အစ္စလာမ်အမိန့်တော်နှင့်ဘုရင်မုဟမ္မဒ်သွဂ်လက်
တစ်ခါက မုဟမ္မဒ်သွဂ်လက်ဆိုတဲ့ ဘုရင်ကြီးဟာ
ဥယာဉ်တစ်ခုမှာ အပန်းဖြေနေစဉ်
လူငယ်ကောင်လေးတစ်ယောက်ဟာ အပြေးအလွှား
ရောက်လာပြီး ဘုရင်ကြီးကို ဝင်တိုက်မိသွားသတဲ့
ဘုရင်မုဟမ္မဒ်သွဂ်လက်ဟာ ရုတ်တရက် ဒေါသထွက်ပြီး
တိုက်မိတဲ့ ကောင်လေးရဲ့ ကျောကုန်းကို တစ်ချက်ထုလိုက်
သတဲ့
ဒါနဲ့ နောက်တစ်နေ့ကို ရောက်တော့ အထုခံရသော
ကောင်လေးဟာ ဘုရင်ကို တရားဆွဲပါလေယော
ကောင်လေးက ငိုယိုပြီး တရားသူကြီးထံကို ရောက်တော့
တရားသူကြီးမင်းဖြစ်သော အလ်ကဒွာဟာ ဘုရင်ကြီးကို
တရားရုံးရှိ့ရာကို ဆင့်ခေါ်တယ်။
ဘုရင်မုဟမ္မဒ်သွဂ်လက်ဟာ တရားရုံးရှိ့ရာကို ရောက်လာ
ခဲ့တယ်။တရားသူကြီးထံမှာ မိမိအမှားသာဖြစ်ကြောင်းနှင့်
ကောင်လေးမှာ သူကိုမတွေ့ပဲ အမှတ်တမဲ့ဝင်တိုက်မိတာ
ဖြစ်ကြောင်း ဝန်ခံခဲ့တယ်။
အဲ့တော့ တရားသူကြီးမင်းအလ်ကဒွာဟာ ဘုရင်ကို
ပြောတယ်။ ဘုရင့်အနေနဲ့ မနက်ဖြန်အထိ အဲ့ကောင်လေး
ကြေနပ်တဲ့အထိ မတောင်းပန်ဘူးဆိုရင် တရားဥပဒေအရ
အပြစ်ပေးခြင်းကို ခံရပါလိမ့်မယ်။
ဒါနဲ့ ဘုရင်ကြီးဟာ အဆိုပါကောင်လေး ကြေနပ်ဖို့တွက်
အဖိုးတန် ရွှေတွေငွေတွေပေးပြီး ပြန်လည်တေင်းပန်
တယ်။ သို့သော် ကောင်လေးဟာ လုံးဝ မကြေနပ်ခဲ့ပေ။
နောက်တစ်နေ့ကိုရောက်တော့ ဘုရင်မုဟမ္မဒ်သွဂ်လက်ဟာ
တရားရုံးကိုရောက်လာတယ်။ပြီးနောက်တရားသူကြီးက
ဘုရင်ကို ကျိန်၂၁ချက်အရိုက်ခံဖို့ ဆုံးဖြတ်ချက်အပေါ်
ဘုရင်ကြီးဟာ လက္ခံကြေနပ်ခဲ့တယ်။
ပြီးနောက်မှာတော့ ဘုရင်ကြီးဟာ အလ္လာဟ်ကိုကျေးဇူး
တင်သောအနေဖြင့် နမားဇ်၂ရကာအသ်ဖက်တယ်။
သူအပြစ်အတွက် အလ္လာဟ်အသျှင်မြတ်ဟာ လောကမှာပဲ
ပြစ်ဒဏ်ခက်စေပြီး တမလွန်အတွက်မယူသွားဘူး
ဒီအတွက်အလ္လာဟ်ကို ကျေးဇူးတင်နေတာဖြစ်တယ်။
အစ္စလာမ်သာသနာရဲ့ဥပဒေအထက်မှာ မည်သူမျှမရှိ့ရ
Credit - မော်လဝီ မုဟမ္မဒ်အစ္စမာအီးလ် ဥက္ကံ