Sunday, August 28, 2016

လွတ်(က)မာန်သခင်က သားတွေကိုဆုံးမတဲ့ စကား


လွတ်(က)မာန်သခင်က သားတွေကိုဆုံးမတဲ့ စကား
တွေထဲက တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးမစကား(၅)ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ် ဗဟုသုတအနေဖြင့် လေ့လာ
ဖတ်ရှုကြည့်ပါ

ချစ်သားးးးး

-ဝမ်းဝနေလျှင် ထပ်မစားနှင့် ဝမ်းဝနေလျက်
  ထပ်စားမည့်အစား ခွေးကိုကျွေးလိုက်တာက
  ပိုကောင်းသည်

-မုသားစကားမပြောဆိုနှင့် မုသားစကားပြော
  ဆိုသူရဲ့မျက်နှာမှ ကျက်သရေရုတ်သိမ်းခြင်း
  ခံရမည်

-သင်သည် ချိုလွန်းသူမဖြစ်နှင့် သင့်ကိုလူတို့
  ကမျိုချလိုက်ကြမည်;ခါးလွန်းသူလည်းမဖြစ်
  နှင့် လူတို့ကသင့်ကို ထွေးပစ်လိုက်ကြမည်

-ဂျနာဇာ အသုဘများကို ဂရုတစိုက်သွားကုန်
  မင်္ဂလာ  ဧည့်ခံပွဲများကို ရှောင်ကြဉ်ကုန်
  ဂျနာဇာအသုဘမှာ နောင်(အာခေရသ်)ကို
  သတိရစေသည်;မင်္ဂလာ  ဧည့်ခံပွဲတို့မှာ
  လောကကို ခင်တွယ်စေသော  ကိစ္စများ
  ဖြစ်သည်

-"အလ္လာဟွမ္မရဗ်ဗစ်(ဂ)ဖီးရ်လီ" ကိုများမြောင်
  စွာဖတ်ပါ;အလ္လာဟ်အရှင်မြတ် သတ်မှတ်
ထားသောအချိန်နှင့်  တိုက်ဆိုင်သွားပါက
  လူသား၏တောင်းဆိုလိုလားချက် ပြည့်ဝ
  မည် ဖြစ်သည်

မော်လဝီမုဟမ္မဒ်သွာဟိရ်(မဟ်မူဒီ)

#SSJW