသ် ဒိုအာတောင်းခံပေးကြသည်။
၇။ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ရှဖွအသ် ပန်ကြားမှုကို ရရှိသည်။။
၈။ ကိယာမသ်နေ့ရဲ့ ကြောက်မက်ဖွယ် အခြေနေမျာနဲ့ ကြုံရသည်။။
၉။ မိသားစု သားသာမီး မိတ်ဆွေများနဲ့ မုအ်မင်န်များက ကောင်းမှုပြုပြီး စဝါးဗ် ပို့ပေးကြသည်။
၁၀။။ အရှင်မြတ်သခင်သည် မိမိရဟ်မသ်တော်ဖြင့် ခွှင့်လွှတ်တော်မူသည်။။
တင်ပြသူ
#အလ်ဟာဂ်ျမော်လနာဟာဖိဇ်အဗ်ဒွလ်ကာဒိရ်(မဟ်မူဒီ)
myanmar မရ်ကဇ်
အမလ်လုပ်နိုင်ခွင့် ချီးမြှင့်တော်မူပါစေ……အာမီးန်
တမန်တော် မုဟမ္မဒ်(ဆွ)သည် စကြာဝဠာ အလုံးစုံအတွက်
~~~~~~~~~~~~~~~~~~~~~~~~~~~
ပွင့်ပေါ်တော်မူခဲ့ခြင်းနှင့် ကျမ်းတော်မြတ် ကုရ်အားန်သည်လည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~
စကြာဝဠာ အလုံးစုံအတွက် ချပေးတော်မူခြင်း
~~~~~~~~~~~~~~~~~~~~~
•• တမန်တော်မြတ်(ဆွ)သည် လူမျိုးစုတစ်စု တည်းအတွက် ပွင့်ပေါ်တော်မူခဲ့ခြင်း မဟုတ်ပဲ အမိုက်ခေတ် အမှောင်ထုလွှမ်းနေသော ကမ္ဘာလောကကြီးကို လမ်းမှန်ပြသ အလင်းဆောင်ရန်အတွက် စေလွှတ်ခဲ့ခြင်းပင်ဖြစ်သည်။
ကျမ်းတော်မြတ်ကုရ်အားန်၌ •••••
ومآارسلنك الارحمةللعلمين○
စင်စစ်သော်ကား(နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အတွက် ဂရုဏာတော် အဖြစ်နှင့်သာ စေလွှတ်တော်မူခဲ့သည်။
အာယသ်တော်၌ အရှင်မြတ်က အာလမ်အပေါင်း (စကြာဝဠာ)အတွက် (ရဟ်မသ်/ဂရုဏာ)တော် အဖြစ်နှင့် စေလွှတ်တော်မူခဲ့ကြောင်း အတိလင်း မိန့်ဆိုထားသည်ကို တွေ့နိုင်သည်။
အခြားတစ်နေရာ၌ •••••
ومآارسلنك الاكآفة للناس بشيراونذيراولكن اكثرالناس لايعلمون○
(အို နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သော လူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူအဖြစ်၎င်း၊ သတိပေးနှိုးဆော်သူအဖြစ်၎င်း၊ စေလွှတ်တော်မူခဲ့သည်။ သို့ရာတွင် များစွာသော သူတို့သည် မသိ နားမလည်ကြပေ။
ဤအာယသ်တော်တွင်လည်း...... တမန်တော်(ဆွ) အား ဝမ်းမြောက်ဖွယ်သတင်ကောင်းပြောကြားသူ/ သတိပေးနှိုးဆော်သူ ဟု မိန့်ဆိုထားသည့်အပြင် ကောင်းခြင်းမင်္ဂလာနှင့် အတိပြီးနေသော တမန်တော်သည် စကြာဝဠာအလုံးစုံတို့အတွက် စေလွှတ်ခြင်း ခံရသည်မှာ ထင်ရှားလှသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
<<<<<<<< ယင်းတမန်တော်(ဆွ) အား ချပေးတော်မူသော ကုရ်အားန်ကျမ်းတော်မြတ်မှာလည်း အဆုံးအမ သွန်သင် အလင်းပြကျမ်း၊ အမှောင်ခေတ်လူသားတို့အား လမ်းမှန်သို့ရောက်စေရန် လမ်းညွှန်သည့် ကျမ်း ဖြစ်ပြီး လူမျိုးစု တစ်စုတည်းအတွက် မဟုတ်ပဲ စကြာဝဠာ ခပ်သိမ်းတို့ အတွက်ပင်ဖြစ်ပေသည်။
ကျမ်းတော်မြတ်ကုရ်အားန်၌......
ان هوالاذكرللعلمين○
ဤ(ကျမ်းမြတ်ကုရ်အားန်)သည်ကား စကြာဝဠာ ခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ပေသတည်း။
ဤအာယသ်တော်၌လည်း ကျမ်းမြတ်ကုရ်အားန်အား အာလမ်(စကြာဝဠာ)အပေါင်းအတွက် ဖြစ်ကြောင်း မိန့်ဆိုထားသည်ကို မြင်တွေ့နိုင်သည်။
ကျနော်တို့ကို ကုရ်အားန်ကျမ်းမြတ်ကို လေ့လာသင်ယူခွင့် ဆက်လက် ပေးသနားတော်မူပါစေ။
တမန်တော်မြတ်(ဆွ)၏ နောက်လိုက်ပီသစွာ သက်တမ်းမွေးမြူခွင့် ကို ပေးသနားတော်မူပါစေ။
"ဝမားအလိုင်းနာ အိလလ္လ်ဗလားဂွလ် မုဗီးန်"
《AL- MIZARNN》
#ဟစဒ် မနာလိုမှုဖြစ်ခြင်း၏
အကြောင်းနှစ်ရပ်#
ဟစဒ်မည်သော မနာလိုမှုသည် စိတ်နှလုံးသားတွင် အကြောင်းနှစ်ရပ်ကြောင့်သာ ဖြစ်ပေါ်လာ၏။
ပထမအကြောင်းမှာ...
ဒွန္ဒယာလောကရှိ ဥစ္စာစည်းစိမ်းများ၏ အချစ်ကြောင့်သော်လည်းကောင်း (သို့) ဂုဏ် ရာထူး၏ အချစ်ကြောင့်သော်လည်းကောင်းဖြစ်ပေ၏။အဘယ်ကြောင့်ဆိုသော် လူသားသည် အမြဲတစေပင် မိမိ၏အဆင့်အတန်း မြင့်မားနေသည်ကိုပင် လိုလားနေတတ်၏။ ထိုသို့အခါတွင် တစ်ဦးတစ်ယောက်သောသူက မိမိထက်သာသွားလျှင် ယင်းအားဖြုတ်ချပစ်ရန်အတွက် စိတ်ထဲတွင် ပူပင်သောကဝင်လာတော့၏။
ဒုတိယအကြောင်းမှာ...
မနာလိုမရှုစိတ်နှင့် အငြိုးထားမှုပင်ဖြစ်ပေ၏။
ဥပမာဆိုရသော်...
မိမိ၏စိတ်ထဲတွင် တစ်ဦးတစ်ယောက်နှင့်ပတ်သက်၍ မနာလို မရှုစိတ်နှင့် အငြိုးထားမှုဖြစ်ပေါ်လာလျှင် ထိုမရှုစိတ်နှင့် အငြိုးထားမှုကြောင့် ထိုသူ၏ပျော်ရွှင်မှုဖြင့် မိမိ၏စိတ်ထဲတွင် နာကျင်မှုဖြစ်ပေါ်လာပေတော့၏။ သို့ဖြင့် စိတ်ထဲတွင် ဖော်ပြပါကိစ္စနှစ်ရပ်ရှိလာပြီ ဆိုလျှင် ထိုအခါ မုချဟစဒ်မနာလိုဝန်တိုမှုဖြစ်ပေါ်လာမည်သာ။
ဟစဒ်မနာဝန်တိုမှုကင်းဝေးကြပါစေ
ပြန်ဆိုသူ
မော်လဝီ ဂါဇီ ကရီမ်း ဘခ်ရှ် ဦးစိုးလွင် (မဟ်မူဒီ)